cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဆောင်းသီးနှံစိုက်ခင်းများတွင် ကျရောက်တတ်သော ပိုးမွှား၊ရောဂါများအကြောင်းတစေ့တစောင်း

. ပိုးမွှား
မုန်ညင်း၊ မုန်လာတို့သည် မျိုးရင်းအုပ်စုတစ်ခုဖြစ်သည်။ ဆောင်းရာသီမှာစိုက်ပျိုးမှုများသော သီးနှံ အုပ်စုဖြစ်သည်။ ပန်းမုန်လာ (ပန်းပွင့်) နှင့် မုန်လာထုပ် (ဂေါ်ဖီထုပ်) တို့သည် အပင်နှင့် အပွင့်၊ အထုပ် ပုံသဏ္ဌာန်အရ ပိုးနှင့်ရောဂါလည်းများများကျသည့် သီးနှံဖြစ်သည်။ မှိုရောဂါနှင့် ဘက်တီးရီးယားရောဂါ (အပျော့ပုပ်) ဖြစ်ကြရသည်။ အပျော့ပုပ်ရောဂါမှာမုန့်ညင်းထုပ်နှင့် မုန်လာထုပ် (ဂေါ်ဖီထုပ်) တွင် အများဆုံးတွေ့နိုင်သည်။ ဆောင်းရာသီတွင် မုန်ညင်းရွက်ပြောက်ရောဂါ၊ ထိပ်ပုပ်ရောဂါ ဖြစ်ပွားသည်။ ရိပုပ်ကြသည်။ အမည်းရောင် အမည်းပြောက်မှိုများလည်း တွေ့ရတတ်သည်။
  • article
  • article
  • article
  • article
  • 🔘ဆောင်းရာသီတွင်စိုက်ပျိုးသော ဟင်းသီးဟင်းရွက် နှင့် သီးနှံစိုက်ခင်းများတွင် ကျရောက်တတ်သော အပင်ရောဂါများအကြောင်း ဆွေးနွေးတင်ပြအပ်ပါသည်။ဆောင်းမြေပဲထက် မိုးမြေပဲက ပိုး၊ ရောဂါကျမှု ပို၍များသည်။ ကုလားပဲမှာ ဆောင်းသီးနှံစစ်စစ်ဖြစ်သောကြောင့် အခြားပဲများနှင့်မတူ ရာသီအေးကြိုက် သဖြင့် ဆောင်းပျော်သီးနှံဖြစ်သည်။ ထို့အတူ ဆောင်းရာသီမှာ ပေါပေါများများပို၍တွေ့လာရသော သီးနှံမှာ နှင်းကြိုက်သည့် မုန်လာဥဖြူများ ဖြစ်သည်။ 

    🔘ဟင်းသီးဟင်းရွက်အပင်များကို အုပ်စုခွဲလိုက်လျှင် ဘူး၊ ဖရုံ၊ သခွားတို့မှာ တစ်အုပ်စုဖြစ်၍ မျိုးရင်းတူ အပင်များတွင် ကျရောက်သော အပင်ရောဂါနှင့် ပိုးတို့လည်း တူညီမှုရှိကြသည်။ မိုးအုံ့မှုနှင့် နှင်းထူထူကျမှု၊ နေ့မှာပူ၍ ညမှာအေးသော ရာသီဥတုပြောင်းလဲမှုတွင် ဘူး၊ ဖရုံ ကျိုင်းကောင်ဖျက်ပိုးတို့၏ တစ်ခင်းမှ တစ်ခင်း ပျံသန်းရာက အပင်ရောဂါကူးနိုင်သည်။ မှိုသည် ကြိုက်နှစ်သက်သောရာသီဖြစ်၍ ပျံ့နှံ့နေသည်။လေ၊ ရေ၊ မိုး၊ နှင်းရည်စက်တို့ဖြင့် ကူးစက်နိုင်သည်။ ရွက်ခြောက်ရောဂါနှင့် အများဆုံးကျရောက်သည့် ဖားဥမှိုရောဂါ၊ အပင်ညှိုးရောဂါ မှာ ဘက်တီးရီးယားကြောင့်ဖြစ်သော ပင်ညှိုးရောဂါဖြစ်သော်လည်း ပျံ့နှံ့သယ်ဆောင်သူမှာ ဘူး၊ ဖရုံကျိုင်းကောင်၏ အစာအိမ်အူလမ်းကြောင်းအတွင်း ခိုအောင်းရာမှ ကျိုင်းကောင်ကိုက်သော ဒဏ်ရာမှန်သမျှ ရောဂါကူး၍ ရောဂါကျတော့သည်။  

