cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဘေးအန္တရာယ်ကင်းစွာစားသုံးဖို့ သဘာဝဆေးသုံးကာ စိုက်ကြစို့

. အိမ်တွင်းဥယျာဉ်
သီးနှံဖျက်ပိုးများကိုနှိမ်နှင်းရန်အတွက် အဆိပ်ရှိပစ္စည်းများနှင့် ဖန်တီးပြုလုပ်ထားသော ဓါတုပိုးသတ်ဆေးများသုံးစွဲနေမှုကို လျော့ချနိုင်ရန်သဘာဝမှရရှိသောအရင်းအမြစ်များ(သို့)မိမိပတ်ဝန်းကျင်တွင်အလွယ်တ ကူရရှိနိုင်သောကုန်ကြမ်းများကိုအသုံးချပြုလုပ်သုံးစွဲသည့်ပိုးသတ်ဆေး(သို့)ပိုးနှင်ဆေးများကိုသဘာဝပိုးသတ်ဆေး”(Natural Pesticide”)ဟုခေါ်သည်။မိမိတို့ကိုယ်တိုင် အလွယ်တကူပြုလုပ်သုံးစွဲနိုင်သော သဘာဝပိုးသတ်ဆေး(သို့) ပိုးနှင်ဆေးများ ပြုလုပ်အသုံးပြုပုံများကို တောင်သူများ သိရှိနားလည်ဆောင်ရွက်နိုင်စေရန် တင်ပြအပ်ပါသည်။ 
  • article
  • အီးအမ်-၅ ( သဘာဝပိုးနှင်ဆေး) 

    အီးအမ်-၅သည်သီးနှံပင်များကိုအင်းဆက်ပိုးမွှားအန္တရာယ်မှကာကွယ်ရန် အသုံးပြုသည့်သဘာဝပိုးနှင်ဆေးတစ်မျိုးဖြစ်ပါသည်။ပိုးမွှားများကိုသေစေနိုင်သောပိုးသတ်ဆေးမဟုတ်ပဲ မိမိ၏သီးနှံပင်များကို ပိုးမွှားများကျရောက်မှုအန္တာရယ်မှ ကာကွယ်ရန်အတွက် ကြိုတင်အသုံးပြုသော ပိုးသတ်ဆေးဖြစ်ပါသည်။ပိုးမွှားများအစားစားချင်စိတ်မဖြစ်ရန် ဖန်တီးပေးနိုင်သောကြောင့်ပိုးမွှားအရေအတွက်ကို လျော့နည်းသွားစေပါသည်။ 

    အီးအမ်-၅ ပြုလုပ်ရန်အတွက် လိုအပ်သောပစ္စည်းများ 

    ၁။ အီးအမ်အပြင်း = 100 cc (စားပွဲတင်ဇွန်း ၁၀ဇွန်း) 

    ၂။ တင်လဲရည် = ၁၀၀ cc ( စားပွဲတင်ဇွန်း ၁၀ဇွန်း) 

    ၃။ ရှာလကာရည် = ၁၀၀ cc ( စားပွဲတင်ဇွန်း ၁၀ဇွန်း) 

    ၄။ အရက်အပြင်း = ၁၀၀ cc ( စားပွဲတင်ဇွန်း ၁၀ဇွန်း) 

    ၅။ ရေ = ၆၀၀ cc ( ရေသန့်ဗူးထုံးတိုက်) 

    ပြုလုပ်ပုံပြုလုပ်နည်း 

    ပထမဉီးစွာရေအနည်းငယ်ကို ရေသန့်ဗူးထဲသို့ထည့်ရပါမည်။ထို့နောက် အရက်အပြင်း စားပွဲတင်ဇွန်း(၁၀)ဇွန်းထည့်ရပါမည်။ရှာလကာရည်(၁၀)ဇွန်းကိုထပ်မံထည့်ရပါမည်။အဏုဇီဝပိုးမွှားများ သေကြေပျက်စီးမှုမရှိစေရန်အတွက် ၎င်းတို့၏အစာဖြစ်သော တင်လဲရည်(၁၀)ဇွန်းကို အီးအမ်အပြင်းမထည့်ပြီး သမအောင်မွှေပေးရမည်။ ထို့နောက်မှ အီးအမ်အပြင်း(၁၀)ဇွန်းကို ထည့်ရမည်။နောက်ဆုံးတွင် ရေကိုရေသန့်ဗူးပုခုံးတိုက်ထိ ထည့်ပေးရပါမည်။ရရှိလာသောဆေးရည်ကိုအေး၍ခြောက်သွေ့ပြီးမှောင်နေသောနေရာတွင်သိုလှောင်ထားရပါမည်။(၁၀‒၁၅)ရက်ခန့်ကြာတွင်စတင်အသုံးပြုနိုင်ပါသည်။အီအမ်‒၅ကိုပြုလုပ်ပြီး(၃)လခန့်အထိသိမ်းဆည်းသိုလှောင်ထားပြီးသုံးစွဲနိုင်ပါသည်။ 

