cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မဏိပူနယ်ကို ရောင်းချနိုင်ခြင်းမရှိသဖြင့် ​မျောက်ငိုသီး စျေးကွက်ပျောက်နိုင်

. သတင်းစုံ
၂၀၂၀ ကိုဗစ်ဖြစ်တော့ နယ်စပ်ဂိတ်တွေပိတ်တော့ ကိုယ့်လူတွေက ခိုးရောင်းရတော့သူတို့စျေးနှိမ်တော့ စျေးမရဘူး၊အရင်ကအတောင့်၁၀၀ ကို ရူပီးငွေ ၈၀၀ကနေ ၁၀၀၀ရတယ်၊အခု မနှစ်ကဆို အတောင့် ၁၀၀ ကိုရူပီးငွေ ၂၀၀၊၃၀၀လောက်ပဲရှိတယ်၊ခုနှစ်ကတော့ပိုဆိုးတာပေါ့
  • မျောက်ငိုသီးကို အိန္ဒိယနိုင်ငံ မဏိပူပြည်နယ် ဘက်သို့တင်ပို့ရောင်းချနိုင်ခြင်းမရှိသဖြင့် ယခုနှစ် မျောက်ငိုသီးစျေးကွက်ပျောက်နိုင်ပြီး အဆိုးဆုံးအခြေအနေဖြစ်နေကြောင်း တမူးနယ်စပ်ကုန်သည်များထံမှသိရသည်။

    မျောက်ငိုသီးကို မဏိပူပြည်နယ်တွင်နေထိုင်ကြသော ကသည်းလူမျိုးများကသာအဓိကဝယ်ယူစားသုံးကြခြင်းဖြစ်ရာ လက်ရှိတွင် နယ်စပ်ဂိတ်ပိတ်ထားခြင်းနှင့်မဏိပူပြည်နယ်တွင် လူမျိုးရေးအထိကရုဏ်းဖြစ်စဥ်ကြောင့် ကသည်းလူမျိုးများမရှိတော့သည့်အတွက် ပြည်တွင်းထွက်မျောက်ငိုသီး စျေးကွက်ပျောက်ကာဒေသခံများ ဒုက္ခရောက်နိုင်ဟုသိရသည်။

    "မဏိပူပြည်နယ်(ကသည်းပြည်နယ်ကြီး)တစ်ခုလုံးမျောက်ငိုသီးစားကြတာ၊အခုကျကသည်းတွေက မလာဘူး၊အရင်က နယ်စပ်ထိအောင်လာဝယ်ကြတယ်၊ချင်းတွေကလည်းကသည်းပြည်နယ်ထဲအထိပို့တယ်၊ခုတော့ ကသည်းတွေကလည်းလာမှာမဟုတ်ဘူး၊ချင်းတွေကလည်းသွားရောင်းလို့မရဘူး၊ဒီတော့ မျောက်ငိုသီးက စျေးကွက်ရှိမှာမဟုတ်ဘူး၊မျောက်ငိုသီးစားသုံးတာ ကသည်းပြည်နယ်ကြီးတစ်ခုလုံးသုံးတာကိုး" ဟုတမူးနယ်စပ်ကုန်သည်တစ်ဦးမှပြောပြသည်။

    ​မြန်မာနိုင်ငံတွင် ကိုဗစ် မဖြစ်ပွားမှီ ၂၀၂၀ ခုနှစ်အစောပိုင်းက မျောက်ငိုသီးအတောင့် ၁၀၀ ကိုအိန္ဒိယ ရူပီငွေ ၈၀၀ မှ ၁၀၀၀ ကြားရရှိခဲ့သော်လည်း ကိုဗစ်ကြောင့်နယ်စပ်ဂိတ်များပိတ်လိုက်ပြီးနောက် စျေးများထိုးကျသွားခဲ့ကာ ယခင်နှစ်က မျောက်ငိုသီးအတောင့် ၁၀၀ ကို ရူပီးငွေ ၃၀၀ အမြင့်ဆုံး အထိသာရရှိခဲ့ကြဟုသိရသည်။

    လက်ရှိနှစ် မျောက်ငိုသီး ရာသီတွင်မူ အဆိုးဆုံးအခြေအနေသို့ရောက်ရှိကာစျေးကွက်ပင်ပျောက်မည်အနေအထားဖြစ်နေသည်။

    "၂၀၂၀ ရှေ့ပိုင်းလောက်တုန်းကတော့ ဝမ်းဂိတ်တို့တူးဂိတ်တို့ ၊နန့်ဖာလုံစျေးတို့ဖွင့်တော့မြန်မာတွေကစျေးကွက်တင်ရောင်းတယ်၊ကသည်းတွေကတမူးထိအောင်လာဝယ်ကြတယ်၊၂၀၂၀ ကိုဗစ်ဖြစ်တော့ နယ်စပ်ဂိတ်တွေပိတ်တော့ ကိုယ့်လူတွေက ခိုးရောင်းရတော့သူတို့စျေးနှိမ်တော့ စျေးမရဘူး၊အရင်ကအတောင့်၁၀၀ ကို ရူပီးငွေ ၈၀၀ကနေ ၁၀၀၀ရတယ်၊အခု မနှစ်ကဆို အတောင့် ၁၀၀ ကိုရူပီးငွေ ၂၀၀၊၃၀၀လောက်ပဲရှိတယ်၊ခုနှစ်ကတော့ပိုဆိုးတာပေါ၊ဟိုဘက်ကကသည်းကလည်းနယ်စပ်ထိအောင်လာမရတော့ စျေးကွက်ကပျောက်နိုင်တာပေါ့။"ဟုကလေးဒေသခံ ကိုဇော်မျိုး မှပြောသည်။

    မျောက်ငိုသီးသည် ချင်ပြည်နယ် နှင့် စစ်ကိုင်းတိုင်း အတွင်းရှိ တမူး မြို့နှင့်ကလေးမြိူ့တို့မှသာအဓိကစိုက်ပျိုးထွက်ရှိခြင်းဖြစ်ပြီး ကသည်းလူမျိုးများအပေါ်မူတည်၍အဓိကရောင်းချရခြင်းဖြစ်သောကြောင့်

    လက်ရှိကာလသည့် စျေးကွက်ပင်မရှိဖြစ်နိင်ဟု ကုန်သည်များကသုံးသပ်ကြခြင်းဖြစ်သည်။

    ချင်းပြည်နယ်မှ မျောက်ငိုသီးများသည် ယခုနိုဝင်ဘာလ အတွင်း ထွက်ရှိမည်ဖြစ်ပြီးတမူးနှင့်ကလေးမြို့ မျောက်ငိုသီးက ၁၂ လပိုင်းတွင်ထွက်ရှိမည်ဖြစ်ကြောင်းသိရသည်။

    မျောက်ငိုသီးကို ပြည်တွင်းစားသုံးမှု အနေဖြင့် အနည်းငယ်သာရှိကြောင်း ၊ပြည်တွင်း၌မျောက်ငိုသီးကိုကို အစေ့ထုတ်ပြီး ဆားရည်စိမ် ရောင်းချတာရှိသလိုအသင့်စားပုံစံလည်းရှိကြောင်း ၊ အစေ့ချောက်ဟူ၍လည်း ရောင်းချမှုရှိဟုသိရသည်။

    ချစ်ခွန်းချို (AMIA)

    -----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးစျေးကွက်သုံးသပ်ချက်သတင်းနှင့် နေ့စဥ်သီးနှံစျေးနှုန်းများကို အချိန်မှီ သိရှိနိုင်ရန် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - https://htwettoe.com/download


  • article
likes4comments0
views86views1641