cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ရိုးပြတ်များကို ထယ်ထိုး၊ ထွန်မွှေ မြေမြှုပ်ထည့်သည့်အကျိုး

. မြေပြုပြင်ခြင်း
ရိုးပြတ်များကို ထယ်ထိုး၊ ထွန်မွှေ မြေမြှုပ်ထည့်သည့်အကျိုး
  • article

  • မြန်မာနိုင်ငံ ဒေသအနှံ့ စပါးစိုက်ပျိုးကြပါသည်။ ကောက်ရိုးများလည်း စပါးရိတ်သိမ်းပြီးလျှင် ရရှိကြပါသည်။ နွားစာကျွေး၊ မျိုးမွေးကြသည်။ အချို့ကလည်း နှစ်ပေါက်ကောက်ရိုးပုံထားပြီး နွားစာသိမ်းကြသည်။ အချို့များ ကောက်ရိုးဖြင့် အိမ်မိုးထားကြသည်။စက်မှုလက်မှုလုပ်ငန်းအချို့က ကောက်ရိုးဖြင့် ဂျပ်ဖာ၊ ဂျပ်ထူကတ်ပြား လုပ်ကြသည်။ စက္ကူလုပ်ငန်း လုပ်ကိုင်နိုင်သော်လည်းအများစုသည် သစ်ပွ၊ သစ်စတို့ဖြင့်သာ ပျော့ဖတ်စက္ကူ ပြုလုပ်ကြသည်။ 

     

    ကောက်ရိုး၏အကျိုးဟူ၍ ဆောင်းပါးတစ်ပုဒ် ရေးသားဖော်ပြခဲ့ဖူးပါသည်။ ကောက်ရိုးကလည်း ရှားပါးနေသည်ဟု ပြောရမလို ဖြစ်နေသည်။ ဝယ်ရလျှင် ဈေးနှုန်းကလည်း မြင့်သည်။ 

    ထို့ကြောင့်လည်း ကျွန်တော်တို့ ပြောပြောနေသည့် ကောက်ရိုးသည် လယ်ယာထဲသို့ မြေဆွေးအဖြစ် ကောက်ရိုးစဉ်းထည့်သည်ထက် ကျွဲ၊ နွားအစာ ကျွေးရသည်နှင့်ပင် မလောက်ငပါဟုလည်း ပြောကြသည်။ သို့သော် အချို့သောနေရာဒေသများစွာတွင်ကောက်ရိုးကို အသုံးမချဘဲ မီးရှို့လိုက်ကြသည်။ ကောက်ရိုးကို မီးမရှို့ဘဲ လယ်ထဲသို့ မြေဆွေးအဖြစ်သုံးလျှင် ဆဲလူးလို့စ်၊ လစ်ကနင်၊ ပြာဓာတ် အများစုရရှိမည်။ ဆာလ်ဖာနှင့် စီလီကာလည်း အနည်းငယ်ရနိုင်သေးသည်။ ထို့ကြောင့် မီးမရှို့သင့်ပါ။ မကြာမီက သတင်းဂျာနယ် သတင်းတစ်ပုဒ်တွင် ရွာနီးချုပ်စပ်မှ ကောက်ရိုးပုံများ မီးရှို့ရာမှ ကျေးရွာမီးဘေးစိတ်မချရကြောင်း တွေ့လိုက် 

    ရသေးသည်။ 

     

     

    ယခုဖော်ပြမည်မှာ ကောက်ရိုးကိုလည်း ကြေပျက်လွယ်ရန် နုပ်နုပ်စဉ်း၍ မြေထဲထည့်နိုင်ကြသကဲ့သို့ စပါးရိတ်သိမ်းပြီး လယ်ထဲကျန်ရစ်ခဲ့သည့် ရိုးပြတ်ငုတ်တိုများကို မြေထဲမြှုပ်၍ မြေဆွေးပြုလုပ်ကြလျှင် မြေဆီလွှာကောင်းစေပါကြောင်း သိစေလို၍ ဖြစ်ပါသည်။ ကောက်ရိုးနှင့် ရိုးပြတ်တွင်ဆဲလူးလို့စ် ၃၄ ရာခိုင်နှုန်း၊ ဟယ်မီဆဲလူးလို့စ် ၂၉ ရာခိုင်နှုန်း၊ လစ်ကနင်ဓာတ်ပေါင်း ၁၁ ရာခိုင်နှုန်း၊ ပြာဓာတ် ၁၉ ရာခိုင်နှုန်းပါရှိသည်ဟု သုတေသနပြုသူများ၏ မှတ်တမ်း၌ ဖော်ပြကြသည်။ယခုအခါ လူအားဖြင့် စပါးရိတ်သိမ်းမှုထက် အများစုက ရိတ်သိမ်းခြွေလှေ့စက်ကြီးများဖြင့် လုပ်ငန်းဆောင်ရွက်နေကြရာရိုးပြတ်ငုတ်တိုများ ကျန်ရစ်ခဲ့ကြသည်။ 

