cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ရာသီအပြောင်းအလဲတွင် ဖြစ်တတ်သော ငါးရောဂါများအကြောင်း

. ငါးမွေးမြူရေးလမ်းညွှန်ချက်များ
ငါးမွေးတောင်သူတို့ သိထားသင့်တဲ့ ငါးရောဂါများအကြောင်း
  • article
  • article

  • မိုးလွန်ကာလနှင့်ဆောင်းရာသီအဝင်၊ ဆောင်းတွင်းကာလများတွင် ငါးကန်များအတွင်းရှိ ငါးများတွင် အနာပဆုပ်ဖြစ်ခြင်းများ ရှိတတ်ပါသည်။ အဆိုပါရောဂါသည် မှိုနှင့်ဘက်တီးရီးယား(၂)မျိုး ပေါင်းစပ်ကူးစက် သောကြောင့် ဖြစ်ပွားသောရောဂါ ဖြစ်ပါသည်။ ငါးများ သေဆုံးသည်အထိ ကူးစက်ဖြစ်ပွားပါသည်။ EUSရောဂါ (Epizootic Ulurative Sydrome) ဖြစ်ပါသည်။ ရှေးဉီးစွာ ဘက်တီးရီးယားကူးစက်၍ ရောဂါဖြစ်ပါသည်။ ဘက် တီးရီယားပိုးမှာ (Aphanaomyces invadens) ဖြစ်ပါသည်။

    အဆိုပါရောဂါသည် ရှေးဉီးစွာ ငါး၏ကိုယ်ခန္ဓာတွင် အနီစက်များဖြစ်ပေါ်ပြီး၊ အနာဖြစ်၍ အတွင်းသား အထိ လှိုက်စားပါသည်။ ဆက်လက်၍ ကိုယ်ခန္ဓာအနှံ့တွင် အနာများ ပြန့်ပွားပါသည်။ အနာဖြစ်သော ငါးများသည် အင်အားချိနဲ့လာပြီး ဟန်ချက်ညီအောင် ရေကူးခတ်နိုင်ခြင်းမရှိပါ။ ငါးများအစာစားနှုန်း ရပ်ဆိုင်းပြီး သေဆုံးမှု လျင်မြန်ပါသည်။

    အထက်ဖော်ပြပါ ငါးများရောဂါကျရောက်ပါက ငါးမွေးကန်တစ်ဧကလျှင် ထုံးပိဿာချိန် ၃၀ (သို့မဟုတ်) ထုံး ၁၅ပိဿာ နှင့် ဆား ၁၅ပိဿာကို ကန်အတွင်းထည့်ပါ။ ထို့နောက် လစဉ် အထက်ပါ အချိုးအစားအတိုင်း၏ တစ်ဝက်ကို ကန်အတွင်း ထည့်ပေးခြင်းဖြင့် ငါးရောဂါကို ကာကွယ်နိုင်ပါသည်။

    နောက်တနည်းအားဖြင့် ရေ၁၀လီတာတွင် ပိုတက်စီယမ်ပါမင်းဂနိတ် ၅ဂရမ် (၀.၃)ကျပ်သား (တစ်ကျပ် သား၏သုံးပုံတစ်ပုံ)ထည့်ပြီး ရောဂါဖြစ်သောငါးကို စိမ်ထားပေးခြင်းဖြင့် ကုသနိုင်ပါသည်။

    အထက်ပါရောဂါမဖြစ်စေရန်အတွက် အောက်ပါအတိုင်းကြိုတင်ကာကွယ်နိုင်ပါသည်-

    သန်းစွမ်မှုမရှိသော၊ ရောဂါရှိသော ငါးများကို စတင်မွေးမြူခြင်းမပြုရန်

    ငါးသားပေါက်များ စတင်သယ်ယူစဉ်က ထိခိုက်နာကျင်မှု မရှိစေရန် သယ်ယူပေးပါ

    ငါးကန်အတွင်းရှိ မြက်ပင်၊ ဒိုက်ပင်နှင့်ဗေဒါပင်များကိုဖယ်ရှားပေးပါ

    ငါးမွေးမြူရာတွင် တစ်ဧကမွေးမြူရမည့်နှုန်းထက် မပိုစေရန် သတိပြုပါ

    ဖြည့်စွက်အစာကို ပုံမှန်ထက် မလွန်ကဲစေရန် သတိပြုပါ

    ကန်အောက်ခြေရှိ အညစ်အကြေးများ အဆွေးအမြေ့များကို စုပုံကျရောက်ခြင်း မရှိစေရန်ဖယ်ရှားပါ

    ငါးကန်အတွင်း ခရု၊ယောက်သွားနှင့် အင်းဆက်ပိုးများ ပေါက်ဖွားခြင်း လွန်ကဲမှုမရှိစေရန် ထိန်သိမ်းပါ

    ရောဂါရှိသောငါးများ၏ကန်တွင် အသုံးပြုသော ငါးဖမ်းပိုက်နှင့် ပစ္စည်းများကို မသုံးပါနှင့် အသုံးပြု မည်ဆိုပါက ခြောက်သွေ့အောင် နေလှန်းပြီးမှ သုံးစွဲရန်တို့ဖြစ်ပါသည်။

    ဦးဆန်းအောင် (ထွက်တိုး)

    ----

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ

    https://htwettoe.com/download

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483

    https://htwettoe.com/organization/4

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


likes5comments0
views106views2807