cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၁၃မြို့နယ်အတွက် တစ်ပတ်စာမိုးလေဝသခန့်မှန်းချက်နှင့် စိုက်ပျိုးရေးအကြံပြုချက် ( နိုဝင်ဘဘာလ ၉ရက်နေ့မှ ၁၅ရက်နေ့အထိ)

. ရာသီဥတု သတင်းများ
ဆောင်းရာသီ သီးနှံအတွက်ပြင်ဆင်ကြမယ်🌾✅✅
လယ်သမား အများစု လက်ရှိကြုံတွေ့နေရသော မတ်ပဲ သေဆုံးခြင်း ပြဿနာအား ဖြေရှင်းရန်အတွက် ဘယ်မျိုးက အပင်မသေဘူး ဆိုတဲ့ကိစ္စပါ။
  • article
  • ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၁၃မြို့နယ်အတွက် တစ်ပတ်စာမိုးလေဝသခန့်မှန်းချက်နှင့် စိုက်ပျိုးရေးအကြံပြုချက် ( နိုဝင်ဘဘာလ ၉ရက်နေ့မှ ၁၅ရက်နေ့အထိ) 


    ဟင်္သာတမြို့နယ်၊ဇလွန်မြို့နယ် 

    နိုဝင်ဘာ ၁၂၊၁၃ ၊၁၄ရက်နေ့ = ၄၀% 

    နိုဝင်ဘာ ၁၁၊၁၅ရက်နေ့ = ၁၀% 

    နိုဝင်ဘာ ၉၊၁၀ရက်နေ့ = ၂% 

    လပွတ္တာမြို့နယ် 

    နိုဝင်ဘာ ၁၄ရက် = ၇၀% 

    နိုဝင်ဘာ ၁၁၊၁၂၊၁၃၊၁၅ ရက် = ၄၀% 

    နိုဝင်ဘာ ၉၊ ၁၀ရက် = ၄% 

    ဓနုဖြူမြို့နယ် 

    နိုဝင်ဘာ ၁၆ရက် = ၉၀% 

    နိုဝင်ဘာ၁၂၊၁၄ရက်နေ့ = ၄၀% 

    နိုဝင်ဘာ ၁၁၊၁၅ရက်နေ့ = ၂၅% 

    နိုဝင်ဘာ ၉၊၁၀ရက်နေ့ = ၄၀% 

    မအူပင်မြို့နယ်  

    နိုဝင်ဘာ ၁၁၊၁၃၊၁၄ရက် = ၈၀% 

    နိုဝင်ဘာ ၁၂၊၁၅ ရက်= ၄၀% 

    နိုဝင်ဘာ ၉၊၁၀ ရက်= ၅% 

    ညောင်တုန်းမြို့နယ်၊ပန်းတနော် မြို့နယ် 

    နိုဝင်ဘာ ၁၃ရက် = ၇၀ %  

    နိုဝင်ဘာ၁၂၊၁၄ရက် = ၄၀% 

    နိုဝင်ဘာ ၁၁၊၁၅ရက် = ၂၅% 

    နိုဝင်ဘာ ၉၊၁၀ ရက် = ၂% 

    မြောင်းမြမြို့နယ် 

    နိုဝင်ဘာ ၁၃၊၁၄ရက် = ၇၀ % 

    နိုဝင်ဘာ၁၁၊၁၂၊၁၅ရက် = ၅၀% 

    နိုဝင်ဘာ ၉၊၁၀ရက် = ၈၀ % 

    ဝါးခယ်မ မြို့နယ်  

    နိုဝင်ဘာ ၁၁ = ၈၀% 

    အောက်တိုဘာ ၁၃၊၁၄၊၁၅ရက် = ၇၀% 

    နိုဝင်ဘာ = ၄% 

    ကျုံပျော် မြို့နယ် 

    နိုဝင်ဘာ ၁၂ရက် = ၆၅% 

    နိုဝင်ဘာ၁၃၊ ၁၄၊၁၅ရက် = ၇၀% 

    နိုဝင်ဘာ ၉၊ ၁၀၊ ၁၁ရက် = ၁% 

    ပုသိမ်မြို့နယ် 