    အသုံးပြုပုံ/အသုံးပြုနည်း 

    အပင်ပေါက်စုံလင်ပြီးအင်းဆက်ပိုးမွှားများမကျရောက်မီအချိန်မှစတင်၍ ပတ်ဖျန်းပေးရပါမည်။ပိုးမွှားများကျရောက်မှုမရှိပါက တစ်ပတ်လျှင်တစ်ကြိမ်ခန့်ပုံမှန်ပတ်ဖျန်းခြင်းဖြင့် ကြိုတင်ကာကွယ်နိုင်ပြီးပိုးမွှားကျရောက်မှုတွေ့ရှိိချိန်တွင်နေ့စဉ်ပတ်ဖျန်းပေးသင့်ပါသည်။အပင်ငယ်များအတွက် ရေ(၂)ဂါလံတွင် စားပွဲတင်ဇွန်း(၁)ဇွန်း၊(၁၁၀၀)နှုန်းရောစပ်ပြီး အပင်ကြီးများအတွက်ရေ(၁)ဂါလံတွင်(၁)ဇွန်း(၁၅၀၀)နှုန်းရောစပ်၍ပတ်ဖျန်းနိုင်ပါသည်။မနက်ပိုင်းနှင့်ညနေပိုင်းများတွင်ပတ်ဖျန်းသင့်ပြီးမိုးသည်းထန်စွာရွာသွန်းပြီးပါကထပ်မံပတ်ဖျန်းပေးရန်လိုအပ်ပါသည်။ 

    အကျိုးကျေးဇူးများ 

    အီအမ်-၅သည် ပိုးသတ်ဆေးမဟုတ်သည့်အတွတ် လူနှင့်ပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိနိုင်ပါ။တောင်သူလယ်သမားများအနေဖြင့် မိမိကိုယ်တိုင်ပြုလုပ်သုံးစွဲနိုင်သောကြောင့်ကုန်ကျစရိတ်သက်သာနိုင်ပါသည်။မိမိတို့စိုက်ခင်းတွင် အင်းဆက်ပိုးမွှားများကျရောက်မှု အန္တရာယ်မှကာကွယ်ပေးနိုင်သည့်အပြင် အကျိုးပြုအဏုဇီဝပိုးများပွားများလာစေရန်အတွက်လည်း အထောက်အကူပြုပေးနိုင်မည်။သီးနှံပင်ရေငတ်ဒဏ်ကို အတန်အသင့်ခံနိုင်ရည်ရှိစေပြီး ကြီးထွားမှုကိုလည်းအားပေးပါသည်။သီးနှံရိတ်သိမ်းပြီးအကွက်အတွင်းရိုးပြတ်များကိုပတ်ဖျန်းပေးခြင်းဖြင့်ပိုးမွှားများ၏သံသရာစက်ကွင်းကိုတားဆီးနှောက်ယှက်နိုင်ပါသည်။ 


  • article
  • Botanical Plant Foltar 

    ပင်လုံးပြန့် သဘာဝပိုးသတ်ဆေးရည် 

    ကြက်သွန်ဖြူ၊ ဂျင်း ၊ ငရုတ်သီးတို့ကိုအသုံးပြုထားသောပိုးသတ်ဆေးရည်သည်ပင်လုံးပြန့်အာနိသင်ရှိသောသဘာဝပိုးသတ်ဆေးရည်တစ်မျိုးဖြစ်ပါသည်။အဆိပ်ရှိပစ္စည်းပါဝင်ခြင်းမရှိသော်လည်းသီးနှံပင်ဖျက်ပိုးများကိုကာကွယ်နှိမ်နင်းနိုင်သောသဘာဝပိုးသတ် ဆေးဖြစ်ပါသည်။ 

