"တောင်သူဦးကြီးများသတိထားစရာ မွှားပင့်ကူနီ"
မွှားပင့်ကူနီဟာ မြန်မာနိုင်ငံအနှံ့မှာ တွေ့ရှိနိုင်ပြီး သီးနှံမျိုးစုံတွင် ကျရောက်လေ့ရှိပါသည်။မွှားပင့်ကူနီ အရွယ်အစားဟာ အလွန်သေးငယ်တာကြောင့် တောင်သူဦးကြီးများအနေနဲ့ အမှတ်မထင်ရှိတတ်ကြပြီး သီးနှံဖျက်ပိုးဟုပင် ထင်မှတ်ကြမည် မဟုတ်ပေ။ မွှားပင့်ကူနီသည် ပူအိုက်ခြောက်သွေ့သောအခြေအနေကို ကြိုက်နှစ်သက်ပါသည်။ ချည်မျှင်ထုတ်ပြီး အိမ်ဖွဲ့နေလေ့ရှိသောကြောင့် ကျရောက်ပါက နှိမ်နှင်းရန်ခက်ခဲပါသည်။
"ကျရောက်တတ်သည့်သီးနှံများ"
- ပဲမျိုးစုံ၊ ငှက်ပျော၊ အာလူး၊ ဆီထွက်သီးနှံ၊ ပီလောပီနံ၊ ချည်မျှင်ရှည်ဝါ၊ ရှောက်နွယ်ပင်၊ စတော်ဘယ်ရီ၊ ဘူး၊ ဖရုံ၊ သခွား၊ နှင်းဆီ၊ အလှစိုက်ပန်းပင်များ၊ ကော်ဖီ၊ သရက်၊ ပိန္နဲ၊ ငရုပ်ကောင်း၊ မာလကာ၊ ဒူးရင်း၊ ကျွဲကော နှင့် ဟင်းသီးဟင်းရွက်မျိုးစုံ တို့ဖြစ်ကြပါသည်။
"မွှားပင့်ကူနီပုံစံ"
- အကာင်ကြီးသည် ၁လက်မ၏ ၁၀၀ရာခိုင်နှုန်း အရွယ်သာရှိပါသည်။
- အရောင်မှာ လိမ္မော်၊ ပန်းနု၊ အဝါ၊ အစိမ်း၊ အနီ စသည်ဖြင့် တွေ့ရတတ်ပါသည်။
- အကောင်ကြီးတွင် ခြေထောက် (၄)စုံရှိပါသည်။
- အကောင်ငယ်တွင် (၂) စုံ၊ (၃)စုံ ဖြင့် အဆင့်ဆင့်ပြောင်းလာပါသည်။
"မွှားပင့်ကူနီ သက်တမ်း"
- အထီးနှင့်အမ မိတ်လိုက်ပြီး (၃-၄)ရက်အကြာတွင် ပုလဲရောင်ဥများကို အရွက်မျက်နှာပြင်အောက်ဖက်တွင် ဥချပါသည်။
- ဥချပြီး (၅-၆)ရက်အကြာတွင် အကောင်ပေါက်ပါသည်။
- သက်တမ်း (၁၀)ရက်မှ (၃၀)ရက်ထိကြာပါသည်။
- ၁နှစ်အတွင်း (၂၅) ဆက်ထိ ပေါက်နိုင်ပါသည်။
- တစ်ချို့နှစ်များတွင် အမသည် အထီးနှင့်မိတ်မလိုက်ဘဲ ဥ ဥနိုင်ပါသည်။
- ထိုအခါ ဥမှ အကောင်ငယ် ပေါက်ဖွားပြီး (၁-၂) ရက်အတွင်း ခြေ (၂)စုံရှိသော မွှားပင့်ကူလေး ဘ၀သို့ကူးပြောင်းပါသည်။
- နောက် (၂)ရက် ထပ်ကြာပါက ခြေထောက် (၃)စုံရှိသော အကောင်ဘ၀သို့ ကူးပြောင်းပါသည်။
- နောက်ထပ် (၂-၃)ရက် ကြာသည့်အခါ ခြေထောက် (၄) စုံရှိသည့် အကောင်ကြီးဘ၀သို့ ကူးပြောင်းပါသည်။
- အကောင်ကြီးဘ၀တွင် အထီး (၇-၈) ရက်၊ အမ (၈-၁၁)ရက် အသက်ရှင်နိုင်ပါသည်။