    နိုဝင်ဘာ၁၃၊၁၄ရက် = ၇၀% 

    နိုဝင်ဘာ ၁၁၊၁၂၊၁၅ ရက် = ၉၀% 

    နိုဝင်ဘာ ၉၊ ၁၀ ရက်= ၂% 

    ဖျာပုံမြို့နယ်၊ကျိုက်လတ်မြို့နယ်  

    နိုဝင်ဘာ ၁၁ရက်နေ့= ၈၀% 

    နိုဝင်ဘာ ၁၂၊၁၃၊၁၄ရက် = ၅၀% 

    နိုဝင်ဘာ ၉၊၁၀ရက်= ၁၅% 

    ဆောင်းသီးနှံအကြံပြုချက်အနေနဲ့ မတ်ပဲ အကြောင်း တစေ့တစောင်းကို ဆရာဦးသက်လွင်ရဲ့ အကြံပြုချက်မှကောက်နုတ်ဖော်ပြလိုက်ပါတယ်။

    လယ်သမား အများစု လက်ရှိကြုံတွေ့နေရသော မတ်ပဲ သေဆုံးခြင်း ပြဿနာအား ဖြေရှင်းရန်အတွက် ဘယ်မျိုးက အပင်မသေဘူး ဆိုတဲ့ကိစ္စပါ။

    လက်ရှိ ကြုံတွေ့နေရသော ပြဿနာက မြေဆောင်ရောဂါဖြစ်ပြီး မျိုးဆောင်ရောဂါ မဟုတ်ပါဘူး၊ ဒါကြောင့် ဘာမျိုးကတော့ မသေဘူးဆိုတဲ့အစွဲကို ဖြုတ်ရန်လိုပါလိမ့်မည်။(တနှစ်တလေ ရာသီဥတု၊ မြေအနေအထားကြောင့် သေနေသောအကွက်သည် အပင်မသေတာနှင့် ကြုံတတ်၍ပါ)

    ယခုနောက်ပိုင်းတွင် အဝါရောင်မိုစိတ်ရောဂါ ကျရောက်မှုမှာပိုမို ဆိုးဝါးလာရာ Virus ရောဂါ ခံနိူင်ရည်ရှိသော မျိုးများအား ရွေးချယ်စိုက်ပျိုးရန် လိုအပ်လာပြီဖြစ်ပါတယ်။

    ရောဂါခံနိူင်ရည်ရှိသော မျိုးများကတော့ ရေဆင်း ၇ နှင့် TBL 9 ဖြစ်ပြီး ရေဆင်း ၄ သည်လည်း ခံနိူင်ရည် ရှိသည်ကိုတွေ့ရှိရပါတယ်။ အခြား စာပစပ်၊ ကန်ဇွန်းနွယ်၊ ပုလဲထွန်း တို့သည် Virus ရောဂါဒါဏ် မခံနိူင်ကြပါဘူး။

    စိုက်ပျိုးချိန်၌ မလိုအပ်ဘဲ လုပ်ဆောင်မှုများအား 

    မလုပ်ဆောင်သင့်တော့ပါ။

    ♥ သူများယောင်လို့ လိုက်ယောင်ခြင်းမျိုးမလုပ်ဆောင်သင့်ဘဲ တတ်သိနားလည်သောပညာရှင်(တတ်ယောင်ကားပညာရှင် မဟုတ်) အတွေ့အကြုံရင်ကျက်၍ ဝေဖန်ပိုင်းခြားနိူင်သော မိတ်ဆွေရင်းများနှင့် တိုင်ပင်နှီးနှော လုပ်ဆောင်ပါ။

    ♥ သူများ ခုတ်ဖုန်း ဆို ခုတ်ဖုန်း၊ ရိုတာဗေတာ ဆို ရိုတာဗေတာ၊ သူများထယ်ဆို လိုက် ထယ်တာမျိုး မလုပ်သင့်တော့ဘဲ မိုးလေဝသ သတင်းများအားအား စောင်ကြည့်လေ့လာခြင်း နားထောင်ခြင်းပြု၍ စိုက်ပျိုးခြင်း လုပ်ဆောင်ပါ။

