cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၁၃မြို့နယ်အတွက် တစ်ပတ်စာမိုးလေဝသခန့်မှန်းချက်နှင့် စိုက်ပျိုးရေးအကြံပြုချက်

. ရာသီဥတု သတင်းများ
နိုဝင်ဘာမှာကောမိုးရွာအုံးမလား???...
  • article
  • မြို့နယ် တမြို့စီရဲ့ မိုးရွာရန်ရာခိုင်နှုန်းများကိုဖော်ပြပေးလိုက်ပါတယ်

    ဟင်္သာတမြို့နယ်

    အောက်တိုဘာ ၂၆၊၂၉၊၃၁ ရက်နေ့ = ၈၀%

    အောက်တိုဘာ ၂၈၊နိုဝင်ဘာ၁ရက် = ၇၀%

    အောက်တိုဘာ ၂၇၊ ၃၀ရက် =၄၀%

    ဇလွန်မြို့နယ်

    အောက်တိုဘာ ၂၇၊၂၉၊၃၁ ရက် = ၈၀%

    အောက်တိုဘာ ၂၆၊၃၀ = ၇၀%

    အောက်တိုဘာ ၂၈၊ နိုဝင်ဘာ ၁ ရက် = ၄၀%

    လပွတ္တာမြို့နယ်

    အောက်တိုဘာ ၂၉ ရက် = ၉၀%

    အောက်တိုဘာ ၂၇၊ ၂၈ ရက် = ၈၀%

    အောက်တိုဘာ ၂၆၊ ၃၀၊ ၃၁၊ နိုဝင်ဘာ ၁ရက် = ၇၀%

    ဓနုဖြူမြို့နယ်

    နိုဝင်ဘာ ၁ရက် = ၉၀%

    အောက်တိုဘာ ၂၆ ၊ ၃၁ = ၈၀%

    အောက်တိုဘာ၂၇၊၂၈၊၃၀ = ၆၀%

    အောက်တိုဘာ ၂၉ = ၄၀%

    မအူပင်မြို့နယ် 

    နိုဝင်ဘာ ၁ရက် = ၉၀%

    အောက်တိုဘာ၂၆ ရက်= ၈၀%

    အောက်တိုဘ၂၈၊၂၉၊၃၀၊၃၁ ရက်= ၆၀%

    အောက်တိုဘာ ၂၇ ရက်= ၁၅%

    ညောင်တုန်းမြို့နယ်

    အောက်တိုဘာ ၃၀ရက် = ၉၀ % 

    အောက်တိုဘာ ၂၉၊၃၁ရက် = ၈၀%

    အောက်တိုဘာ ၂၆၊၂၇၊ နိုဝင်ဘာ ၁ ရက် = ၆၀%

    ပန်းတနော် မြို့နယ်

    အောက်တိုဘာ ၂၉ရက် = ၉၀%

    အောက်တိုဘာ ၂၈၊ ၃၁ရက် = ၈၀ %

    အောက်တိုဘာ ၂၆၊၃၀၊ နိုဝင်ဘာ၁ရက် = ၆၀%

    အောက်တိုဘာ ၂၇ရက် = ၄၀%

    မြောင်းမြမြို့နယ်

    နိုဝင်ဘာ ၁ရက် = ၉၉ %

    အောက်တိုဘာ၃၁ရက် = ၉၀%

    အောက်တိုဘာ ၂၆၊၂၈ ရက် = ၈၀ %

    အောက်တိုဘာ ၂၇ရက် = ၄၀ %

    ဝါးခယ်မ မြို့နယ် 

    အောက်တိုဘာ ၁၀၀%

    အောက်တိုဘာ ၂၉ရက် = ၉၀

    အောက်တိုဘာ ၂၆၊ နိုဝင်ဘာ ၁ရက် = ၇၀ %

