cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ခရမ်းချဥ်ရွက်လိပ်ရခြင်း အကြောင်းများ

. ပိုးမွှား
ခရမ်းချဥ်ရွက်လိပ်ရတာ ဘာကြောင့်လည်း
  • ၁။ ရေရရှိမှုပုံစံ မမှန်ကန်ခြင်း  

    သီးနှံပင်များ အထူးသဖြင့် အသီးထုတ်လုပ်သော အပင်များ ရှင်သန်ကြီးထွားရန်အတွက် ရေလုံလောက်စွာ ရရှိရန် လိုအပ်သော်လည်း ရေသွင်းမှုပုံစံ မမှန်ကန်ပါက အပင်တွင် ပုံမှန်မဟုတ်သော လက္ခဏာများ ဖြစ်ပေါ်တတ်ပါသည်။ ရေဝပ်လွန်းခြင်းနှင့် ရေငတ်လွန်းခြင်း အခြေအနေ နှစ်မျိုးလုံးကြောင့် အရွက်လိပ်ခြင်း ဖြစ်ပေါ်နိုင်ပါသည်။ ရေငတ်လွန်းခြင်းကြောင့် အပင်တွင်း လုပ်ဆောင်ချက်များအား ပုံမမှန် ဖြစ်စေနိုင်ပြီး အရွက်များအား လိပ်စေနိုင်ပါသည်။ အလားတူစွာပင် ရေဝပ်လွန်းခြင်းကြောင့် သီးနှံပင်၏ အမြစ်များအား ထိခိုက်စေနိုင်ပြီး အရွက်များအား အတွင်းဖက်သို့ လိပ်စေနိုင်ပါသည်။ စိုက်ခင်းမြေသည် အစိုဓာတ် လုံလောက်စွာ မရရှိသည့်အခါ သီးနှံပင်အား တောင့်တင်းခိုင်မာစေရန် ရေဓာတ်အား အပင်တွင်းသို့ ပျံ့နှံ့စွာ မပို့ဆောင်နိုင်သည့်အတွက် အရွက်လိပ်ခြင်းကို ဖြစ်ပေါ်စေနိုင်ပါသည်။ ထိုကဲ့သို့ အရွက်များလိပ်ခြင်းကို ဖြစ်ပေါ်စေမှသာ သီးနှံပင်မှ အပူချိန်မြင့်မားခြင်းကြောင့် ရေငွေ့ပျံ ဆုံးရှုံးမှု မရှိစေရန် အလိုအလျောက် ကာကွယ်ထားခြင်းဖြစ်သည်။ 

    ၂။ အပူချိန် လွန်ကဲခြင်း 

    အပူချိန်မြင့်မားခြင်းကြောင့် အပင်မှ အငွေ့ပျံဆုံးရှုံးမှု ပိုမိုများပြားလာသည့်အတွက်ကြောင့် ရေဓာတ်ဆုံးရှုံးမှုကို ကာကွယ်နိုင်ရန်အတွက် ခရမ်းချဉ်အရွက်များ အတွင်းဖက်သို့ လိပ်ခြင်းကို ဖြစ်ပေါ်စေနိုင်သည်။ 

    ၃။ နိုက်ထရိုဂျင် မြေဩဇာ လွန်ကဲစွာ သုံးစွဲခြင်း 

    စိုက်ခင်းထဲသို့ ပုလဲဓာတ် လွန်ကဲစွာ ထည့်ပါကလည်း အရွက်လိပ်ခြင်း ပြသနာကို ဖြစ်ပေါ်စေနိုင်ပါသည်။ ပုလဲဓာတ် များပြားခြင်းကြောင့် အပင်ကြီးထွားမှုနှင့် အရွက်များပြားမှုကို အားပေးသည်။ သို့ရာတွင် အသီးသီးချိန်တွင် အရွက်များပေါ်တွင် ပုံမှန်မဟုတ်သည့် ပိုမိုစိမ်းခြင်း၊ အရွက်သားထူခြင်းနှင့် အရွက်လိပ်ခြင်းများ ဖြစ်ပေါ်တတ်ပါသည်။ 

    ၄။ ကိုင်းဖြတ်မှုလွန်ကဲခြင်း 

    အပင်အား လိုအပ်သည်ထက် ကိုင်းဖြတ်တောက်မှု များပြားပါကလည်း အရွက်လိပ်ခြင်း ပြသနာကို ဖြစ်ပေါ်စေနိုင်ပါသည်။ ကိုင်းအတက်အလက်များ အလွန်နဲသွားသည့်အခါ နေရောင်ကျရောက်မှုကို ပိုမိုရရှိနိုင်သည့်အတွက် အပူချိန်လွန်ကဲကာ အရွက်လိပ်ခြင်းကို ဖြစ်ပေါ်စေနိုင်ပါသည်။ 

    ၅။ စိုက်ခင်းသို့ ပြောင်းရွှေ့စိုက်ချိန်တွင် အရွက်လိပ်ခြင်း 

    ခရမ်းချဉ်မြစ်များသည် အလွန်သေးငယ်ပြီး နူးညံ့သည့်အတွက်ကြောင့် စိုက်ခင်းသို့ ပြောင်းရွှေ့စိုက်ချိန်တွင် အထူးသတိပြုရန် လိုအပ်ပါသည်။ အမြစ်တွင် ထိခိုက်မိပါက အပင်ညှိုးခြင်း၊ အရွက်လိပ်ခြင်း၊ အရွက်ဝါခြင်း စသည့်လက္ခဏာများကို ဖြစ်စေနိုင်ပါသည်။ 