    ♥ ပဲပင်ကြီးထွားချိန်တွင် ကြုံတွေ့နေရသော ပင်ညိုး၊ မြစ်ပုတ်၊ မြစ်ဆွေး ရောဂါများ ကျရောက်ဖျက်စီးမှု သက်သာစေရန် အတွက် ယခင်နှစ်ရောဂါကျ အခင်းများမှ မျိုးစေ့အား စိုက်ပျိုးခြင်းများအား ရှောင်ကျဉ်သင့်သည့်အပြင် မျိုးစေ့ဆောင်၊ မြေဆောင် ရောဂါများ မှာကာကွယ်နိူင်ရန်အရည်အသွေးပြည့်မှီသော မျိုးစေ့လူးနယ်ဆေး

    များအား လူးနယ်၍ စိုက်ပျိုးသင့်ပါတယ်။

    ♥ တောင်သူလယ်သမားများ၏ စိုက်ပျိုးမြေ အများစုသည် အဟာရချို့တဲ့မှု ရှိနေပြီး ပဲစိုက်ပျိုးချိန်တွင် ရွက်ဖြန်းမြေဩဇာပက်ဖြန်းရုံဖြင့် လုံလောက်မှုမရှိ၍ သီးနှံပင်များသည် အဟာရချို့ယွင်းမှုကြောင့် ပိုးမွှားရောဂါဒါဏ် ခံနိူင်မှု လျော့နည်းလာရာ မိမိစိုက်ပျိုးမြေ၏ အဟာရချို့ယွင်းမှုအား ဖြည့်စည်းရန်အတွက် အရည်အသွေး ကောင်းမွန်မှု၊ သင့်တင့်မှုရှိသော ကွန်ပေါင်းမြေဩဇာ အား တစ်ဧကလျင်(1/2,1/3,1/4) အိတ်နှုန်းခန့်ကို မြေပြုပြင်ချိန်တွင် မဖြစ်မနေထည့်သွင်းရန် လိုအပ်နေပြီလို့ အကြံပြုလိုပါတယ်၊ အခြားဘုံမဝင်ဆုံမဝင် မြေဩဇာများ ထည့်သွင်းခြင်းအား ရှောင်ကျဉ်သင့်ပြီ ဖြစ်ပါတယ်။

    ♥ ဒုတိယ သတိပေးလိုတာက ထွန်ယက်မှု စနစ် 

    မမှားယွင်း စေဘို့ပါ။

    မိမိအနေဖြင့် အကြံပြုလိုတာကတော့...

    ဆောင်းသီးနှံ မတ်ပဲ၊ ပဲတီစိမ်းသည် ထယ်ရေးပါးပါး မှုန်မှုန်ကို ကြိုက်၍ ထွန်ကိုသာ သုံးသင့်တယ်လို့ ရှုမြင်ပါတယ်(နေကြာသီးသန့်ဆိုလျင် ထယ်ရေးနက်ရန် လိုအပ်ပါမည်)

    အချို့ကတော့ စပါးရိတ်စက်ကြောင့် ဖြစ်ပေါ်နေသော စက်ဘီးရာများ ပျောက်ပျက်ရန်၊ မြေအမြန်ခြောက်ရန်ဆိုသော ရည်ရွယ်ချက်များဖြင့် ရိုထရီထယ်များအား အသုံးပြု၍ မြေလှန် အခြောက်ခံပြီး ထိုအပေါ်မှ ထွန်တစပ်ဝင် မျိုးပက် ထွန် ၁/၂ စပ် ပြန်အုပ်ကြခြင်းပါ။

    ထိုသို့လုပ်ဆောင်မည့်အစား မိမိအနေဖြင့် ထွန်ကို ကန့်လန့် (၃စပ်) မောင်းမည့်အစား အလျား၊ ဇောင်းရှည်များမောင်းနှင်၍ မြေညီအောင် လုပ်ဆောင်၍ ကြဲပက်စိုက်ပျိုးမည် ဖြစ်ပါတယ်။

