cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ပေါင်းသတ်ဆေး စနစ်တကျရွေးချယ်သုံးစွဲနည်း

. ပေါင်းမြက်
ယခုအခါမှာတော့ သီးနှံစိုက်ပျိုးရာမှာ ပေါင်းနှုတ်ခ အလုပ်သမား ကုန်ကျစရိတ်လျော့ချဖို့တွက် ပေါင်းသတ်ဆေးများကို တွင်ကျယ်စွာ သုံးပြုလာကြပါတယ်။ ဒါပေမယ့်လည်း တောင်သူဦးကြီးများ အနေဖြင့် ပေါင်းသတ်ဆေးသုံးစွဲရာမှာ စနစ်တကျမသုံးစွဲမိတဲ့အတွက် သီးနှံ ဆုံးရှုံးမှုများ ဖြစ်ပေါ်လာနိုင်ပါတယ်။
  • ယခုအခါမှာတော့ သီးနှံစိုက်ပျိုးရာမှာ ပေါင်းနှုတ်ခ အလုပ်သမား ကုန်ကျစရိတ်လျော့ချဖို့တွက် ပေါင်းသတ်ဆေးများကို တွင်ကျယ်စွာ သုံးပြုလာကြပါတယ်။ ဒါပေမယ့်လည်း တောင်သူဦးကြီးများ အနေဖြင့် ပေါင်းသတ်ဆေးသုံးစွဲရာမှာ စနစ်တကျမသုံးစွဲမိတဲ့အတွက် သီးနှံ ဆုံးရှုံးမှုများ ဖြစ်ပေါ်လာနိုင်ပါတယ်။

    ဒါကြောင့်ပေါင်းသတ်ဆေးကိုသေသေချာချာရွေးချယ်ပြီးထိရောက်စွာနှင့်အန္တရာယ်ကင်းစွာသုံးစွဲနိုင်ရေး အတွက်ပေါင်းသတ်ဆေးနဲ့ပါတ်သက်၍သိသင့်သောအချက်များကို့ တင်ပြပေးသွားပါမယ်။

    ပထမဦးဆုံးနေနဲ့ စိုက်ခင်းထဲမှာ ပေါက်ရောက်လေ့ရှိတဲ့ ပေါင်းတွေကို အမျိုးစား (၃) မျိုးခွဲခြား ထားပါတယ်။

    (၁)မြက်မျိုးရင်းဝင်ပေါင်း၊

    (၂) မြက်မုံညင်းမျိုးရင်းဝင်ပေါင်း နှင့်

    (၃) ရွက်ပြန့်မျိုးရင်းဝင်ပေါင်း တို့ဖြစ်ကြပါတယ်။

    ဈေးကွက်ထဲမှာတော့ တောင်သူဦးကြီးများ လက်ရှိ သုံးစွဲနေသောပေါင်းသတ်ဆေးအမျိုးအစား (၂)မျိုးရှိပါတယ်။

    -ရွေးချယ်အာနိသင်မဲ့ပေါင်းသတ်ဆေး

    -ရွေးချယ်အာနိသင်ရှိပေါင်းသတ်ဆေး တို့ဖြစ်ပါတယ်။

    ရွေးချယ်အာနိသင်မဲ့ပေါင်းသတ်ဆေး ဆိုတာကတော့ ပေါင်းသတ်ဆေး ထိသမျှ အပင်အားလုံးကို သေစေမှာ ဖြစ်ပါတယ်။

    ရွေးချယ်အာနိသင်ရှိပေါင်းသတ်ဆေး ကတော့ စိုက်ပျိုးထားသောသီးနှံကိုတော့ မသေစေဘဲ ပေါင်းပင်များကိုသာရွေးချယ်ပီး သတ်ပေးသွားတာမျိုးဖြစ်ပါတယ်။

    ရွေးချယ်အာနိသင်မဲ့ပေါင်းသတ်ဆေးများဟာ ပေါင်းအားလုံးကိုနှိမ်နင်းနိုင်ကြပေမယ့် ရွေးချယ်အာနိသင်ရှိပေါင်းသတ်ဆေးများကတော့ ပေါင်းအုပ်စု(၁)မျိုး(သို့) (၂)မျိုးဘဲ နှိမ်နင်းနိုင်ကြပါတယ်။

    မြန်မာနိုင်ငံတွင် အသုံးပြုလျက်ရှိသော ပေါင်းသတ်ဆေးများကို အောက်ပါအတိုင်း အမျိုးအစားခွဲခြား အသုံးပြုလျက်ရှိပါသည်။

    ၁။ အပင်မစိုက်မီ အသုံးပြုရသော ပေါင်းသတ်ဆေးများ

    ၂။ ပေါင်းပင်မပေါက်မီ အသုံးပြုရသော ပေါင်းသတ်ဆေးများ

    ၃။ ပေါင်းပင်ပေါက်ပြီးမှ အသုံးပြုရသော ပေါင်းသတ်ဆေးများ

    ၁။ အပင်မစိုက်မီ အသုံးပြုရသော ပေါင်းသတ်ဆေး ဆိုတာကတော့ သီးနှံများမစိုက်ပျိုးမီသေချာစွာပြင်ဆင်ထားသောမြေပေါ်သို့ပက်ဖျန်းရသောဆေးဖြစ်ပါသည်၊ဆေးဖျန်းပြီးထွန်ယက်၍မြေကြီးနှင့်ရောမွှေပေးရသောဆေးဖြစ်ပါတယ်၊စိုက်ပျိုးမြေတွင်အစိုဓါတ်လုံလုံလောက်လောက်ရှိရပါမယ်။ ဥပမာ ဂလိုက်ဖိုဆိတ် ဆိုတဲ့ ပေါင်းသတ်ဆေးကတော့ အသုံးများပါတယ်။

