cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

အောင်မြင်တိုးတက် တိုင်းရင်းကြက်မွေးမြူနည်း

. သတင်းစုံ
ဆောင်းပါးဖတ်ရှုပြီး ဖုန်းဘေကံစမ်းပါ။
  • တိုင်းရင်းကြက် လက္ခဏာကောင်းများ

    ၁။ အဆောက်အဦး၊ အစာ၊ ဆေးနှင့် ခြံသုံးပစ္စည်း၊ လုပ်အားခ စသည့် ကုန်ကျစရိတ် သက်သာစွာ မွေးမြူနိုင်ခြင်း၊

    ၂။ ဆိုးရွားသော ရာသီဥတုဒဏ်၊ ရောဂါဒဏ်၊ အစာချို့တဲ့မှုဒဏ်ကို နိုင်ငံခြား ကြက်များထက် ခံနိုင်ရည် ရှိခြင်း၊

    ၃။ ‌ဒေသအတွင်း မိမိဘာသာ ရှာဖွေစားသောက်နိုင်ခြင်း၊

    ၄။ ဖောက်စက်မလိုအပ်ဘဲ မိခင်ကိုယ်တိုင်ဝပ်၍ သားဖောက်နိုင်ခြင်း၊

    ၅။ ကြက်ငယ်များအပေါ် မိခင်၊ ဖခင်စိတ်ထားရှိနိုင်ပြီး ကြက်ငယ်များဘဝ ရှင်သန်နိုင်ရန် လေ့ကျင့်သင်ကြားထိန်းကျောင်းပေးနိုင်ခြင်း၊

    ၆။ အရွယ်ရောက်လာသောအခါ မိမိဘာသာရန်သူကို ကာကွယ်၊ ရှင်သန်လှုပ်ရှားနိုင်ခြင်း၊

    ၇။ အသား၏ အနံ့အရသာနှင့် ဖွဲ့စည်းမှု ကောင်းမွန်ခြင်း၊


    ထင်ရှားသော တိုင်းရင်းကြက်မျိုးများ -

    (၁) လည်ပြောင်ကြက်

    (၂) အင်ပင်ဝကြက်

    (၃) စစ်တကောင်းကြက်

    တိုင်းရင်းကြက်မွေးမြူရေး ပိုမိုတိုးတက်အောင်မြင်စေရန် မွေးမြူနည်းစနစ်များ

    (က) ကြက်ခြံဆောက်လုပ်ပေးပါ

    ညအိပ်ရန်၊ ဥဥရန်၊ ခွေး၊ ကြောင်၊ ကြွက်၊ သားရဲငှက် စသည်တို့ ရန်မှ ကာကွယ်ရန်၊ ရာသီဥတု ဒဏ်မှ ကာကွယ်နိုင်ရန် ဖြစ်သည်။ ကြက်ခြံအတွင်း ငှက်များ မဝင်ရောက်စေရန် ပိုက်ကွန် ကာရံပေးရမည်။

    (ခ) ဖြည့်စွက်စာ ကျွေးမွေး၍ မွေးမြူပါ

    တိရစ္ဆာန်ကိုယ်တိုင် ရှာဖွေစားသောက်နိုင်သော်လည်း စပါး၊ ဆန်၊ ဆန်ကွဲ၊ ထမင်း (သို့) ရောစပ်အစာများကို ဒေသအလိုက် ရနိုင်သော ပိုးစာရွက်၊ ဘောစကိုင်းရွက်နှင့် ဟင်းသီးဟင်းရွက်များကို ဖွဲနု၊ ဆန်ကွဲတို့ဖြင့် ရောနှယ်ကာ အစာခွက်ဖြင့် ကျွေးမွေးပါ။

    (ဂ) ဥကျင်းများထားရှိပေးပါ

    ကြက်ခြံ၏ မှောင်၍ ဒေါင့်ကျသော နေရာတွင် ကြက်ဥကျင်းများကို မြေပြင်မှအထက် ၁ပေခွဲ - ၂ပေအကွာတွင် ကောက်ရိုးခင်းပြီး ခိုင်ခိုင်မြဲမြဲ ထားပေးပါ။ ကြက်မ (၁) ကောင်လျှင် ဥကျင်း (၁)ကျင်း နှုန်းထားပါ။ ဝပ်ကြက်မ သားပေါက်ပြီးပါက ဥကျင်းထဲရှိ ကောက်ရိုးမြက်ခြောက်များကို မီးရှို့ပစ်ပါ။ ကြက်သန်း/လှေး/မွှားများ မတွယ်ကပ်စေရန် ကြက်ခြံအတွင်း ဥကျင်း၊ အိပ်တန်း၊ အကြိုအကြားနေရာများကို ဆေးရွက်ကြီး စိမ်ထားသော ‌ရေဖြင့် သုတ်လိမ်းပေးပါ။

    (ဃ) ကြက်ငယ်‌လေးများကို သီးသန့်အနွေးပေးမွေးမြူပေးခြင်းဖြင့် ကြက်မများ တစ်နှစ်လျှင် ၃-၄ကြိမ် သားပေါက်ရာမှ ၅-၆ ကြိမ်ကို ပိုမိုပေါက်ပွားနိုင်ပြီး ကျီး၊ စွန်၊ ခွေး၊ ကြောင် စသည်တို့ကြောင့် ပျက်စီးဆုံးရှုံးရခြင်း ကာကွယ်နိုင်သည်။

    (င) ကြက်များအား ကျန်းမာရေးစောင့်ရှောက်မှု ပေးပါ။

    - ကြက်ခြံသန့်ရှင်းရေး နေ့စဉ်ပြုလုပ်ပေးပါ။

    - သန့်ရှင်းရေးလုပ်ချိန်တွင် ကြက်ချေးအရောင်နှင့်ဖွဲ့စည်းမှုကို ကြည့်ရှုစစ်ဆေးပါ။

    - ကြက်များ၏ ကျန်းမာရေးအခြေအနေကို အိပ်တန်းဝင် အိပ်တန်းထွက်၊ အစာကျွေးချိန်တို့တွင် နေ့စဉ်စစ်ဆေးပါ။

    မွေးမြူ‌ရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာန

    မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန


    ဉာဏ်စမ်းဖြေဆိုရန်လင့်

    https://htwettoe.com/post/46491

    ----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - https://htwettoe.com/download


  • article
likes23comments5
views839views2753