    ထယ်ရေးဝင်ပြီးမှ ထွန်ယက်စိုက်ပျိုးပါက ထယ်ရေးနက်ပြီး ပဲပင်ကျောလျားရှည်ပြီး အပင်ကြီးထွားမှု နှောင့်နှေးခြင်း၊ အပင်အားနည်းခြင်း၊ ပိုးမွှားကျရောက်မှုရှိလျင် ပို၍ထိခိုက်ခြင်းကြောင့်ပါ။

    နောက်တစ်ခုက ရိုတာဗေတာ ဖြစ်ပါတယ်။ 

    ၂၀၁၆- ၂၀၁၇ သီးနှံစိုက်ရာသီက တောင်သူအချို့ တမ်းတမ်းစွဲ သုံးခဲ့ဘူးသော ထွန်စက် ရိုတာဗေတာ ကို ယခုနှစ်တွင် ဆောင်းသီးနှံတွင် ထပ်မံ အသုံးမပြုရန်တော့ မျော်လင့်မိပါတယ်။

    ထွန်ရဲ့ထွန်ယက်ပုံ မြေမှုန်ထွက်ရှိမှုနဲ့ရိုတာဗေတာရဲ့ထွန်ယက်ပုံ မြေမှုံထွက်ရှိမှုက မတူပါဘူး ထွန်သည် မြေကိုမှုန်စေ အောက်ခံမြေကို ဖွပေးပြီး ရိုတာသည် အောက်ခံမြေကို ပလ္လင်ခံစေပြီး မြေမှုန်မထွက်ဘဲ ရှိနေတတ်၍ပါ။

    ဆောင်းသီးနှံအတွက် ထွန်သည်သာ အကောင်းဆုံးဖြစ်သည်ကို ကြုံတွေ့နေကြပေမဲ့ အညွန်းကောင်းသူ ထွန်စက်သမား၊ အလံရှုး တောင်သူနဲ့တွေ့လျင်တော့့ အလွယ်ကြိုက်သူ၊ မသိနားမလည်သူ ဒုက္ခရောက်နေသူ တောင်သူလယ်သမားများမှာ နားယောင်ပြီး သုံးနေကြအုံးမှာပါ။

    မည်သည့်ထွန်ယက် ကရိယာကို အသုံးပြုပါစေ မြေမှုန့်ထွက်မှသာ စိုက်ပျိုးပင်အတွက် အဆင်ပြေမှာပါ။

    မြေစိုကထွန်၊ မြေမှုန့်ကမထွက် မှတော့ အောက်ဓာတ်ဆုတ် မြေဟာလွယ်ကြမှာပါ၊ ရေသွင်းလို့ရသည့် အကွက်ဆိုလျင် အဆင်ပြေပေမဲ့ ရေမသွင်းနိူင်လျင်တော့ အပင်များ သက်တမ်းမကုန်မှီ အပင်ကျခြင်း၊ အပင်သေခြင်း၊ သက်တမ်းတိုခြင်း၊ အထွက်လျော့ခြင်း ဖြစ်ကြတော့မှာပါ ဒါကြောင့် ထွန်ယက်ခြင်းအား သတိပေးနေရတာပါ။

    ♥♥ တတိယ သတိပေးလိုတာက ပြုစုထိမ်းသိမ်းချိန် လုပ်ဆောင်မှုနှင့် ပါတ်သက်၍ပါ။

    ယခုကြုံတွေ့နေရသော ရာသီဥတုအခြေအနေသည် မတ်ပဲအတွက် ကောင်းမွန်သော အခြေအနေတွင် ရှိမနေဘူးလို့ ပြောရမှာပါ၊ လာနီညာရာသီဥတုဆိုသော်လည်း အားပျော့သော ဖြစ်စဉ်ရှိနေပြီး မိုးမကြာခဏရွာနေခြင်းက ဆောင်းသီးနှံအတွက် လိုအပ်သော အေးသော ရာသီဥတု ပုံစံကို မရရှိနိူင်ဘဲ အအေးလျော့၍ အပူချိန် မြင့်တက်လာခြင်း တို့ ဖြစ်ပေါ်လာမှာကို စိုးရိမ်မိပါတယ်။ 

