cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ငါးမွေးတောင်သူဦးကြီးတို့အတွက် တစ်ပတ်စာ မိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက် (ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး)  

. ရာသီဥတု သတင်းများ
ဘယ်မြို့နယ်တွေ မိုးရွာနိုင်ချေ ရှိပါသလဲ ??
‼️မိုးလွန်ကာလနှင့်ဆောင်းရာသီအဝင်၊ ဆောင်းတွင်းကာလများတွင် ငါးကန်များအတွင်းရှိ ငါးများတွင် အနာပဆုပ်ဖြစ်ခြင်းများ ရှိတတ်ပါသည်။ အဆိုပါရောဂါသည် မှိုနှင့်ဘက်တီးရီးယား(၂)မျိုး ပေါင်းစပ်ကူးစက် သောကြောင့် ဖြစ်ပွားသောရောဂါ ဖြစ်ပါသည်။ ငါးများ သေဆုံးသည်အထိ ကူးစက်ဖြစ်ပွားပါသည်။ ‼️
  • ပဲခူးတိုင်းဒေသကြီး 

    ၁။လက်ပံတန်းမြို့နယ်  

    ယနေ့နှင့် နိုဝင်ဘာ ၇၊ ၉၊ ၁၂ ရက်တို့မှာ မိုးရွာရန် ၆၀ ရာခိုင်နှုန်းကျော် ရှိပါသဖြင့် တိမ်အနည်းငယ်ရှိနိုင်ပါတယ်။နိုဝင်ဘာ ၈၊ ၁၁ ရက်တို့မှာ ၄၀ ရာခိုင်နှုန်း၊ ၁၀ ရက်နေ့မှာ ၄ ရာခိုင်နှုန်းသာ ရှိသဖြင့် နေပြင်းနိုင်ပါတယ်။

    ၂။မိုးညိုမြို့နယ်  

    ယနေ့ မိုးရွာရန် ၆၅ ရာခိုင်နှုန်းနှင့် နိုဝင်ဘာ ၇၊ ၈၊ ၁၂ ရက်တို့မှာ ၄၀ ရာခိုင်နှုန်းကျော် ရှိပါတယ်။ နိုဝင်ဘာ ၉၊ ၁၀၊ ၁၁ ရက်တို့မှာ ၅ ရာခိုင်နှုန်းဝန်းကျင်သာ ရှိသဖြင့် နေပြင်းနိုင်ပါတယ်။  

    ၃။သာယာဝတီမြို့နယ်  

    ယနေ့နှင့် နိုဝင်ဘာ ၇၊ ၉၊ ၁၂ ရက်တို့မှာ မိုးရွာရန် ၆၀ ရာခိုင်နှုန်းကျော် ရှိပါသဖြင့် တိမ်အနည်းငယ်ရှိနိုင်ပါတယ်။

    နိုဝင်ဘာ ၈၊ ၁၁ ရက်တို့မှာ ၄၀ ရာခိုင်နှုန်း၊ ၁၀ ရက်နေ့မှာ ၄ ရာခိုင်နှုန်းသာ ရှိသဖြင့် နေပြင်းနိုင်ပါတယ်။

     

    ရန်ကုန်တိုင်းဒေသကြီး  

    ၁။တွံတေးမြို့နယ်  

    ယနေ့နှင့် နိုဝင်ဘာ ၁၁ ရက်နေ့မှာ မိုးရွာရန် ၇၀ ရာခိုင်နှုန်း၊ ၁၀ ရက်နေ့မှာ ၆၀ ရာခိုင်နှုန်း ရှိသဖြင့် တိမ်ထူနိုင်ပါတယ်။ နိုဝင်ဘာ ၇၊ ၈၊ ၁၂ ရက်တို့မှာ မိုးရာရန် ၄၀ ရာခိုင်နှုန်း၊ ၉ ရက်နေ့မှာ ၂၅ ရာခိုင်နှုန်း ရှိသဖြင့် နေပြင်းနိုင်ပါတယ်။

