cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ပို့ကုန်မတ်ပဲစံချိန်တင်ဈေးမြင့်တက်လာသော်လည်း ပဲ၊နှမ်းဈေးကွက် တစ်ခုလုံးဈေးအေးနေ

. သတင်းစုံ
ပို့ကုန်မတ်ပဲစံချိန်တင်ပေါက်ဈေး ဖြစ်လာသော်လည်း ပဲ၊နှမ်းဈေး ကွက် တစ်ခုလုံး ဈေးကျခပ်အေး အေးသာရှိနေ ကြောင်း ပဲ၊နှမ်း ကုန်သည်များ ထံက သိရသည်။
  • အထက်အညာနှမ်းများ၀င်ရောက် မှုများနေနှင့်တရုတ်ဝယ် လက်အဝယ်နည်းနေတာ ကြောင့် နှမ်း ဈေးကွက်ကျ ဆင်း နေခြင်း ဖြစ်သည်။

    အောက်တိုဘာ ၂၄ ရက် နေ့က မတ်ပဲတစ်အိတ် ငွေကျပ် ၂၇၀၀၀၀ကျော်ထိ စံချိန်တင် ပေါက်ဈေးဖြစ်ခဲ့ကြောင်း အထက်အညာဒေသကနှမ်း အသစ် များ ဝင်ရောက်မှုလာ သော်လည်း တရုတ်လိုင်းအဝယ် နည်းနေတာကြောင့် ဈေးကျဆင်း နေကြောင်းဈေးကွက်ကို စောင့်ကြည့်ဝယ်ယူနေတာမျိုး ဖြစ်ကြောင်း၊မြေပဲဆန်ဈေး ကွက်မှာလည်း ဈေးကျဆင်းမှု ရပ်တန့်သွားကြောင်းရွှေစင်သိန်း ပွဲရုံမှဦးကျော်သွင်ကပြောသည်။

    ``ပို့ကုန်မတ်ပဲဈေးကတော့ စံချိန်တင်ပေါက်ဈေးတစ်အိတ် ငွေကျပ် ၂၇၃၀၀၀ဖြစ် လာ ပါ တယ်။နှမ်းဈေးတွေကတော့ အညာနှမ်းနယ်စုံဝင်လာလို့ ဈေးကျဆင်းနေပါတယ်။ မြေပဲဆန်လည်း ဈေးကျနေတာ ကနေရပ်သွားပါတယ်။ တရုတ်လိုင်းအဝယ်မရှိတာရယ်၊ အသစ်ဝင်ရောက်မှုများလာတာရယ် တွေရှိလို့ လက်ရှိမှာ ဈေးကျဆင်း နေပါတယ်။ပဲ၊နှမ်းဈေးကွက် တစ်ခုလုံးသုံးသပ်ရရင်ဈေး ခပ် အေးအေးသာရှိနေပါတယ်´´ ဟု ၎င်း ကပြောသည်။

    အောက်တိုဘာ ၂၆ရက်တွင် သုံးတင်းဝင်မတ်ပဲပိဿာ ၆၀ တစ်အိတ်လျှင် ငွေကျပ်၂၇၃၀၀၀ ပေါက်ဈေးဖြင့် စံချိန်တင်ပေါက် ဈေးဖြစ်လာသော်လည်း ပဲစင်းငုံ ပိဿာ၆၀တစ်အိတ်လျှင် ငွေကျပ် ၃၄၀၀၀၀ ထိ ဈေးကျ ဆင်းသွားသည်။ပဲတီစိမ်း အညာ ၅၆ဒသမ ၂၅ ပိဿာ တစ်အိတ် လျှင်ငွေကျပ် ၁၆၅၀၀၀ ပေါက် ဈေးဖြစ်လာသည်။

     ပြည်တွင်းသုံးကုလားပဲ အုပ်စုမှာ ဈေးမြင့်တက်လာပြီး အောက်တိုဘာ ၁၉ရက်တွင် ကုလားပဲ V2 တစ်အိတ်လျှင် ငွေကျပ် ၂၇၀၀၀၀၊V7 တစ်အိတ် လျှင် ငွေကျပ်၂၈၀၀၀၀၊ ထိုင်ဝမ် ကုလားပဲတစ်အိတ်လျှင် ငွေကျပ် ၂၆၀၀၀၀၊ ၉၂၉ ကုလားပဲ တစ် အိတ်လျှင် ငွေကျပ် ၂၆၄၀၀၀ ပေါက်ဈေးဖြစ်လာသည်။

    ပြည်တွင်းသုံး ပဲမာလိုင်းများ မှာ ပဲကြီးတစ်အိတ်လျှင် ငွေကျပ် ၃၆၀၀၀၀၊ ပဲထောပတ်တစ်အိတ် လျှင် ငွေကျပ် ၄၂၀၀၀၀၊ မြေ ထောက်ပဲတစ်အိတ်လျှင် ငွေကျပ် ၃၅၅၀၀၀၊ ကျွန်းစားတော်ပဲတစ် အိတ်လျှင် ငွေကျပ် ၃၃၀၀၀၀၊ ကနေဒါစားတော်ပဲတစ်အိတ် ငွေကျပ် ၂၁၅၀၀၀၊ မြေပဲအနီလုံး ဆန်(ဝိုင်း)တစ်ပိဿာလျှင် ငွေကျပ် ၆၁၀၀ ပေါက်ဈေးရှိသည်။

    နှမ်းမျိုးစုံဈေးကွက်မှာ ယခင် သီတင်းပတ်ထက် သိသိသာသာ ဈေးမြင့်တက်လာရာ နှမ်းဖြူ (ဂျပန်)၄၅ပိဿာတစ်အိတ်လျှင် ငွေကျပ် ၃၇၀၀၀၀၊ နှမ်းညို(သစ်) တစ်အိတ်လျှင် ငွေကျပ်၂၈၅၀၀၀၊ နှမ်းနက်စမုံတစ်အိတ်လျှင် ငွေကျပ် ၃၂၀၀၀၀ ပေါက်ဈေးရှိကြောင်း သိရသည်။

    ရွှေမန်း

    မကွေးဂျာနယ်မှကူးယူဖော်ပြပါသည်။


  • article
likes5comments1
views145views2220