    ထိုကဲ့သို့ ရာသီဥတု ပုံစံ ဖြစ်လာပါလျင် ဆောင်းသီးနှံ အောင်မြင် ဖြစ်ထွန်းမှုအား ယုတ်လျော့စေဘို့ အလားအလာ များလာ နိူင်သည့်အပြင် ပိုးမွားရောဂါ ကျရောက်မှုကို ပိုမိုဖြစ်ပေါ်လာနိူင်ပြီး ပြုစုထိမ်းသိမ်းမှု ပုံစံအပေါ်မူတည်၍အပင်၏

    သက်တမ်း၊ အထွက်နှုန်း ကွာခြားခြင်း စသော အကျိုးဆက်များ ဖြစ်ပေါ်လာနိူင်၍ပါ။

    ♥ ပိုးမွားရောဂါ ကျရောက်မှုမှာ 

    ဆောင်းမပီသော ရာသီဥတုဖြစ်စဉ်ကြောင့် ပိုးမွှားရောဂါများ ယခုနှစ်တွင် ပိုမိုဆိုးဝါးလာနိူင်ပြီး လှေးကဲ့သို့ စုတ်စားပိုးများကြောင့် ဖြစ်သော အဝါရောင်မိုစိတ်ရောဂါနှင့် မှိုရောဂါအမျိုးမျိုး ပိုမိုကျရောက် လာနိူင်တယ်လို့ ကြုံတွေ့ခဲ့ဘူးသော အတွေ့အကြုံအရ ထင်မြင်မိပါတယ်။

    ♥ (ပုံမှန် အေးသောရာသီဆိုလျင်တော့ ပိုးမွှားရောဂါ ကျရောက်မှု လျော့နည်းသွားမှာပါ။)

    အချို့တောင်သူများနှင့် အရပ်ဒေသအချို့တွင် လှေးကို ပွင့်ထွေးပိုးလောက် မကြောက်ကြ ဂရုပြုမှု နည်းနေသေးတာကို တွေ့နေရဆဲ ဖြစ်ပြီး ပွင်ထွေးလဲ ဒူးပွန့်(ထိုင်းဆေး) လှေးလဲ ဒူးပွန့် သုံးနေကြတာ အများအပြား တွေ့နေရသေးလို့ပါ။

    လှေးနှင့်ပါတ်သက်၍ အသ်ိပညာပေးသူ လမ်းညွန်သူ မရှိတော့ မကြောက်တာလဲပါပါလိမ့်မည်။ 

    ♥ ဆေးဝါးသုံးစွဲမှု စရိတ်သည် ယခုနှစ်၌ တစ်ဧက ကုန်ကျစရိတ်ကို များစွာမြင့်မားနိူင်စေရာ အထူးသတိပြု သုံးစွဲရမည့်နှစ်လို့ ဆိုခြင်ပါတယ်။

    ယခုနှစ် စိုက်ပျိုးရေးသုံးပစ္စည်းများ၏ စျေးနှုန်းသည် ဒေါ်လာနှင့်အပြိုင် တက်ခဲ့သော်လည်း ဒေါ်လာစျေးပြန်ကျသလို ပြန်မကျတော့ပါဘူး။

    ( မြန်မာနိူင်ငံမှ စီးပွားရေးသမားများသည် စျေးတက်သည်ဆိုသည်နှင့် မိမိစျေးအနည်းငယ်နှင့် ဝယ်ထားသော ပစ္စည်းအား တက်စျေးနှင့် တက်ရောင်းတတ်ကြသော်လည်း စျေးကျသောအခါ တက်စျေးနှင့်ဝယ်ထား၍ ဆိုပြီး စျေးပြန်မလျော့ဘဲ မှေးပြီး ရောင်းချကြပါတယ်)

    စျေးမလျော့ဘဲ မှေးပြီး ရောင်းနေတတ်ကြခြင်းဖြစ်၍ ဒေါ်လာစျေး မူရင်းအထိ ပြန်ကျလျင်ပင် ပိုးသတ်ဆေးစျေးများ မကျနိူင်သဖြင့် အသုံးနှင့်အဖြုံး ကွဲပြားဘို့ လိုအပ်နေပြီ ဖြစ်ပါတယ်။