    အောက်တိုဘာ ၂၈၊၃၀ရက် = ၄၀%

    အောက်တိုဘာ ၂၇ ရက် = ၂၅%

    ကျုံပျော် မြို့နယ်

    အောက်တိုဘာ ၂၇၊၂၈ရက် ၉၀%

    အောက်တိုဘာ၂၉၊၃၀၊ နိုဝင်ဘာ၁ရက် = ၇၀%

    အောက်တိုဘာ ၂၆၊၃၁ရက် = ၄၀%

    ပုသိမ်မြို့နယ်

    အောက်တိုဘာ ၂၇ရက် =၉၉

    အောက်တိုဘာ ၃၀ရက် =၉၀%

    အောက်တိုဘာ၂၈၊၃၀၊၃၁ ရက်= ၈၀%

    အောက်တိုဘ,၂၉၊နိုဝင်ဘာ ၁ရက်= ၄၀%

    ဖျာပုံမြို့နယ်၊ကျိုက်လတ်မြို့နယ် 

    အောက်တိုဘာ ၂၆ရက်နေ့= ၉၀%

    အောက်တိုဘာ ၂၇၊၂၉ ရက် = ၇၀%

    အောက်တိုဘာ ၂၈၊၃၀၊၃၁ ရက် = ၅၀%

    နိုဝင်ဘာ ၁ရက်= ၁၅%

    ဆန်စပါးစိုက်ပျိုးထုတ်လုပ်ရာတွင် ပိုးမွှား၊ရောဂါကင်းစင်၍ အောင်မြင်ဖြစ်ထွန်းရန် အရေးကြီးသကဲ့သို့ အထွက်နှုန်းကောင်းစပါးခင်းများကို စနစ်တကျ ရိတ်သိမ်းခြွေလှေ့နိုင်ရန်လည်း အရေးပါလှပါသည်။ ထို့ကြောင့် အရည်သွေးကောင်းပြီး အလေအလွင့်နည်းပါးသော သန့်စင်သည့်စပါးများရရှိနိုင်ပါရန် စပါး ရိတ်သိမ်းခြွေလှေ့ရာတွင် ဂရုပြုသင့်သည့်အချက်များကို ရေးသားဖော်ပြလိုက်ရပါသည်။

    ရိတ်သိမ်းခြင်း

    ------------

    ▪️ မရိတ်သိမ်းခင် (၁၀-၁၅) ရက်အလိုတွင် ရေဖြတ်ထားပေးရမည်။

    ▪️ စပါးစေ့၏ အရောင်နှင့် အစိုဓါတ်ကို ကြည့်ခြင်းအားဖြင့် ရိတ်သိမ်းချိန်ကို ခန့်မှန်းနိုင်သည်။

    ▪️ အချိန်စောပြီး ရိတ်သိမ်းမည်ဆိုလျှင် မရင့်မှည့်သေးသောစပါးနှံများနှင့် အဆံမအောင်တာတွေ ပါဝင် လာတတ်သောကြောင့် စပါးကြိတ်တဲ့အခါ အလွယ်တူကျိုးပဲ့ ပျက်စီးစေနိုင်သည့်အပြင် မျိုးစေ့အဖြစ် ပြန်လည် အသုံးပြုတဲ့ အခါမှာလည်း “မျိုးစေ့မမှန် ပင်မသန်”ဆိုတဲ့ စကားအတိုင်း မျိုးအောင်နိုင်မှာ မဟုတ်ပါဘူး။

    ▪️ နောက်ကျမှ ရိတ်သိမ်းသောအခါ စပါးနှံများကြွေကျပြီး ငှက်များ၏ရန်ကြောင့် ပျက်စီးခြင်းများ ကြုံကြိုက်နိုင်သဖြင့် ပျက်စီးဆုံးရှုံးမှုပမာဏ ပိုမိုများသွားနိုင်ပါသည်။

