cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

အာလူးစိုက်ပျိုးနည်း

. စိုက်ပျိုးနည်းစနစ်များ
မြေနီ၊နုန်းတင်မြေနု၊ခဲမြေနက်မြေမျိုးတွင်အာလူးကောင်းစွာဖြစ်ထွန်းသည်။မြေအချဉ်ငန်ဓာတ်(၅.၅‒၆.၅)ရှိသောမြေတွင်အာလူးပင်အကောင်းဆုံးဖြစ်ထွန်းသည်။မြေအချဉ်ငန်ဓာတ်(၄.၀‒၅.၅)အထိချဉ်သောမြေမျိုးတွင်စိုက်ပျိုး၍ထွက်ရှိသောအာလူးများမှာအထားခံပါသည်။
  • အာလူးမျိုးများ

    Kufrijyoti,မျိုးများကိုလက်ရှိတွင်အများအပြားစိုက်ပျိုးလျှက်ရှိပါသည်။(၂၀၁၅‒၂၀၁၆)ခုနှစ်၊စိုက်ပျိုးရာသီမှစတင်၍နယ်သာလန်မျိုး(၃)မျိုည့်Markies,Atlantic,Carolusမျိုး၊တရုတ်မျိုး(L6)များအားတင်သွင်း၍ စမ်းသပ်စိုက်ပျိုးခဲ့ကြပါသည်။

    မြေအမျိုးအစား

    မြေနီ၊နုန်းတင်မြေနု၊ခဲမြေနက်မြေမျိုးတွင်အာလူးကောင်းစွာဖြစ်ထွန်းသည်။မြေအချဉ်ငန်ဓာတ်(၅.၅‒၆.၅)ရှိသောမြေတွင်အာလူးပင်အကောင်းဆုံးဖြစ်ထွန်းသည်။မြေအချဉ်ငန်ဓာတ်(၄.၀‒၅.၅)အထိချဉ်သောမြေမျိုးတွင်စိုက်ပျိုး၍ထွက်ရှိသောအာလူးများမှာအထားခံပါသည်။

    ရာသီဥတု

    မိုးအသင့်အတင့်ရွာသော၊အေးသောရာသီဥတုကိုကြိုက်နှစ်သက်သည်။မိုးရေချိန်(၄၀‒၈၀)လက်မရွာသွန်းသည့်ဒေသများတွင်ကောင်းစွာဖြစ်ထွန်းပါသည်။အသင့်တော်ဆုံးအပူချိန်မှာ(၁၆°C‒၂၇°C)အတွင်းကောင်းစွာဖြစ်ထွန်း၍(၃၀)°C ထက်ကျော်လျှင် အပင်ကြီးထွားမှုနှေးကွေးပြီးအထွက်နှုန်းထိခိုက်နိုင်ပါသည်။

    မျိုးနှုန်း

    မိုးအာလူး (ယာမြေ) - ၆၅၀ - ၇၀၀ပိဿာ

    ရေအာလူး - ၆၀၀ - ၇၀၀ပိဿာ

    ဆောင်းအာလူး - ၆၅၀ - ၇၀၀ပိဿာ

    မြေဩဇာနှုန်း

    တစ်ဧကနှုန်း

    သဘာဝမြေသြဇာ - နွားလှည်း (၂၀-၃၀)စီး

    ယူရီးယား - (၅၀) ကီလိုဝင် (၃)အိတ်

    တီစူပါ - (၅၀) ကီလိုဝင် (၁)အိတ်

    ပိုတက်ရှ် - (၅၀) ကီလိုဝင် (၁) အိတ်

    စိုက်ပျိုးချိန်

    (က) မိုးအာလူး (မတ်၊ဧပြီ၊မေ၊ဇွန်)

    (ခ) ရေအာလူး (ဇန်နဝါရီ၊ဖေဖော်ဝါရီ)

    (ဂ) စကအာလူး (ဇူလှိုင်၊သြဂုတ်)

    (ဃ) ဆောင်းအာလူး (အောက်တိုဘာ၊နိုဝင်ဘာ)

    မြေပြုပြင်ခြင်း

    ထယ်ရေး(၈)လက်မအနက်ရရန်ထယ်(၁-၂)စပ်ထိုးပေးရသည်။ထို့နောက်ထွန်(၆-၈)စပ်ထိမွှေပေးပြီးပေါင်းမြက်ကုန်စင်အောင်ကောက်ရမည်။နောက်ဆုံးမြေပြင်ပကြမ်း တုံးရိုက်၍မြေသိပ်ထားရသည်။