    အချို့စိုက်ပျိုးသူများသည် စိုက်ခင်းအား ပိုးသတ်ဆေးသုံးစွဲမှုနှင့် ဆေးဖြန်းသည့် ရက်အပိုင်းအခြားတွင် ပုံသေနည်းဖြင့် အပင်ဘယ်နှစ်ရက်သား၊ ဘယ်အရွယ်မှာ ဘာဆေးဖြန်းမည်။

    ဆေးတစ်ကြိမ်နှင့်တစ်ကြိမ် ဘယ်နှစ်ရက်ခွာမည်။

    စသည်ဖြင့် သုံးစွဲနေကြရာ...

    ♥ မိမိစိုက်ခင်းမှာ ပိုးမွှားကျရောက်မှု သည် ဆေးပက်ဖြန်းရမည့်အဆင့်လား။

    ♥ ဖြန်းစရာမလိုသည့် အဆင့်လား။

    ဆိုတာ ခွဲခြားဆုံးဖြတ်ရန် လိုအပ်ပြီး

     ကွင်းဆင်းစစ်ဆေးခြင်းအား စေ့စပ်သေချာစွာ မပြုလုပ်ဘဲ ပိုးတွေ့သည်နှင့် ပိုးသတ်ဆေးဖြန်းမည် ဆိုသော အလေ့အကျင့်အား ပြုပြင် ပြင်ဆင်ရန် လိုအပ်လာပြီ ဖြစ်သည်အပြင်

    ♥ (၅/၇/၁၀/၁၅)ရက် ခွာပြီး ရက်ပါတ်အလိုက် ခွာ၍ ဆေးဖြန်းမည် ဆိုတာမျိုးမလုပ်ဆောင်ဘဲ ပိုးမွှားရောဂါ ကျရောက်မှုအပေါ် မူတည်ပြီး ပက်ဖြန်းတယ် ဆိုတာဘဲ ဖြစ်သင့်ပြီလို့ ဆိုခြင်ပါတယ်။ 

    ♥ ပိုးသတ်ဆေးများသုံးစွဲရာတွင် 

    အချို့စိုက်ပျိုးသူများသည် ဆေး(Ai)တစ်မျိုးတည်းကိုသာ ထပ်ခါထပ်ခါ သုံးစွဲခြင်း။

    ဆေးအနိမ့်မှစ၍ မသုံးဘဲ ဆေးအပြင်းဆုံးကို တိုက်ရိုက် သုံးစွဲခြင်း။ 

    မလိုအပ်ဘဲ ကြိုတင်ပက်ဖြန်းခြင်း။

    စသည့် မှားယွင်းမှုများ ရှိနေကြတာကို တွေ့ရှိနေရပါတယ်။

    သိုဖြစ်၍ ယခုနှစ်ကဲ့သို့ သွင်းအားစုများ စျေးနှုန်းမြင့်မားမှုများနှင့် ကြုံတွေ့နေချိန်တွင် ရှေးယခင်နှစ်များကလို မိမိစိုက်ခင်းတွင် ကျရောက်နေသော ပိုးမွှား ရောဂါကို သေချာဂဏစွာ မသိပါဘဲနှင့်

    ♥ ကြုံသည့်ဆေးဆိုင်မှာ ကြုံရာဆေး ဝယ်ယူသုံးဆွဲခြင်း။

    ♥ လယ်နီးချင်း၊ အိမ်နီးချင်း သုံးတာမြင်၍ ဝယ်ယူသုံးဆွဲခြင်း။

    ♥ ဆေးဆိုင်မှ ပေးလိုက်လို့၊ လာရောင်းလို့ ဝယ်ယူသုံးဆွဲခြင်း။

    တို့ မလုပ်ဆောင်သင့်တော့ဘဲ တတ်သိနားလည်သော စိုက်ပျိုးရေးပညာရှင်၊ ကုမ္ပဏီဝန်ထမ်း၊ ကျွမ်းကျင်စိုက်ပျိုးရေးဝန်ထမ်း များ၏ အကူအညီ၊ အကြံဥာဏ် ရယူ၍ စိုက်ပျိုးရေးဆေးများအား ဝယ်ယူသုံးစွဲရန် အချိန်ရောက်ရှိပါပြီ။