" မွှားပင့်ကူနီဖျက်ဆီးခြင်း"
- အကောင်ရေများ သောင်းဂဏန်းထိ ပွားများနိုင်ပြီး အရွက်၏ ပင်ရည်များကို စုပ်စားပါသည်။
- အပင်၏ အညွှန့်၊ အပွင့်ထိပ်ဖူးများတွင် စုပြုံကျရောက်ပြီး အလုံးသဖွယ် ဖြစ်နေတတ်ပါသည်။
- အလယ်ရွက်ကြောမှဘေးရွက်ကြောများဆီသို့ ဖျက်ဆီးပါသည်။
- အရွက်များ ခြောက်သွေ့ပြီး အသီးများကြွေကျသွားစေပါသည်။
- စိုက်ခင်းတစ်ခုမှတစ်ခုသို့ ပျံ့နှံ့ကူးစက်နိုင်သည်။
-မွှားပင့်ကူနီ အတွက်က Formetanate hydrochloride ( ဖော်မယ်တီးနိတ် ဟိုက်ဒရို ကလိုရိုက်)၊ ( Abamectin) အဘာမက်တင်၊ ( Sulphur) ဆာလဖာ ပါတဲ့ဆေးကို ဆေးထုပ်ပါ အညွှန်း အတိုင်း သုံးပေးလို့ ရပါတယ်။ မွှားပင့်ကူနီကျရောက်ခဲ့ရင် ဆာလဖာနှင့် အဘာမက်တင် ရောဖြန်းပေးပါ။ ဆာလဖာ သုံးခြင်းအားဖြင့် ဖားဥမှိုရောဂါ၊ မွှားပင့်ကူနီကို ကြိုတင်ကာကွယ်နိုင်ပါတယ်။ ဒါ့အပြင်အများလိုအာဟာရဖြစ်တာကြောင့် အရွက်များစိမ်းပြီး ပိုးရောဂါခံနိုင်ပါတယ်။ ဆေးဖျန်းရင်တော့ မနက်အစောဖျန်းတာကောင်းပါတယ်
"မွှားပင့်ကူနီ ကာကွယ်ခြင်း"
- စိုက်ခင်းအနီးရှိ ခြုံနွှယ်ပင်များကို ခုတ်ထွင်/မီးရှို့ပါ။
- အမှိုက်များမီးရှို့၍ မီးခိုးမှိုင်းတိုက်ပါ။
- မွှားပင့်ကူနီအတွက် သီးသန့်ထုတ်ထားသော ဆေးများကို အသုံးပြုပါ။
- ကန့်မှုန့်ကို ရေဖျော်၍လည်းကောင်း၊ တမာပိုးသတ်ဆေးကိုလည်းကောင်းအသုံးပြုနိုင်ပါသည်။
- မိုးရာသီတွင် ဆေးကို ဆပ်ပြာမှုန့်အနည်းငယ် (သို့) ကော်ရည်အနည်းငယ်ဖြင့် ရောစပ် ဖျန်းပေးပါက ဆေးတွယ်ကပ်မှုကောင်းပြီး ပို၍ ထိရောက်မှုရှိပါသည်။
* မွှားပင့်ကူနီသည် ချည်မျှင်ဖြင့် အိမ်ဖွဲ့နေတတ်သဖြင့် ဆေးဖျန်းလျှင်လည်း ထိရောက်မှုနည်း၍ မွှားပင့်ကူနီ မကျရောက်မီ (သို့) ချည်မျှင်များ အိမ်မဖွဲ့မီ ကြိုတင်ကာကွယ် နှိမ်နှင်းသင့်ပါသည်။
ကိုးကားချက် . အောင်ဆန်းစိုက်ပျိုးရေး
မြန်မာတောင်သူကြီးများဂျာနယ်
----
ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe
စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - https://htwettoe.com/download