     

     

    အဆိုပါ ရိုးပြတ်ငုတ်များကို အသုံးမချကြဘဲ ပစ်ထားကြသည်။ အချို့က မီးရှို့ကြပြန်သည်။ မကြာမီက တနင်္သာရီတိုင်းဒေသကြီးခရီးစဉ် ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်ထဲတွင်လည် စပါးရိတ်သိမ်းပြီးစ လယ်များ၌ ရေစပ်စပ်နှင့် မြေအစိုဓာတ်ကျန်ရှိချိန်တွင် နွားထယ်ဖြင့်ဖြစ်စေ၊ လက်တွန်းထွန်စက်ငယ်နှင်ြ့ဖစ်စေ၊ ကျန်ရှိသောရိုးပြတ်များကို မြေမြှုပ်၍ အဆွေးခံလျှင် မြေကောင်းပြီး နောက်တစ်သီးစိုက်လျှင် အထွက်ကောင်းနိုင်ကြောင်း ပြောပြခဲ့ရသည်။ စပါးရိတ်အပြီး နှစ်ပတ်အတွင်း မြေအနက် နှစ်လက်မခန့်တွင် ထယ်ထိုး၊ ထွန်မွှေ မြေမြှုပ်ပေးခြင်းဖြင့် မြေကြီးအတွင်းပိုင်း လေဝင်လေထွက်ကောင်းစေသည်။ စပါးပြီး စပါးစိုက်လျှင် 

    လည်း နောက်စပါးအတွက် မြေသြဇာရသည်။ ရှေ့စပါးရိတ်ပြီးချိန်နှင့် နောက်စပါးစိုက်ချိန်ကို ကြားကာလလပ်မြေ တစ်လခန့်ထားပေးလျှင် ပို၍အကျိုးပြုသည်ဟု သုတေသနတွေ့ရှိချက်တွင် မှတ်သားဖူးပါသည်။ 

     

     

    ကောက်ရိုးဆိုလျှင် ဖြတ်စစဉ်း၍ဖြစ်စေ၊ ရိုးပြတ်ငုတ်တိုဆိုလျှင် ထယ်ထိုး မြေမြှုပ်၍ဖြစ်စေ၊ မြေထဲထည့်ပြီး ရေကိုလည်း သွင်းပေးနိုင်လျှင် ကောက်ရိုးစများပေါ်၌ အဏုဇီဝသက်ရှိများ စုဝေးမှုပိုများလာသည်။ ကောက်ရိုးလည်း မြန်မြန်ဆွေးမြည့်သည်။ နောက်တစ်သီးစိုက်ပျိုးလျှင် အပင်အာဟာရဓာတ်အချို့ ဖြည့်ပေးသည်။ မြေသားကောင်းစေသည်။ အပင်ကို အဆိပ်သင့်စေသော မြေထဲမှ အချို့ဓာတ်ငွေ့များ လွင့်ပျောက်စေသည်။ မြေပပ်ကြားအက်မှု သက်သာစေသည်။ မြေအစိုဓာတ်ကို ကြာရှည်ထိန်းထားပေးနိုင်သည်။ ရွှံ့စေးမြေတွင်ကောက်ရိုးထည့်ပေးခြင်းဖြင့် ရေစိမ့်ဝင်မှုသက်သာပြီး ပပ်ကြားအက်ကွဲမှုနည်းသည့်အပြင် ရေဝပ်ချိန်ဖြစ်တတ်သော သံဓာတ်နှင့် အခြားသော သတ္တုဓာတ်များ၏ ဓာတ်တိုးမှုကြောင့် အပင်အဆိပ်သင့်မှုကိုလည်း အန္တရာယ်ကင်းစေပါသည်။ ထို့ကြောင့်ကောက်ရိုးနှင့် ရိုးပြတ်ငုတ်တိုများကို မီးမရှို့ဘဲ တစ်နည်းနည်းဖြင့် လယ်ကွက်အတွင်းပြန်ရောက်အောင် ပြုလုပ် 

    ပေးသင့်ပါသည်။ 

     

    ကိုရဲ(စိုက်ပျိုးရေး) 

    မြန်မာတောင်သူကြီးများ ဂျာနယ် 

    ----

    ဆောင်းပါးသစ်များအတွက် ထွက်တိုးကို Like, follow, share, Download https://htwettoe.com/download လုပ်ထားပါ။

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ်ရှင်


likes18comments0
views153views5542