    ၂။ ပေါင်းပင်မပေါက်မီ အသုံးပြုရသော ပေါင်းသတ်ဆေး ဆိုတာကတော့ မြေထဲသို့သီးနှံမျိုးစေ့များမြေချစိုက်ထားပြီးပေါင်းမပေါက်မီပက်ဖျန်းရသောပေါင်းသတ်ဆေးဖြစ်ပါတယ်။အများအားဖြင့်တော့စပါးသီးနှံတိုက်ရိုက်အစေ့ချ(ကြဲခင်း)နှင့်ပျိုးထောင်စိုက်စပါးခင်းများတွင်အသုံးပြုသောပေါင်းသတ်ဆေးမျိုးဖြစ်ပါတယ်။တိုက်ရိုက်အစေ့ချစပါး(ကြဲခင်း)တွင်စပါးအညှောက်ဖေါက်ကြဲပက်ပြီး(၃)ရက်အတွင်းနှင့်ပျိုးထောင်စိုက်စပါးတွင်စိုက်ပြီးပြီးခြင်းပေါင်းမပေါက်မီပက်ဖျန်းခြင်းဖြင့်စပါးကိုရွေးချယ်ပြီးပေါင်းများကိုပေါက်မလာအောင်ကာကွယ်ပေးပါတယ်။

    ၃။ ပေါင်းပင်ပေါက်ပြီးမှ အသုံးပြုရသော ပေါင်းသတ်ဆေးများ ဆိုတာကတော့ သီးနှံနှင့်ပေါင်းပေါက်ပြီးချိန်တွင်ပက်ဖျန်းရသောပေါင်းသတ်ဆေးမျိုးဖြစ်ပါတယ်။

    တောင်သူလယ်သမားများအနေဖြင့် ပေါင်းသတ်ဆေးများ သုံးစွဲရာတွင် ထိရောက်မှုရှိစေရန် အောက်ပါ အချက်များကိုလည်းဂရုစိုက်ဆောင်ရွက်သွားကြရန်လိုအပ်မည်ဖြစ်ပါတယ်။

    • ပထမဦးဆုံး ပေါင်းသတ်ဆေးရွေးချယ်မှုမှန်ကန်ရပါမယ်

    • ဆေးညွှန်းအတိုင်း နှုန်းထားကို စနစ်တကျ သုံးစွဲပေးရပါမယ်

    • ပက်ဖျန်းချိန်မှန်ကန်ရပါမယ် (ပေါင်းပင်နှင့်သီးနှံပင်သက်တမ်း)

    • ဆေးဖျန်းရာတွင် လေတိုက်ရာနှင့် ပြောင်းပြန်အနေအထား မဖျန်းပါနဲ့။ လေတိုက်သောနေ့မိုးရွာသောနေ့တွေမှာ မဖျန်းပါနဲ့၊

    • ဆေးဖျန်းရာတွင်သုံးစွဲသည့်ရေသည်ရေချိုကြည်လင်သောရေဖြစ်ရပါမယ်

    • ပေါင်းသတ်ဆေးတစ်မျိုးတည်းကိုဆက်တိုက်အသုံးပြုခြင်းဖြင့်ဆေးယဉ်ပါးသွားနိုင်သဖြင့် ဆေးအုပ်စုမတူသောပေါင်းသတ်ဆေးများကိုပြောင်းလဲသုံးစွဲပေးရပါမယ်

    • တတ်နိုင်လျှင်ပေါင်းသတ်ဆေးဖျန်းပုံးကိုသီးသန့်ထားပေးရပါမယ်။ ဆေးမဖျန်းမီနဲ့ဖျန်းပြီးချိန်တွင်သေချာစွာဆေးကြောပြီးမှသုံးစွဲရန်လိုအပ်ပါတယ်

    • ပေါင်းသတ်ဆေးပက်ဖျန်းရာတွင်မြေပြင်ဖျန်းဆေးဖြစ်ပါကဆေးဖျန်းခေါင်းနှင့်မြေကြီး(၁)ပေခွာ၍လည်းကောင်း၊ အရွက်ဖျန်းဆေးဖြစ်ပါက အပင်ထိပ်ဖျားနှင့် ဆေးဖျန်းခေါင်း(၁)ပေခွာထား၍လည်းကောင်း ဖျန်းပေးရပါမယ်

    တောင်သူဦးကြီးများ ပေါင်းသတ်ဆေးကို စနစ်တကျ သုံးစွဲခြင်းဖြင့် စိုက်ခင်းရှိ ပေါင်းများကို နှိမ်နင်းနိုင်ပြီး သီးနှံများ ပိုမို အထွက်နှုန်းကောင်းမွန်လာမှာဘဲ ဖြစ်ပါတယ်။

    -----

    ဆောင်းပါးသစ်များအတွက် ထွက်တိုးကို Like, follow, share, Download https://htwettoe.com/download လုပ်ထားပါ။

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ်


  • article
likes14comments0
views151views2253