    စိုက်ပျိုးခြင်း

    ရှမ်းပြည်နယ်တွင် ရေသွင်းစိုက်ပျိုးခြင်း(ရေအာလူး)နှင့်ကုန်းတွင်စိုက်ပျိုးခြင်း(မိုးအာလူး)ဟူ၍ စိုက်ပျိုးကြသည်။ ဧရာဝတီတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီမကွေးတိုင်းဒေသကြီးတို့တွင် ကျွန်းမြေနှင့်သဲချောင်းများ၌ စိုက်ပျိုးကြသည်။မျိုးရွေးချယ်ရာတွင် အပုပ်အနာကင်းသောမျိုး၊မျက်စိတိမ်၍မျက်စိနည်းသောမျိုးကို ရွေးချယ်ရမည်။အလုံးလိုက်သော်လည်းကောင်း၊ခွဲစိတ်၍သော်လည်းကောင်း စိုက်ပျိုးကြသည်။ခွဲစိတ်စိုက်ပျိုးပါက မျိုးအာလူးအားမျိုးစေ့လူးနယ်ဆေး(သို့မဟုတ်)မှိုသတ်ဆေးအနည်းငယ်အသုံးပြု၍စိုက်ပျိုးသင့်ပါသည်။တန်းကြား(၂.၅-၃)ပေ၊ပင်ကြား(၆-၉)လက်မခြား၍စိုက်ပျိုးပါ။တစ်ဧကတွင် (၂၅၀၀၀ -၃၅၀၀၀)အပင်ဦးရေရရှိအောင် စိုက်ပျိုးပါ။စိုက်ပျိုးချိန်တွင် ယူရီးယား(၂)အိတ်၊တီစူပါ(၁)အိတ်၊ပိုတက်ရှ်(၁)အိတ်ကိုလည်းကောင်း၊ကျန်ယူရီးယား(၁)အိတ်ကို အပင်ပေါက်ပြီး(၁၅)ရက်နှင့်တစ်လအတွင်း(၂)ကြိမ်ခွဲထည့်ပေးပါ။

    အပင်ပြုစုနည်း

    ဟဲဟိုးချိုင့်ဝှမ်းတွင်သာ စိုက်ပျိုးလေ့ရှိသည့်ရေအာလူး(ဆောင်းအာလူး)စိုက်ပျိုးရာတွင် စိုက်ပြီး(၄၅)ရက်သားတွင်(၁)ကြိမ်၊ ရက်(၆၀)သားတွင်(၁)ကြိမ် မဖြစ်မနေရေပေးသွင်းရမည်။ရေမသွင်းမီကြားပေါင်းလိုက်ခြင်း၊ ယူရီးယားဓာတ်မြေသြဇာကျွေးခြင်း၊ ပိုးသတ်ဆေးဖျန်းခြင်းတို့ကို တပြိုင်နက်တည်းဆောင်ရွက်ပြီး ဘောင်တင်ပေးရမည်။ကုန်းအာလူးကို တောင်စောင်းဆင်ခြေလျှောများတွင် မိုးရေကိုအားထား၍ စိုက်ပျိုးသည်။စိုက်ပြီး(၃၀)ရက်သားတွင်ပေါင်းလိုက်ပေးရမည်။တစ်လလျှင်(၂)ကြိမ်ခန့်ပေါင်းလိုက်ပေးပါကပိုကောင်းပါသည်။ဆောင်းအာလူးကိုမြစ်ဝကျွန်းပေါ်ဒေသမြစ်ကမ်းပါးသောင်ပြင်များတွင်မြစ်ရေကျချိန်နုန်းတင်မြေနုများ၌ စိုက်ပျိုးပါသည်။မြေဆီသြဇာထက်သန်သဖြင့် ယူရီးယားကို အနည်းငယ်သာကြဲပက်ပေးရန်လိုပြီး စိုက်ပြီး(၄၅)ရက်တွင်တစ်ကြိမ်၊ ရက်(၆၀)တွင်တစ်ကြိမ် ကြဲပက်ပေးရမည်။ ရေသွင်းခြင်းလုပ်ငန်း လုံးဝဆောင်ရွက်ရန်မလိုပါ။