    🔘မှိုကြောင့်ဖြစ်သော ပင်ညှိုးရောဂါမှာ မြေထဲရှိ မှိုများကြောင့် အဓိကရောဂါဖြစ်ကြရသည်။ ထို့ကြောင့် ပင်ညှိုးရောဂါသည် ရောဂါဖြစ်စေသော သက်ရှိနှစ်မျိုးရှိသည်။မှိုနှင့် ဘက်တီးရီးယားတို့ဖြစ်သည်။ အားလုံးသောရောဂါများသည် အရွက်တွင် လက္ခဏာပြကြသည်။ အစက်အပြောက်၊ အဖြူမှုန့်၊ အရွက်ညှိုး ကုပ်မှုတို့ တွေ့ရမည်။ ဟင်းသီးဟင်းရွက်စိုက်ခင်းများ၏ အောက်ခြေပိုင်း လေဝင်လေထွက်မကောင်းဘဲ ရှုပ်ယှက်ခတ်နေလျှင် ရောဂါဖြစ်နိုင်သည်။ အရွက်ခြောက်များ ရှင်းဖယ်ထုတ်ရသည်။ ပေါင်းမြက်ရှင်းရသည်။ အပင်စိပ်စိပ်မစိုက်သင့်ပါ။  

    🔘မုန်ညင်း၊ မုန်လာတို့သည် မျိုးရင်းအုပ်စုတစ်ခုဖြစ်သည်။ ဆောင်းရာသီမှာစိုက်ပျိုးမှုများသော သီးနှံ အုပ်စုဖြစ်သည်။ ပန်းမုန်လာ (ပန်းပွင့်) နှင့် မုန်လာထုပ် (ဂေါ်ဖီထုပ်) တို့သည် အပင်နှင့် အပွင့်၊ အထုပ် ပုံသဏ္ဌာန်အရ ပိုးနှင့်ရောဂါလည်းများများကျသည့် သီးနှံဖြစ်သည်။ မှိုရောဂါနှင့် ဘက်တီးရီးယားရောဂါ (အပျော့ပုပ်) ဖြစ်ကြရသည်။ အပျော့ပုပ်ရောဂါမှာမုန့်ညင်းထုပ်နှင့် မုန်လာထုပ် (ဂေါ်ဖီထုပ်) တွင် အများဆုံးတွေ့နိုင်သည်။ ဆောင်းရာသီတွင် မုန်ညင်းရွက်ပြောက်ရောဂါ၊ ထိပ်ပုပ်ရောဂါ ဖြစ်ပွားသည်။ ရိပုပ်ကြသည်။ အမည်းရောင် အမည်းပြောက်မှိုများလည်း တွေ့ရတတ်သည်။  

    🔘အမည်းပုပ်သည့်ရောဂါဖြစ်သောဘက်တီးရီးယားသက်ရှိသည် မြေကြီးထဲတွင် နှစ်နှစ်ခန့် အသက်ရှင် နိုင်သည်။ အချို့ဘက်တီးရီးယားတို့သည် မြေကြီးထဲခိုအောင်းမှုမရှိကြဘဲနှင့် မျိုးစေ့မျိုးဥများတွင် ခိုအောင်းကြသည် ( ဥပမာ-အာလူး)။ ငရုတ်၊ ခရမ်းချဉ်၊ အာလူးတို့မှာလည်းမျိုးအုပ်စုတစ်ခုဖြစ်သည်။ အဆိုပါသီးနှံများတွင် မိုးစိုက်ပျိုးမှုက ပို၍ ပိုးရောဂါတွေ့ရတတ်သည်။ ဆောင်းစိုက်တွင် အရွက်များဖားဥမှိုရောဂါကျတတ်၍ ငရုတ်စိုက်ခင်းမှာ ဂရုပြုကြရသည်။ ရောဂါရသည့်မျိုး၊ ရောဂါရှိသည့်မြေကြီး၊ ရောဂါကြိုက်သည့် ရာသီဥတုနှင့်တိုက်ခတ်သည့်လေ၊ စိုက်ခင်းအတွင်းသွင်းလိုက်သည့်ရေ တို့ကရောဂါ ပျံ့နှံ့မှုရှိကြပါသည်။  

