cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

တောင်သူနဲ့လုပ်ငန်းရှင် အချိုးညီမျှတဲ့ အကျိုးခံစားခွင့်ရဖို့ ကြံ၊ သကြားဥပဒေရေးဆွဲနိုင်ဖို့ စီစဉ်နေ

. သတင်းစုံ
“ကြံဝယ်ဈေးနဲ့ပတ်သက်ပြီး တောင်သူနဲ့ စက်ရုံ အချိုးညီမျှစေဖို့ ရည်မှန်းထားပါတယ်။ ဥပမာ- တောင်သူက ထုတ်ကုန်တန်ဖိုးရဲ့ ၆၀ ရာခိုင်နှုန်း၊ စက်ရုံက ၄၀ ရာခိုင်နှုန်း ဒါမှမဟုတ် တောင်သူက ၇၀ ၊ စက်ရုံက ၃၀ အဲ့လို အချိုးအစားတွေက နိုင်ငံတကာအချိုးအစားတွေပါ။
  • ကြံစိုက်တောင်သူနဲ့ သကြားစက်ရုံတို့အကြား သင့်တင့်မျှတတဲ့ ဈေးနှုန်းနဲ့ အချိုးညီမျှတဲ့ အကျိုးခံစားခွင့်ရှိစေဖို့ ကြံသကြားဥပဒေရေးဆွဲနိုင်ရေးကို စီစဉ်ဆောင်ရွက်နေတယ်လို့ မြန်မာနိုင်ငံသကြားနှင့် ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်းမှ သိရပါတယ်။

    “ကြံဝယ်ဈေးနဲ့ပတ်သက်ပြီး တောင်သူနဲ့ စက်ရုံ အချိုးညီမျှစေဖို့ ရည်မှန်းထားပါတယ်။ ဥပမာ- တောင်သူက ထုတ်ကုန်တန်ဖိုးရဲ့ ၆၀ ရာခိုင်နှုန်း၊ စက်ရုံက ၄၀ ရာခိုင်နှုန်း ဒါမှမဟုတ် တောင်သူက ၇၀ ၊ စက်ရုံက ၃၀ အဲ့လို အချိုးအစားတွေက နိုင်ငံတကာအချိုးအစားတွေပါ။ အဲ့လိုအနေအထား ကျွန်တော်တို့ကမရောက်သေးဘူး။ ဒါတွေဖြစ်လာဖို့ဆိုရင် ကြံသကြားဥပဒေဖြစ်လာဖို့ ဆွေးနွေးမှုတွေ ပွင့်ပွင့်လင်းလင်းညှိနှိုင်းတာတွေ မျှော်မှန်းလုပ်ဆောင်မှာပါ”လို့ သကြားနှင့်ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

    မြန်မာနိုင်ငံမှာ ကြံကို ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းတွေမှာ အဓိကစိုက်ပျိုးနေပြီး တစ်နိုင်ငံလုံးမှာစိုက်ပျိုးမှုရှိကာ ကြံစိုက်ရာဒေသအလိုက် သကြားစက်တွေရဲ့ ကြံဝယ်ယူတဲ့ဈေးက ကွာခြားမှုရှိနေပါတယ်။

    သကြားစက်ရုံတွေအနေနဲ့ ပြီးခဲ့တဲ့ ကြံရာသီမှာ ကြံတစ်တန်ကို ၉၅၀၀၀ ကနေ ၁၀၀၀၀၀ ကျပ် အထိသာ အမြင့်ဆုံးပေးဝယ်ယူခဲ့ပေမယ့် လက်ရှိ ပြည်တွင်းသကြားဈေးမြင့်တက်မှုနဲ့ သွင်းအားစုစရိတ်မြင့်တက်လာတာကြောင့် လာမယ့်ကြံရာသီမှာတော့ ကြံတစ်တန် ၁၂၀၀၀၀ ကျပ်ထိ ဈေးပေးဝယ်ယူတာတွေရှိတယ်လို့ သိရပါတယ်။

    MyanmaPlatfrom မှကူးယူဖော်ပြပါသည်။

    ----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - https://htwettoe.com/download


  • article
likes5comments0
views90views2250