    လက်ရှိအချိန်တွင် စိုက်ပျိုးရေးဆေးဆိုင် ဖွင့်လှစ်ရောင်းချနေသူ အများစုသည် စိုက်ပျိုးရေးဝန်ထမ်း၊ ကုမ္ပဏီဝန်ထမ်း သစ်/ဟောင်းများ ဖြစ်ကြရာ ထိုဆိုင်များတွင် ဝယ်ယူခြင်း၊ ကွင်းဆင်းစစ်ဆေးပေးရန် အကူအညီတောင်းခံခြင်းများပြုလုပ်၍ မိမိစိုက်ခင်း အောင်မြင်ဖြစ်ထွန်ရေးအား လုပ်ဆောင်ရန် လိုအပ်လာပြီလို့ ဆိုခြင်ပါတယ်။ ( ဆရာ ဦးသက်လွင် ရဲ့ အကြံပြုချက်မှ)

     ငါးကန်များအတွက်အကြံပြုချက် 🔔🔔

    ရာသီအပြောင်းအလဲတွင် ဖြစ်တတ်သော ငါးရောဂါများအကြောင်း ‼️

    ‼️မိုးလွန်ကာလနှင့်ဆောင်းရာသီအဝင်၊ ဆောင်းတွင်းကာလများတွင် ငါးကန်များအတွင်းရှိ ငါးများတွင် အနာပဆုပ်ဖြစ်ခြင်းများ ရှိတတ်ပါသည်။ အဆိုပါရောဂါသည် မှိုနှင့်ဘက်တီးရီးယား(၂)မျိုး ပေါင်းစပ်ကူးစက် သောကြောင့် ဖြစ်ပွားသောရောဂါ ဖြစ်ပါသည်။ ငါးများ သေဆုံးသည်အထိ ကူးစက်ဖြစ်ပွားပါသည်။ ‼️

    အထက်ပါရောဂါမဖြစ်စေရန်အတွက် အောက်ပါအတိုင်းကြိုတင်ကာကွယ်နိုင်ပါသည်- 

    ✅သန်းစွမ်မှုမရှိသော၊ ရောဂါရှိသော ငါးများကို စတင်မွေးမြူခြင်းမပြုရန်၊

    ✅ငါးသားပေါက်များ စတင်သယ်ယူစဉ်က ထိခိုက်နာကျင်မှု မရှိစေရန် သယ်ယူပေးပါ၊ 

    ✅ငါးကန်အတွင်းရှိ မြက်ပင်၊ ဒိုက်ပင်နှင့်ဗေဒါပင်များကိုဖယ်ရှားပေးပါ၊ 

    ✅ငါးမွေးမြူရာတွင် တစ်ဧကမွေးမြူရမည့်နှုန်းထက် မပိုစေရန် သတိပြုပါ၊ 

    ✅ဖြည့်စွက်အစာကို ပုံမှန်ထက် မလွန်ကဲစေရန် သတိပြုပါ၊ 

    ✅ကန်အောက်ခြေရှိ အညစ်အကြေးများ အဆွေးအမြေ့များကို စုပုံကျရောက်ခြင်း မရှိစေရန်ဖယ်ရှားပါ၊ 

    ✅ငါးကန်အတွင်း ခရု၊ယောက်သွားနှင့် အင်းဆက်ပိုးများ ပေါက်ဖွားခြင်း လွန်ကဲမှုမရှိစေရန် ထိန်သိမ်းပါ၊ 

    ✅ရောဂါရှိသောငါးများ၏ကန်တွင် အသုံးပြုသော ငါးဖမ်းပိုက်နှင့် ပစ္စည်းများကို မသုံးပါနှင့် အသုံးပြု မည်ဆိုပါက ခြောက်သွေ့အောင် နေလှန်းပြီးမှ သုံးစွဲရန်တို့ ဖြစ်ပါသည်။


likes18comments1
views289views14606