cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဈေးနှုန်းမြင့်ရောင်းချခြင်းနှင့်အရည်အသွေးမမှန်ဘဲ ရောင်းချမှုများမပြုလုပ်ရန် MRF သတိပေး

. ဈေးကွက်
လက်လီဈေးကွက် မှာ ဈေးနှုန်းအမြင့်နဲ့ ရောင်းတာ တွေ၊ အရောအနှောရောင်းတာ တွေကို စားသုံးသူတွေ တင်ပြ လာတာရှိပါတယ်။သင့်တင့်မျှတ တဲ့ အမြတ်ထက်ပိုတဲ့ ဈေးနှုန်း တွေနဲ့ မရောင်းချတာမျိုး ရှောင် ကြဉ်ကြဖို့ တိုက်တွန်းပါတယ်
  • ဆန်ဈေးကွက် တည်ငြိမ်လာ ပြီဖြစ်ရာ လက်လီဆန် ဈေးကွက် တွင် ဈေးနှုန်းလျှော့ချမရောင်းဘဲ ဈေးနှုန်းမြင့် ရောင်းချခြင်းနှင့် အရည်အသွေးမမှန်ဘဲ ရောင်းချ နေမှုများရှိနေကြောင်း စားသုံး သူများမှ တင်ပြလာမှုများရှိလာ သဖြင့် ညှိနှိုင်းသတ်မှတ်ဈေးထက် ပို၍ ရောင်းချခြင်းမပြုရန် မြန်မာ နိုင်ငံဆန်စပါးအသင်းချုပ်(MRF) မှ အောက်တိုဘာ ၁၆ ရက်က သတိပေးထုတ်ပြန်ထားသည်။

    ``စားသုံးသူတွေက ဆန် အဟောင်းကို နှစ်သက်ကြတဲ့ အတွက် သိုလှောင်ရောင်းချဖို့ လုပ်ဆောင်လေ့ရှိတယ်။ ခုချိန် မှာ ဆန်ဈေးကွက်တည်ငြိမ်နေပြီ ဖြစ်ပေမယ့် လက်လီဈေးကွက် မှာ ဈေးနှုန်းအမြင့်နဲ့ ရောင်းတာ တွေ၊ အရောအနှောရောင်းတာ တွေကို စားသုံးသူတွေ တင်ပြ လာတာရှိပါတယ်။သင့်တင့်မျှတ တဲ့ အမြတ်ထက်ပိုတဲ့ ဈေးနှုန်း တွေနဲ့ မရောင်းချတာမျိုး ရှောင် ကြဉ်ကြဖို့ တိုက်တွန်းပါတယ်´´ဟု မန္တလေးမြို့မှ ဆန်လုပ်ငန်းရှင် များ အသင်းဝင်တစ်ဦးက ပြော သည်။

    လက်ရှိတွင် မိုးစပါးများ ပေါ်ချိန်ဖြစ်ပြီး နိုဝင်ဘာလ အတွက် စပါးနှင့် ဆန်ဈေးနှုန်း များ သတ်မှတ်ထားရာ ဧည့်မထ အုပ်စုဝင် စပါးဈေးမှာ ၁၃သိန်း မှ ၁၅သိန်း၊ ယင်းအုပ်စုမှ ဆန် ဈေးနှုန်းမှာ ၂၅မတ်ဆန် ၅၈၀၀၀ ၆၀၀၀၀ကျပ်၊ ၁၅မတ်ဆန်မှာ ၆၀၀၀၀-၆၂၀၀၀ ကျပ်၊ ၅မတ် ဆန်မှာ ၆၂၀၀၀-၆၄၀၀၀ ကျပ်၊ ဧရာ၀တီပေါ်ဆန်း၊ဧရာမင်း၊ဧရာ ပဒေသာ စပါးအုပ်စုစပါးဈေး ၁၆သိန်းမှ၁၈သိန်း သတ်မှတ် ထားပြီး ယင်းအုပ်စုဆန်များမှာ ၂၅မတ်ဆန် ၆၅၀၀၀-၇၀၀၀၀ ကျပ်၊၁၅မတ်ဆန်ငွေကျပ်၇၀၀၀၀ -၇၅၀၀၀ကျပ်နှင့်၁၀-၅မတ်ဆန် ၇၅၀၀၀-၈၀၀၀၀ကျပ်တို့ ဖြစ် ကြောင်း ထိုဈေးနှုန်းများမှာ၂၀၂၃ ခုနှစ် အောက်တိုဘာ၊နိုဝင်ဘာ မိုးစပါးပေါ်ချိန်အတွက်ဖြစ်ပြီး စိုက်ပျိုးချိန်သွင်းအားစုဈေးနှုန်း များနှင့်ဆက်စပ်တွက်ချက်ထား ကြောင်းသိရသည်။

    ``ခုမှ မိုးစပါးစတင်ပေါ်ချိန် ပဲရှိပါသေးတယ်။ ဆန်ဈေးကွက် အေးနေချိန် ဈေးမြင့်ရောင်းတာ တွေမလုပ်ဘဲ စားသုံးသူတွေကို ငဲ့ညှာသင့်တယ်။MRFကလည်း လစဉ်အလိုက်လည်း ရည်ညွန်း ဈေးတွေ လျာထားထုတ်ပြန်ထား တာတွေ့ရပြီး တစ်လချင်း ဆန် ရောင်းချရမယ့် ဈေးနှုန်းတွေစိစစ် ဖို့ မျှော်လင့်ပါတယ်။တောင်သူ တွေကို အသုံးချပြီး မိမိလက်ထဲ စပါးရောက်လာမှ ဆန်ဈေးတက် အောင် ဖန်တီးတာတွေ မလုပ်ဖို့ လိုပါတယ်´´ ဟု ဆက်လက်ပြော ကြားသည်။

    လက်ရှိဆန်ဈေးကွက်တွင် ရွှေဘိုပေါ်ဆန်းမှာ ငွေကျပ် ၁၀၀၀၀၀-၁၂၀၀၀၀ ဝန်းကျင်၊ ပုသိမ်ပေါ်ဆန်းမှာ ငွေကျပ်၈၀၀၀၀ ဝန်းကျင် ရက်၉၀မှာ ငွေကျပ် ၇၀၀၀၀ဝန်းကျင်၊ ကျားပျံရှယ် ငွေကျပ်၈၀၀၀၀ဝန်းကျင်၊ ရွှေဝါ ထွန်းမှာ ငွေကျပ်၆၅၀၀၀ဝန်းကျင် ပေါက်ဈေးရှိကြောင်း သိရသည်။

    ရွှေမန်း

    မကွေးဂျာနယ်မှကူးယူဖော်ပြပါသည်။

    ----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - https://htwettoe.com/download


  • article
likes16comments0
views279views4470