    ပိုးမွှားရောဂါ ကာကွယ်ခြင်း

    အဓိကကျရောက်သောပိုးမှာပင်ဖြတ်ပိုး(cut-worm)နှင့်နှစ်ဆယ့်ရှစ်ပြောက်ကျိုင်း(28spotted/beetle)တို့ဖြစ်ပြီးအာလူးသိုလှောင်ထားစဉ်အာလူးဥထိုးဖလံ(Tuber moth)(မျက်ဆံပိုး)ကျရောက်ဖျက်ဆီးပါသည်။အဓိကကျရောက်သောရောဂါများမှာအာလူးနှောင်းပင်နာကျနှင့်စောပင်နာကျရောဂါတို့ဖြစ်ပါသည်။ပိုးမွှားရောဂါကျရောက်ပါကသင့်တော်သောပိုးသတ်ဆေး၊မှိုသတ်ဆေးကိုအညွှန်းပါအတိုင်းအသုံးပြု၍နှိမ်နင်းရပါမည်။

    တူးဖော်ခြင်း

    စိုက်ပြီး(၃-၄)လအတွင်းအပင်များခြောက်သွေ့လာချိန်(သို့မဟုတ်)အာလူးပင်၏ပင်စည်အားပိုင်းဖြတ်ကြည့်ပါကအလယ်၌အခေါင်းပေါ်လျှင်တူးဖော်၍ရပြီဖြစ်ပါသည်။ရိတ်သိမ်းချိန်တွင်အာလူးတူးဖော်စက်ဖြင့်လည်းကောင်း၊ပေါက်ပြားဖြင့်လည်းကောင်း၊ကြောင်းလိုက်ထယ်ထိုး၍လည်းကောင်းတူးပြီးလက်ဖြင့်ကောက်ယူရသည်။

    အထွက်နှုန်း

     မျိုးပေါ်မူတည်၍အထွက်နှုန်းမှာမျိုးနှုန်းပမာဏ၏(၅-၁၀)ဆအထိထွက်ရှိနိုင်သဖြင့်အထွက်ပိဿာ(၃၀၀၀-၇၀၀၀)ထိထွက်ရှိနိုင်ပါသည်။

    ရိတ်သိမ်းချိန်တွင်သတိပြုရမည့်အချက်များ

    ထိခိုက်ဒဏ်ရာမရသည့်အာလူးများအားသီးခြားကောက်ယူရမည်ဖြစ်ပြီးဒဏ်ရာရအာလူးများနှင့်ရောနှောထားခြင်းမပြုရပါ။ထုတ်ပိုးသယ်ယူရာတွင်လည်းထိခိုက်ဒဏ်ရာမဖြစ်စေရန်သတိပြုကိုင်တွယ်ဆောင်ရွက်ရမည်ဖြစ်ပါသည်။တူးဖော်ပြီးပါကနေပူထဲတွင်အချိန်ကြာမြင့်စွာထားခြင်း၊မိုးရေစိုခြင်းများမဖြစ်အောင်တူးဖော်ပြီးသောအာလူးများကိုဂိုဒေါင်များသို့မြန်မြန်သယ်ယူရန်လိုအပ်ပါသည်။

    သိုလှောင်သိမ်းဆည်းခြင်း

    တူးဖော်ပြီးအာလူးများကိုမျိုးအာလူးအဖြစ်သိမ်းဆည်းလိုပါကအအေးခန်းတွင်လည်းကောင်း၊လေဝင်လေထွက်ကောင်းမွန်သောအခန်းတွင်လည်းကောင်း၊အာလူးဥထိုးဖလံမဝင်နိုင်ရန်အတွက် အလင်းရောင်အသင့်အတင့်ရှိသောအခန်းတွင်လည်းကောင်းဆေးလူးနယ်၍ ထားသိုနိုင်ပါသည်။စားသုံးမှုအတွက်အလင်းရောင်မရှိသည့်အခန်းတွင် သိုလှောင်နိုင်ပါသည်။

    စိုက်ပျိုးရေးဆိုင်ရာ နည်းပညာများ

    စိုက်ပျိုးရေးဦးစီးဌာန

    ---

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


  • article
likes14comments0
views2111views2863