    ▪️ ရာသီဥတုဒဏ်ကြောင့်လည်း စပါးအရည်အသွေး ကျဆင်းနိုင်သောကြောင့် အချိန်မှန် ရိတ်သိမ်းခြင်း ကသာ အကောင်းဆုံးဖြစ်ပါသည်။ ထို့အတွက်ကြောင့် စပါးပန်းပွင့်ပြီး (၂၅-၃၀)ရက် ကြာပြီးနောက်မှာ စပါးခင်းအပြည့်နီးပါး စပါးနှံများမှည့်ဝင်းလျှင် ရိတ်သိမ်းဖို့ အကောင်းဆုံးအချိန်ဖြစ်ပါသည်။

    ▪️ မရိတ်သိမ်းမီ အောက်ဘက်နားရောက်နေသော စပါးနှံများအား မာ၊မမာ သွားဖြင့်ကိုက်၍ စမ်းသပ် ကြည့်ပါ။ မာဆတ်ဆတ်ဖြစ်နေပြီဆိုပါက ရိတ်သိမ်းရန်သင့်တော်နေပြီဖြစ်ကြောင်း သိရှိရမှာ ဖြစ်ပါသည်။

    ▪️ စပါးရိတ်သည့်အခါ မြေပြင်အထက် (၄-၅) စင်တီမီတာအထက်လောက်မှ ရိတ်သိမ်းသင့်သည်။ လက်ကျန်ရိုးပြတ်တွေကို တတ်နိုင်သမျှ အတိုဆုံးဖြစ်အောင် ရိတ်ပစ်ရမည်။ ထိုမှသာ နောက်အတွက် မြေပြင်သည့်အခါ ရိုးပြတ်များကို မြေကြီးနှင့်အတူရောမွှေပြီး အလွယ်တကူ ဆွေးမြေ့စေရန် ဖြစ်သည်။

    ▪️ စပါးရိတ်ပြီးသည့်အခါ လက်ကျန်ရိုးပြတ်များအတွင်းသို့ ဆစ်ပိုးကောင်များ ခိုအောင်း နေတတ်ပြီး မျိုးဆက်ပြန့်ပွားနိုင်ပါသည်။ စပါးရိတ်ပြီးသည့်အခါ ရိုးပြတ်မှ အနှံပြန်လည်ထွက်လာသည့်တိုင်အောင် မထားပါနှင့်။ ထိုသို့ထားပါက စိုက်ခင်းထဲတွင် ရောဂါ၊ ပိုးမွှားများ ခိုအောင်းနေတက်ပြီး ရရှိလာသည့် အစေ့အအဆံမှာလည်း အရည်အသွေးမပြည့်မီသောကြောင့်ဖြစ်သည်။

    ▪️ လက်ကျန်ရိုးပြတ်ပင်မှ နောက်ထပ်စပါးနှံဖြစ်အောင် ထားမည်ဆိုပါက ပန်းပွင့်ခြင်း၊ စပါးအစေ့အဆံ တည်ခြင်း၊ ရင့်မှည့်တဲ့ကာလတွေမှာ ဆစ်ပိုးနှင့် နှံစုပ်ဂျပိုးတို့အတွက် ခိုအောင်းနေထိုင်နိုင်ပြီး နောက်ပိုင်း ဆိုးဝါးစွာကျရောက်တဲ့ အခြေအနေကို ကြုံတွေ့နိုင်ပါတယ်။ ထို့ပြင် ရိုးပြတ်မှနောက်ထပ်ရရှိလာသည့် စပါးနှံများသည်အရည်အသွေးညံ့ပြီး စပါးကြိတ်သည့်အခါ အကျိုးအကြေများနိုင်ပါသည်။

    ခြွေလှေ့ခြင်း

    -----------

    ▪️ ရိတ်ပြီးပြီးချင်း စပါးကို ချက်ခြင်းခြွေလှေ့နိုင်လျှင် အကောင်းဆုံးဖြစ်ပါသည်။

    ▪️ ခြွေလှေ့ပြီးသည့်နောက် စပါးကို နေပူသည့်အချိန်၌ အပြင်ဘက်သို့ ထုတ်လှန်းခြင်း (သို့မဟုတ်) အမိုးအကာရှိသည့်အတွင်းဘက်၌ လေသလပ်ခံထား အခြောက်ထားခြင်းကို ပြုလုပ်ပေးရမည်။