    လိုအပ်သောပစ္စည်းများ 

    ၁။ ကြက်သွန်ဖြူ - (၃) ကျပ်သား 

    ၂။ ဂျင်း - (၁.၅) ကျပ်သား 

    ၃။ ငရုတ်သီး - (၁.၅) ကျပ်သား 

    ၄။ ရေနံဆီ - (၁.၂) ကျပ်သား 

    ၅။ ရွှေဝါဆပ်ပြာ - အနည်းငယ်  

    ၆။ ရေ - (၃) လီတာ 

    ပြုလုပ်ပုံပြုလုပ်နည်း 

    ပထမဦးစွာကြက်သွန်ဖြူကို ထောင်းပြီးရေနံဆီထည့်ထားသောရေသန့်ဗူးထဲသို့ ထည့်စိမ်ရပါမည်။၎င်းရေဗူးထဲသို့ ရေ(၁)လီတာ(ရေဗူးပုခုံးတိုက်ထိ)ရောစပ်၍ တစ်ညသိပ်ထားရပါမည်။ဂျင်းနှင့်ငရုတ်သီးကိုထောင်းပြီးရေ(၁)လီတာနှင့် ရောစပ်၍တစ်ညသိပ်ထားရပါမည်။ကျန်ရှိသော ရေတစ်ဗူးတွင်ရွှေဝါဆပ်ပြာကိုရေ (၁)လီတာနှင့် ရောစပ်ထည့်ထားရပါမည်။ နောက်ရက်တွင်ရရှိလာသော (ရေနံဆီနှင့်ကြက်သွန်ဖြူဂျင်းနှင့်ငရုတ်သီးဗူး၊ရွှေဝါဆပ်ပြာဗူး)ဗူး(၃)ဗူးကိုရောစပ် ၍ရေစစ်နှင့်စစ်ပြီးပတ်ဖျန်းအသုံးပြုနိုင်ပါသည်။(မှတ်ချက်ရေနံဆီမှာပင်လုံးပြန့်အာနိသင်ရရှိရန်၊ရွှေဝါဆပ်ပြာမှာရေနှင့်ရေနံဆီရောစပ်သွားစေရန်)  

    အသုံးပြုပုံ/အသုံးပြုနည်း 

    ဆေးရည်တစ်ဇွန်းကိုရေ(၁)ဂါလံ-(၁၅၀၀)နှုန်းနှင့်ရောစပ်အသုံးပြုသင့်ပါသည်။ မနက်ပိုင်းနှင့် ညနေပိုင်းတို့တွင် ပတ်ဖျန်းသင့်ပါသည်။  

    အကျိုးကျေးဇူးများ 

    အဆိပ်ရှိစေသောဓါတုပစ္စည်းများပါဝင်ခြင်းမရှိသည့်အတွက်လူနှင့်ပတ်ဝန်းကျင်ကိုထိခိုက်မှုမရှိနိုင်ပါ။မိမိအိမ်တွင်ရှိနေသောကုန်းကြမ်းပစ္စည်းများအသုံးပြုရ သဖြင့်အချိန်ကုန်ငွေကုန်သက်သာနိုင်ပါသည်။ပင်လုံးပြန့်အာနိသင်ရှိသောသဘာဝပိုးသတ်ဆေးဖြစ်သောကြောင့်သီးနှံပင်တွင်ကျရောက်သောပိုးမွှားများကိုထိရောက်စွာနှိမ်နှင်းနိုင်မည်ဖြစ်ပါသည်။ 



  • article
  • Bordeaux Mixture (Fungicide) 

    ဒုတ္တာဆေးရည် (မှိုသတ်ဆေး) 

    ဘော်ဒိုးဆေးရည်သည်ဒုတ္ထာနှင့်ထုံးကိုရောစပ်ပြီးမှိုရောဂါများကိုကာကွယ်နှိမ်နှင်းသောသဘာဝမှိုသတ်ဆေးရည်တစ်မျိုးဖြစ်ပါသည်။ဘတ်တီးရီးယားနှင့်မှိုရောဂါအများစုကိုကာကွယ်နှိမ်နှင်းနိုင်ပါသည်။ 

