cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဧရာဝတီမြေနုကျွန်းများတွင် ကန်စွန်းဥ ပိုမိုစိုက်ပျိုးလာ

. သတင်းစုံ
ယခင်နှစ်များက မြေပဲဆန် မှာ ဈေးကောင်းရရှိခဲ့သလို ကန် စွန်းဥမှာလည်း ဈေးကောင်းရရှိ တာကြောင့် တောင်သူများ အဆင် ပြေခဲ့ကြသည်။
ယခုနှစ်တွင် မြေပဲဆန်ဈေး မှာ ဈေးကွက်ကျဆင်းနေခြင်း ကြောင့် ဈေးကွက်အလားအလာ ကောင်းနိုင်သည့် ကန်စွန်းဥကို မြေနုကျွန်းစိုက်ပျိုးများတွင် ပိုမို စိုက်ပျိုးလာ
  • ဆောင်းစိုက်သီးနှံအဖြစ် ဧရာဝတီရေကျဆင်းသွားချိန် အောင်တိုဘာလမှစတင်ကာ မြေပြု ပြင်ခြင်းလုပ်ငန်းကိုဆောင်ရွက်ပြီး စိုက်ပျိုးချိန်တွင် ဈေးကွက်အလား အလာကောင်းသည့် သီးနှံကိုရွေး ချယ်စိုက်ပျိုးလေ့ရှိရာ ယခုနှစ်တွင် ကန်စွန်းဥကို ပိုမိုစိုက်ပျိုးထား သည်။

    ဧရာဝတီမြစ်ရေသည် အောက် တိုဘာလဆန်းပိုင်းက စတင်ကျ ဆင်းလေ့ရှိပြီး ရေကျသည်နှင့် စိုက်ပျိုးရန်မြေပြင်များကို ဆောင် ရွက်ထားရှိပြီး မြေပဲ၊ ပဲထောပတ်၊ ဟင်းသီးဟင်းရွက်၊ တိုင်ထောင်ပဲ၊ ပြောင်းချို၊ ငရုတ်၊ ဘူးသီး၊ ချဉ်ပေါင် အစရှိသည် များကို ဈေးကွက်အလားအလာပေါ် မူတည်ပြီး ပိုမိုစိုက်ပျိုးသင့်သည့် သီးနှံကို ရွေးချယ်စိုက်ပျိုးလေ့ရှိ သည်။

    ယခုနှစ် မြေနုကျွန်း စိုက်ပျိုး မြေများပြုပြင်ရာတွင် တစ်ဧက စက်မောင်းခ ငွေကျပ် ၈၀၀၀၀-၈၅၀၀ဝကုန်စရိတ်ရှိပြီး စိုက်ပျိုး သည့် သီးနှံပေါ်မူတည်၍ မြေဆီ သုံးစွဲမှု တစ်အိတ်၊ နှစ်အိတ်သုံးစွဲ ရကြောင်း၊ ကန်စွန်းဥစိုက်ပျိုး စရိတ်မှာ ငွေကျပ် ၇၀၀၀၀၀-၇၅၀၀၀ဝခန့်ကုန်ကျလေ့ရှိပြီး ကုန်ချိန် ပိဿာ ၃၀၀ဝခန့်ထွက် ရှိကာ တစ်ပိဿာငွေကျပ် ၈၀၀ အနည်းဆုံးရရှိတာကြောင့် တစ် ဧကလျှင်ငွေကျပ် ၂၄သိန်းခန့် ပြန်လည်ရရှိတာကြောင့် တောင် သူများ ပိုမိုစိုက်ပျိုးလာခြင်းဖြစ် ကြောင်း သံဘိုကျွန်းရွာမှ ကန်စွန်းဥ စိုက်တောင်သူ ဦးခင်မောင်ရင်က ပြောသည်။

    `` ကန်စွန်းဥက မနှစ်က တစ်ပိဿာ ငွေကျပ် ၈၀၀ အနည်း ဆုံး ရောင်းရတယ်။ဒီနှစ်ကျွန်း ပေါ်မှာ ကန်စွန်းဥကို ပိုစိုက်တာ များတော့ ဈေးကျမှာလည်း စိုးရိမ် ရတယ်´´ ဟု ၎င်းက ပြောသည်။

    ယခင်နှစ်များက မြေပဲဆန် မှာ ဈေးကောင်းရရှိခဲ့သလို ကန် စွန်းဥမှာလည်း ဈေးကောင်းရရှိ တာကြောင့် တောင်သူများ အဆင် ပြေခဲ့ကြသည်။

    ယခုနှစ်တွင် မြေပဲဆန်ဈေး မှာ ဈေးကွက်ကျဆင်းနေခြင်း ကြောင့် ဈေးကွက်အလားအလာ ကောင်းနိုင်သည့် ကန်စွန်းဥကို မြေနုကျွန်းစိုက်ပျိုးများတွင် ပိုမို စိုက်ပျိုးလာခြင်းဖြစ်ကြောင်းသိရ သည်။

    ရွှေမန်း

    မကွေးဂျာနယ်မှကူးယူဖော်ပြပါသည်။

    ----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - https://htwettoe.com/download


  • article
likes5comments0
views100views3326