    🔘အာလူး တူးဖော်ချိန် ထိခိုက်ဒဏ်ရာမရအောင် ဖော်ကြရသည်။ ဒဏ်ရာရလျှင် ရောဂါဝင်နိုင်သည်။ အာလူးဖော်လျှင် ရင့်မှတူးဖော်ရသည်။ဆောင်းစိုက်ကြက်သွန်နီ စိုက်ခင်းများတွင်ရွက်ခြောက်ရောဂါ သည် မှိုကြောင့်ဖြစ်သော ရောဂါဖြစ်သည်။ ပူးပြင်းခြောက်သွေ့သော နွေရာသီတွင် အဆိုပါမှိုမျိုးသည် ကြာကြာအသက်မရှင်နိုင်ကြပါ။ အေးမြစိုစွတ်ချိန်တွင် နှစ်ကြာရှည် လေးနှစ်ခန့်အသက်ရှင်နိုင်သည်။  

    🔘ကာကွယ်နှိမ်နင်းမှုများသည် ဆောင်းစိုက်သီးနှံများတွင် ပိုးနှင့် ရောဂါကျမှုသက်သာရန် သီးလှည့်စိုက် ပျိုးကြရသည်။ မျိုးသန့်ရမည်။ ရေသွင်းရေထုတ် ဂရုပြုဆောင်ရွက်ကြရသည်။ ပေါင်းမြက်ရှင်းရသည်။ သက်တမ်းကာလ မကြာရှည်သော ဟင်းသီးဟင်းရွက် အပင်များတွင် ပိုးသတ်ဆေး၊မှိုသတ်ဆေးဖျန်းမှု အထူးဂရုပြုပက်ဖျန်းကြပါ။ဓာတုဆေးဓာတ်ကြွင်းအာနိသင် ပြယ်နိုင်သော ရက်ကာလ (၁၄ ရက်ဖြစ်စေ၊ ရက်၂၀ ဖြစ်စေ) ရမှ ဆေးဖျန်းကြပါ။ ခူးဆွတ်ရောင်းချခါနီးတွင် ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ ပေါင်းသတ် ဆေး မဖျန်းကြပါနှင့်။  

    🔘ဘက်စုံပိုးမွှားရောဂါကာကွယ်နှိမ်နင်းရေး နည်းစနစ်များ ဖြစ်ကြသည့်မျိုးသန့်စိုက်ပျိုးမှု၊ ပေါင်းမြက်ရှင်းမှု၊ထွန်ထယ်ဝင်မြေပြုပြင်မှု၊ ပင်ကြွင်းပင်ကျန်ရှင်းဖယ်မှု၊ သီးလှည့်စိုက်မှု၊ ကျရောက်မှုအစောပိုင်းကာလ ရောဂါကျအပင်အစိတ်အပိုင်းများ ဖယ်ရှင်းမှု တို့ကိုလုပဆောင်သင့်ပြီး မိတ်ဆွေပိုးများက ဖျက်ပိုးများ စားသုံးမှုရှိပါသဖြင့် အဖျက်နှင့် မိတ်ဆွေပိုးများ စိုက်ခင်းအတွင်း ရှိနေမှုကို ဆေးမဖျန်းခင်ကြိုတင်သိရှိကြရန်လိုအပ်ပါသည်။  

    ကိုရဲ(စိုက်ပျိုးရေး)  

    မြန်မာတောင်သူကြီးများဂျာနယ်  

    -----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ်  ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


likes11comments0
views183views2805