cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ကြံထွက်ရာသီရောက်ရှိလာတော့မှာဖြစ်လို့ ပြည်တွင်းထုတ် သကြားဈေးကွက် အကျဈေးနဲ့သာတည်ငြိမ်နေ

. သတင်းစုံ
ကြံရာသီအသစ်ကိုစတင်လည်ပတ်ကြတော့မှာမို့ သကြားဈေးဟာဆက်လက် တည်ငြိမ်နေမှာဖြစ်ပြီး ၂၀၂၄ ခုနှစ် ဧပြီ၊ မေ၊ ဇွန်နှင့်ဇူလိုင် လတွေမှာသာဈေးနှုန်းအပြောင်းအလဲအနည်းငယ်ဖြစ်နိုင်လိမ့်မယ်လို့လည်းလုပ်ငန်းရှင်များကခန့်မှန်း
  • မကြာမီကြံထွက်ရာသီချိန် ရောက်ရှိလာတော့မှာဖြစ်တာကြောင့် ပြည်တွင်းထုတ် သကြားဈေးကွက်ဟာအကျဈေးနဲ့သာတည်ငြိမ်နေတယ်လို့ မြန်မာနိုင်ငံသကြားနှင့်ကြံထွက် ပစ္စည်းလုပ်ငန်းရှင်များအသင်းမှ သိရပါတယ်။ 

    စက်ရုံထုတ် သကြားဈေးနှုန်းများဟာကုန်ခဲ့တဲ့ အချိန်နှစ်လခန့်မှ ဈေးနှုန်းများဖြင့် နှိုင်းယှဉ်ပါကမန္တလေးပေါက်ဈေးအရတစ်ပိဿာကိုငွေကျပ် ၃၇၅၀ ကျပ်ရှိခဲ့ရာမှ လက်ရှိအချိန်တွင် ငွေကျပ် ၃၆၅၀ ၌ တည်ငြိမ်လျက်ရှိနေတယ်လို့သိရပါတယ်။

    လက်ရှိပြင်ပလက်လီဈေးနှုန်းပေါက်ဈေးမှာတော့ သကြားတစ်ပိဿာကိုငွေကျပ် ၄,၀၀၀ အထိပေါက်ဈေးရှိနေတယ်လို့လည်းဈေးကွက်အတွင်းမှ သိရပါတယ်။ 

    ပြည်တွင်းသကြားစက်ရုံများအနေဖြင့် သကြားဖြူကိုသာထုတ်လုပ်လျက်ရှိပြီး တစ်နှစ်လျှင် တန်ချိန်ပေါင်း ၅ သိန်းကျော် ထွက်ရှိနေကာပြည်တွင်းအတွက် တန်ချိန် ၄သိန်းဝန်းကျင်စားသုံးရန်လျာထားပြီး ယင်းမှ ပိုလျှံ တဲ့ သကြားတန်ချိန် ၁သိန်းကျော်ကို ဗီယက်နမ် နိုင်ငံသို့ အများဆုံးတင်ပို့ရောင်းချနေကာတရုတ်နိုင်ငံနှင့် အခြားနိုင်ငံအချို့သို့လည်းရောင်းချနေကြောင်းသိရပါတယ်။ 

    ကြံရာသီအသစ်ဟာအခုနိုဝင်ဘာလကုန်ပိုင်းမှာစတင်ရောက်ရှိလာတော့မှာဖြစ်တာကြောင့် စက်ရုံများ မှ ၂၀၂၃-၂၀၂၄ ကြံရာသီအသစ်ကိုစတင်လည်ပတ်ကြတော့မှာမို့ သကြားဈေးဟာဆက်လက် တည်ငြိမ်နေမှာဖြစ်ပြီး ၂၀၂၄ ခုနှစ် ဧပြီ၊ မေ၊ ဇွန်နှင့်ဇူလိုင် လတွေမှာသာဈေးနှုန်းအပြောင်းအလဲအနည်းငယ်ဖြစ်နိုင်လိမ့်မယ်လို့လည်းလုပ်ငန်းရှင်များကခန့်မှန်းထားကြောင်းသိရပါတယ်။ 

    MyanmarFutureNews မှကူးယူဖော်ပြပါသည်။

    ----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - https://htwettoe.com/download


  • article
likes9comments0
views133views2747