    ၆။ ပေါင်းသတ်ဆေး ထိတွေ့ခြင်းကြောင့် အရွက်လိပ်ခြင်း 

    ခရမ်းချဉ်ပင်သည် ပေါင်းသတ်ဆေးကို တူးဖိုးဒီ ကဲ့သို့သော ရွက်ပြန့်ပေါင်းသတ်ဆေး ထိတွေ့မှုဒဏ်အား အလွန်အမင်း ခံနိုင်ရည်မဲ့ပြီး ထိတွေ့ခံရပါက အရွက်လိပ်ခြင်းကို ဖြစ်စေနိုင်သည်။ အထက်တွင် ဖော်ပြထားသည့် အတွင်းဖက်သို့ အရွက်လိပ်သည့် လက္ခဏာများနှင့် နှိုင်းယှဉ်ပါက ကွာခြားမှုရှိနိုင်ပါသည်။ ပေါင်းသတ်ဆေး ထိမိပါက အရွက်များ အောက်ဖက်သို့ လိပ်ခြင်း၊ ပင်စည်ပတ်လည်တွင် လိမ်ကောက်ခြင်း စသည်တို့ ဖြစ်ပေါ်နိုင်ပီး အညွန့်များတွင် သိသာထင်ရှားစွာ တွေ့မြင်နိုင်ပါသည်။ ပေါင်းသတ်ဆေး ဆေးနှုန်းထား မြင့်မားစွာ ဖျန်းမိပါက ကုသရန် နည်းလမ်းမရှိနိုင်ပါ။ 

    ၇။ ဗိုင်းရပ်စ် ရောဂါကြောင့် အရွက်လိပ်ခြင်း 

    ခရမ်းချဉ် အဝါရောင် အရွက်လိပ် ဗိုင်းရပ်စ်ရောဂါကြောင့် အရွက်များလိပ်ခြင်း၊ စိမ်းဖျော့ရောင်အဖြစ်သို့ ပြောင်းလဲခြင်းနှင့် အစွန်းဖက်များတွင် အဝါရောင် ဖြစ်ခြင်းတို့ကို ဖြစ်ပေါ်စေနိုင်ပါသည်။ အတွင်းဖက်သို့ အရွက်လိပ်ခြင်းထက် ဗိုင်းရပ်စ်ရောဂါ ဝင်ရောက်ပါက အပေါ်ဖက်သို့ ခွက်ပုံစံ အရွက်လိပ်ခြင်း၊ 

    အစက်အပြောက်များ ဖြစ်ပေါ်ခြင်း၊ ခရမ်းချဉ်သီး အတွင်းဖက်တွင် အညိုရောင်များဖြစ်ပေါ်ခြင်း စသည့်အချက်များကို ဖြစ်ပေါ်စေနိုင်ပါသည်။ အဓိကဗိုင်းရပ်စ်ရောဂါ သယ်ဆောင်သည့် ဖျက်ပိုးကောင်မှာ ယင်ဖြူဖြစ်ပြီး တခြားအပင်များသို့ ပင်ရည်စုပ်စားခြင်းမှ တစ်ဆင့် ကူးစက်ပျံ့နှံ့နိုင်ပါသည်။ 

    ကာကွယ်နှိမ်နှင်းနည်း 

    အရွက်လိပ်ခြင်း မဖြစ်ပေါ်စေရန် ကာကွယ်ခြင်းနည်းလမ်းကို ကြိုတင်လုပ်ဆောင်ပေးရန် လိုအပ်ပါသည်။ ယင်ဖြူပိုးအား ကြိုတင်ကာကွယ်နှိမ်နှင်းခြင်း၊ စိုက်ခင်းအစိုဓာတ်အား ပုံမှန်ထိန်းပေးခြင်း၊ အာဟာရဓာတ် ညီမျှစွာ ထည့်သွင်းခြင်းကို သီးနှံကြီးထွားမှု သက်တမ်းအလိုက် အချိန်ကိုက် လုပ်ဆောင်ပေးရန် လိုအပ်ပါသည်။ ပုလဲဓာတ်၊ ပိုတက်စီယမ်ဓာတ်၊ ဖော့စဖရပ်စ် ဓာတ်များကို အချိုးညီမျှစွာ ထည့်သွင်းပေးရန် လိုအပ်ပါသည်။ အပင်ပိုင်းအဆင့်ပြီးနောက် အသီးအပွင့် ဝင်စပြုချိန်တွင် ဖော့စဖရပ်ဓာတ်နှင့် ပိုတက်ဆီယမ်ဓာတ်ကို အဓိက ထည့်သွင်းပေးရပါမည်။ ပင်မကိုင်းနှင့် ဘေးကိုင်းကြားရှိ သားတက်များကို သင့်တင့်စွာ ဖဲ့ပေးခြင်းအားဖြင့် အပင်ကြီးထွားမှုနှင့် လေဝင်လေထွက် ကောင်းစေနိုင်ပါသည်။  

    ဗဟုသုတစဉ်ဆက်မပြတ်စေဖို့ ထွက်တိုးသုံးကြစို့ 

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 


  • article
  • article
likes12comments0
views167views2510