cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

နိုဝင်ဘာလ ၃ ရက်နေ့မှ နိုဝင်ဘာလ ၁၀ ရက်နေ့အထိစျေးကွက်သုံးသပ်ချက်

. ဈေးကွက်
သီတင်းကျွတ် ရုံးပိတ်ရက်အပြီး တရုတ် မြန်မာနယ်စပ်ဂိတ်တွေကုန်သွယ်ခွင့်မရတဲ့ အကျိုးဆက်ဂယက်တွေ၊ ပဲအသစ်တွေပေါ်ချိန်ရောက်ခါနီးတာကြောင့် ပဲမျိုးစုံစျေးကွက်က အတက်အကျ မတည်မငြိမ်ဖြစ်နေပါတယ် ။ခုတပတ်မှာ မတ်ပဲက ပြန်ကျလာသလို ပဲစဥ်းငုံနီကလည်း အမြင့်စျေးနဲ့ငြိမ်နေရာကနေ အကျဘက်ပြန်လှည့်လာပါတယ်။ ပဲတီစိမ်းကလည်းစျေးကျ လာပါတယ်။စားတော်ပဲနဲ့ ပဲကြီးကတော့ စျေးတက်လာပါတယ်။
  • မတ်ပဲ စျေးကွက် 

     

    ဆက်တိုက်မြင့်တက်လာခဲ့တဲ့ မတ်ပဲက ခုတစ်ပတ်မှာတော့ ဈေးကျသွားခဲ့ပါတယ်။ ပြည်တွင်းမှာမတ်ပဲ လက်ကျန် မရှိသလောက်နည်းသွားတာကတကြောင်း ၊ အိန္ဒိယဘက်က အဝယ်နည်းနည်းအေးသွားတာကြောင့် စျေးတန်းအနည်းငယ်ပြန်ကျလာတာဖြစ်တယ်လို့ သိရပါတယ် ။

     

     ဒီတစ်ပတ် ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ မတ်ပဲ (FAQ/RC)က တစ်တန်ကို ၂၈၆၀၀၀၀ ပေါက်ဈေးရှိပြီး တစ်တန်ကို ၆၇၀၀၀ ကျပ်ဈေးပြန် ကျလာပါတယ်၊ FOB ပေါက်ဈေးက အမေရိကန်ဒေါ်လာ ၁၀၇၀ မှ ၁၀၉၀ ရှိပြီး တစ်တန်ကို ဒေါ်လာ၂၀ ကျသွားပါတယ်။ SQ ကလည်း တစ်တန်ကို သိန်း ၃၁၁၀၀၀၀ ပေါက်ဈေးရှိပြီး တစ်တန်ကို ၉၇၀၀၀ ဈေးပြန်ကျ လာပါတယ်။

     

    မတ်ပဲ (RAW) ကတော့ တစ်ပိဿာ ကို ၄၆၉၀ မှ ၄၇၂၅ ရှိပြီး တစ်ပိဿာကို ၁၅၀ ဝန်းကျင် ကျပ်ကျလာပြီး နယ်ဈေးကွက်တွေမှာလည်း မတ်ပဲက တစ်တင်းကို ၉၄၈၀၀ကျပ်ရှိရာကနေ ၉၂၅၀၀ အထိ ကျသွားပါတယ်။ 

     

    မတ်ပဲစျေးတန်းက အနည်းငယ်ပြန်ကျသွားပေမယ့်အိန္ဒိယဘက်က မတ်ပဲလိုအပ်ချက်ရှိနေဆဲဖြစ်လို့ လာမယ့် မတ်ပဲအသစ်တွေ ပေါ်ချိန်ဖြစ်တဲ့ မတ် ၊ ဧပြီ လရောက်ရင်လည်း မတ်ပဲစျေးတန်းက တအားကြီးကျဆင်းနိုင်မယ့်အခြေအနေမရှိဘူးလို့ သိရပါတယ် ။

     

    ပဲစဥ်းငုံနီ စျေးကွက်

     

     အမြင့်စျေးတန်း ၄၀၇၅၀၀၀ ကျပ်နဲ့ ဆက်တိုက်စျေးငြိမ်လာရာကနေ နိုဝင်ဘာလ ၄ ရက်နေ့ကစပြီး တစ်တန်ကို ၃၉ သိန်းအထိ စျေးကျသွားပါတယ်။

     

    ပဲစဥ်းငုံနီက ပြည်တွင်းမှာ လက်ကျန်မရှိတော့တဲ့အပြင် မကြာမီ ပဲစဥ်းငုံနီပဲအသစ်တွေပေါ်တော့မှာဖြစ်လို့ စျေးတန်းက ၁၇၅၀၀၀ ပြုတ်ကျသွားတာဖြစ်ပါတယ်။

     

    ခုတပတ် ရန်ကုန်စျေးကွက်မှာ ပဲစင်းငုံနီ(RC) တစ်တန်ကို ၃၉၀၀၀၀၀ သိန်း ပေါက်ဈေးရှိပြီး အရင်တပတ်ကထက် ၁၇၅၀၀၀ ကျသွားပါတယ်။ FOB ပေါက်ဈေးကလည်း တစ်တန်ကို အမေရိကန်ဒေါ်လာ ၁၃၂၀ မှ ၁၃၄၀ ရှိပြီး ဒေါ်လာ ၃၀ ကျသွား ပါတယ်။ 