    ▪️ ရိတ်ပြီးသား ကောက်လှိုင်း (သို့မဟုတ်) စပါးထုံးများကို မိုးမိ၍ ရေစိုသွားပါက မခြွေလှေ့ခင် အခြောက်ခံရန် လိုအပ်ပါသည်။

    ▪️ နံနက်အစောပိုင်းမှာ စပါးကိုရိတ်သိမ်းပြီး နေ့ခင်းပိုင်းအချိန်တွင်ခြွေလှေ့နိုင်လျှင် အကောင်းဆုံး ဖြစ်ပါသည်။

    ▪️ ခြွေလှေ့သည့်အခါ လွှင့်စင်သွားသည့်စပါးစေ့များကို အလေအလွှင့်မဖြစ်စေရန်အတွက် မိုးကာ (သို့မဟုတ်) ပလတ်စတစ်စ ခင်းထားသင့်သည်။

    ↗ သို့ဖြစ်ပါ၍ တောင်သူဦးကြီးများ စပါးရိတ်သိမ်းခြွေလှေ့ရာတွင် သိထားသင့်သည်များကို ဂရုပြု ဆောင်ရွက်ခြင်းဖြင့် စပါးအလေအလွင့်များ နည်းပါးနိုင်ကြပါစေကြောင်း ထွက်တိုးမှဆုတောင်းပေးလိုက်ပါတယ် ခင်ဗျာ

    ငါးကန်များအတွက်အကြံပြုချက်• 

    ဘတ်တီးရီးယားကြောင့် ဖြစ်ပွားသော အနီစက်ရောဂါဖြစ်ပါသည်။ Hemorrhagic ရောဂါ (အနီစက်ရောဂါ)သည် ရေချိုငါးများတွင် အဖြစ်များပါသည်။ ကြိုတင်ကာကွယ်ခြင်းနှင့် ကုသခြင်းမှာ အောက်ပါအတိုင်း ဆောင်ရွက်ပါ။ 

    • ကန်သန့်ရှင်းအောင် ပြုလုပ်ပါ။ ငါးအသေများကို ကန်အတွင်းမှဖယ်ရှားပါ။ 

    • ကန်ရေ အရည်အသွေးကောင်းမွန်ပြီး ငါးအသေမတွေ့ရှိပါက ကန်ရေ၏ ၃၀ ရာခိုင်နှုန်းကို လှယ်ပေးရမည် ဖြစ်ပါသည်။ 

    • လိုအပ်ပါ ကန်အောက်ခြေရှိ အညစ်အကြေးများကို ဂရုတစိုက်စစ်ဆေးကာ ဆိုက်ဖွန်နည်းဖြင့် ဖယ်ရှားရမည်။ 

    • Oxytetracycline၊ Erythromycin၊ Sulfamethoxazole တို့ကို ငါးအစာ တစ်ကီလိုတွင် ၃-၅ ဂရမ် ရောနှောကာ ကြွေးသည့် စနစ်ကိုလည်း အသုံးပြုနိုင်သည်။ 

    • (သို့မဟုတ်) တစ်ဧက ကန်အတွက် ထုံး (၃၀) ပိဿာကို ကန်အနှံ့ ရေဖျော်ပြီး ပက်ပေးနိုင်ပါသည်။ ရောဂါပြင်းထန်နေပါက တစ်ဧကလျှင် ထုံး (၁၅)ပိဿာ နှင့် ဆား (၁၅)ပိဿာကို ရောပြီး ပက်ပေးပါက ရောဂါ ပျောက်ကင်း နိုင်ပါသည်။


likes7comments0
views384views3506