    လိုအပ်သောပစ္စည်းများ 

    ၁။မဖောက်ထုံး - (၅) ကျပ်သား 

    ၂။ဒုတ္ထာ - (၅) ကျပ်သား 

    ၃။ရေ - (၂) ဂါလံ 

    (မှတ်ချက်-ဆေးရည်ဖျော်သောခွက်များနှင့်မွှေသည့်တုတ်များမှာသံထည်ပစ္စည်းများမသုံးရပါ။ 

    ပြုလုပ်ပုံပြုလုပ်နည်း 

    ခွက်တစ်ခုအတွင်းတွင်မဖောက်ထုံးနှင့်ရေ(၁)ဂါလံထည့်၍သမအောင်တုတ်ဖြင့်မွှေရပါမည်။အခြားခွက်တစ်ခုတွင်ဒုတ္ထာနှင့်ရေ(၁)ဂါလံကိုထည့်၍သမအောင်မွှေရပါမည်။ထို့နောက်တွင်အခြားခွက်တစ်ခုထဲသို့မဖောက်ထုံးဖျော်ရည်နှင့်ဒုတ္ထာဖျော်ရည်တို့ကိုရောစပ်ပြီးသမအောင်မွှေရပါမည်။ရရှိလာသောဆေးရည်ကို (၂၄)နာရီအတွင်းအသုံးပြုနိုင်ပါသည်။  

    အသုံးပြုပုံအသုံးပြုနည်း 

    ရရှိလာသောဘော်ဒိုးဆေးရည်သည်(၂)ဂါလံဆေးပုံးအတွက်အသုံးပြုနိုင်ပါသည်။မိုးရွာနေစဉ်၊အလွန်ပူပြင်းခြောက်သွေ့နေချိန်နှင့်အပင်ရေငတ်၍အားနည်းညှိုးနွမ်းနေချိန်မပတ်ဖျန်းသင့်ပါ။ဖျော်စပ်ပြီး(၂၄)နာရီအ တွင်းမသုံးဖြစ်သေးပါကသကြားအနည်းငယ်ထည့်ထားရပါမည်။  

    အကျိုးကျေးဇူးများ 

    တောင်သူများအနေဖြင့်ကိုယ်တိုင်ပြုလုပ်သုံးစွဲနိုင်ခြင်းကြောင့်ကုန်ကျစရိတ်သက်သာနိုင်ပါသည်။အဆိပ်ရှိသောပစ္စည်းများပါဝင်မှုမရှိခြင်းကြောင့်လူနှင့်ပတ် ဝန်းကျင်ကိုထိခိုက်မှုနည်းပါသည်။သီးနှံပင်များတွင်ကျရောက်တက်သောဘတ်တီးရီးယားနှင့်မှိုရောဂါ များကိုနှိမ်နင်းနိုင်ပါသည်။ 

    နိဂုံး 

    ယနေ့ခေတ်ကာလ၌ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်ရန် ဆောင်ရွက်သကဲ့သို့ ပတ်ဝန်းကျင်ထိခိုက်မှုနှင့် လူတို့၏ကျန်းမာရေသည်လည်း အထူးဂရုပြုရန်လိုအပ်လာပြီဖြစ်ပါသည်။ ဓာတုပိုးသတ်ဆေးများသုံးစွဲမှုကို လျော့ချပြီးသဘာဝပိုးသတ်ဆေး/ပိုးနှင့်ဆေးများကို ပြုလုပ်သုံးစွဲခြင်းသည် တောင်သူများ အတွက်ကုန်ကျစရိတ်ကို လျော့ချနိုင်ရုံသာမက ပတ်ဝန်းကျင်ထိခိုက်မှုကိုလည်း တစ်ဖတ်တစ်လမ်းမှ ကာကွယ်ပေးနိုင်ခြင်းဖြစ်ပါသည်။ရေရှည်တည်တံ့သောစိုက်ပျိုးရေစနစ်ကိုဖော်ဆောင်ရာတွင် သဘာပိုးသတ်ဆေး/ပိုးနှင်ဆေးများကို ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်သုံးစွဲရန် လိုအပ်နေပြီဖြစ်ပါကြောင်း အကြံပြုတင်ပြအပ်ပါသည်။ 

    https://www.doa.gov.mm/fes/index.php?route=cms/article&article_id=95 


  • article
likes17comments2
views214views2921