    ၂။သန်လျင်မြို့နယ်  

    ယနေ့ မိုးရွာရန် ၈၀ ရာခိုင်နှုန်းရှိသဖြင့် မိုးရွာနိုင်ပါတယ်။ မနက်ဖြန်မှာ ၇၀ ရာခိုင်နှုန်း၊ ၉ ရက်နေ့မှာ ၆၀ ရာခိုင်နှုန်း ရှိသဖြင့် တိမ်ထူနိုင်ပါတယ်။ ၈၊ ၁၀ ၊ ၁၂ ရက်တို့မှာ ၄၀ ရာခိုင်နှုန်း၊ ၁၁ ရက်နေ့မှာ ၂ ရာခိုင်နှုန်းသာ ရှိသဖြင့် နေပြင်းနိုင်ပါတယ်။ 

    ၃။ကျောက်တန်းမြို့နယ်  

    ယနေ့ မိုးရွာရန် ၄၀ ရာခိုင်နှုန်း ရှိပြီး နိုဝင်ဘာ ၇၊ ၉၊ ၁၀၊ ၁၁ ရက်တို့မှာ မိုးရာရန် ၂၅ ရာခိုင်နှုန်းအောက်တွင်သာ ရှိသဖြင့် နေပြင်းနိုင်ပါတယ်။ ၈ ရက်နေ့မှာ ၇၈ ရာခိုင်နှုန်း၊ ၁၂ ရက်နေ့မှာ ၇၁ ရာခိုင်နှုန်း ရှိသဖြင့် တိမ်ထူနိုင်ပါတယ်။

     

    ငါးကန်များအတွက်အကြံပြုချက်

     ရာသီအပြောင်းအလဲတွင်ဖြစ်တတ်သော ငါးရောဂါများအကြောင်း ‼️

    ‼️မိုးလွန်ကာလနှင့်ဆောင်းရာသီအဝင်၊ ဆောင်းတွင်းကာလများတွင် ငါးကန်များအတွင်းရှိ ငါးများတွင် အနာပဆုပ်ဖြစ်ခြင်းများ ရှိတတ်ပါသည်။ အဆိုပါရောဂါသည် မှိုနှင့်ဘက်တီးရီးယား(၂)မျိုး ပေါင်းစပ်ကူးစက် သောကြောင့် ဖြစ်ပွားသောရောဂါ ဖြစ်ပါသည်။ ငါးများ သေဆုံးသည်အထိ ကူးစက်ဖြစ်ပွားပါသည်။ ‼️

    အထက်ပါရောဂါမဖြစ်စေရန်အတွက် အောက်ပါအတိုင်းကြိုတင်ကာကွယ်နိုင်ပါသည်-

    သန်းစွမ်မှုမရှိသော၊ ရောဂါရှိသော ငါးများကို စတင်မွေးမြူခြင်းမပြုရန်၊

    ငါးသားပေါက်များ စတင်သယ်ယူစဉ်က ထိခိုက်နာကျင်မှု မရှိစေရန် သယ်ယူပေးပါ၊

    ငါးကန်အတွင်းရှိ မြက်ပင်၊ ဒိုက်ပင်နှင့်ဗေဒါပင်များကိုဖယ်ရှားပေးပါ၊

    ငါးမွေးမြူရာတွင် တစ်ဧကမွေးမြူရမည့်နှုန်းထက် မပိုစေရန် သတိပြုပါ၊

    ဖြည့်စွက်အစာကို ပုံမှန်ထက် မလွန်ကဲစေရန် သတိပြုပါ၊

    ကန်အောက်ခြေရှိ အညစ်အကြေးများ အဆွေးအမြေ့များကို စုပုံကျရောက်ခြင်း မရှိစေရန်ဖယ်ရှားပါ၊

    ငါးကန်အတွင်း ခရု၊ယောက်သွားနှင့် အင်းဆက်ပိုးများ ပေါက်ဖွားခြင်း လွန်ကဲမှုမရှိစေရန် ထိန်သိမ်းပါ၊

    ရောဂါရှိသောငါးများ၏ကန်တွင် အသုံးပြုသော ငါးဖမ်းပိုက်နှင့် ပစ္စည်းများကို မသုံးပါနှင့် အသုံးပြု မည်ဆိုပါက ခြောက်သွေ့အောင် နေလှန်းပြီးမှ သုံးစွဲရန်တို့ဖြစ်ပါသည်။

     

    Weather Source: CIAT 


  • article
likes13comments0
views321views2604