     

     မန္တလေးဈေးကွက်မှာတော့ အရက်တပတ်က ပဲစဥ်းငုံနီကို ၃၄၀၀၀၀ နဲ့စျေးဖွင့်ခဲ့ပေမယ့် ခုတပတ် နိုဝင်ဘာလ ၈ ရက်နေ့မှာ ပဲစင်းငုံနီ အသစ်ကို ၁၅၅၀၀၀ မှ ၁၆၂၀၀၀ အထိ စျေးချကာ ဈေးဖွင့်ခဲ့ပြီး နိုဝင်ဘာလ ရက်နေ့ မှာတော့ စျေးဖွင့်ထားခြင်းမရှိပါဘူး။

     

     

    ပဲတီစိမ်းစျေးကွက်

     

    ပဲတီစိမ်းကတော့ ခုတပတ်မှာ စျေးတန်းအကျဘက်ကို ပြန်ရောက်လာပါတယ်။လတ်တလောမှာ တရုတ်ဘက်ကို နယ်စပ်ဂိတ်ပေါက်ကနေ တင်ပို့နိုင်ခြင်းမရှိသလို ဥရောပနိုင်ငံတွေလည်း တင်ပို့မှုနည်းနေလို့ စျေးတန်းက ကျလာတာဖြစ်တယ်လို့သိရပါတယ်။

     

    ရန်ကုန် စျေးကွက်မှာ ပဲတီစိမ်းခရမ်းရွှေဝါ ၃၅၃၀ ကျပ်နဲ့ ပဲတီစိမ်းပဲခူးရွှေဝါက ၃၃၆၅ ကျပ်စျေးပေါက်ပြီး အရင်တပတ်ကထက် တစ်ပိဿာကို ၁၀၀ ကျပ်ကျသွားပါတယ်။ ပဲတီစိမ်းဝါးခယ်မကလည်း တစ်ပိဿာကို ၂၈၁၅ ကျပ်မှ ၃၃၀၀ ကျပ်ပေါက်စျေးရှိပြီး ၅၀ ကျပ် ကျသွားပါတယ်။

     

    မန္တလေးစျေးကွက်မှာလည်း ပဲတီစိမ်းအညာက ၁၅၂၀၀၀ မှ ၁၆၀၀၀၀ ကျပ်စျေးပေါက်ပြီး ၅၀၀၀ ကျပ် ကျသွားပါတယ်။

     

     

     

    စားတော်ပဲစျေးကွက် 

     

     ပြည်ပကနေ ဝင်ရောက်နေတဲ့ ကနေဒါစားတော်ပဲကတော့ ခုတပတ်မှာလည်း စျေးထပ်တက်လာပါတယ်။ ပြည်တွင်း စားတော်ပဲက လက်ကျန်မရှိတဲ့ အပြင် အရောင်းအဝယ်လည်း မရှိတာကြောင့် ဈေးကျဆင်းနေပေမယ့် ဈေးကွက်အတွင်း ကနေဒါ စားတော်ပဲအဝင်များပြီး စျေးကထပ်တက်လာတာဖြစ်ပါတယ်။

     

    ခုတပတ် မန္တလေးဈေးကွက်မှာ ကနေဒါ စားတော်ပဲ တစ်အိတ်ကို ၂၆၀၀၀၀ ကျပ်စျေးပေါက် ပြီး တစ်အိတ်ကို ၁၅၀၀၀ လောက် ဈေးထပ်မြင့်တက်လာ ပါတယ်။ ပြည်တွင်း စားတော်ပဲကတော့တစ်အိတ်ကို ၃၁၀၀၀၀ မှ ၃၄၀၀၀၀ ကျပ်ရှိပြီး စျေးရှိနေပါတယ်။

     

     

     

    ပဲ ကြီးစျေးကွက် 

     

    ပဲကြီးကတော့ စျေးထပ်တက်လာပါတယ်။ပဲ ကြီးက ပြည်တွင်းအဓိကစားသုံးတာဖြစ်လို့ ပြည်တွင်းစျေးကွက်အခြေအနေပေါ်လိုက်ပြီး စျေးကွက်အတက်အကျရှိသလို ပြည်ပကနေ စားတော်ပဲ ဝင်ရောက်မှုအပေါ်မူတည်ပြီးလည်း စျေးကွက်က ပြောင်းလဲမှုရှိတတ်တယ်လို့သိရပါတယ်။

     

    ခုတပတ် ရန်ကုန်စျေးကွက် မှာ ပဲကြီး(ကုန်း)က တစ်ပိဿာကို ၅၇၃၅ ကျပ်မှာ ၅၉၁၅ ကျပ်စျေးပေါက်ပြီး ၄၀၀ လောက်စျေးတက်လာသလို ပဲကြီး(ရွေကျွန်း)ကလည်း တစ်ပိဿာကို ၆၁၉၀ မှ ၆၅၅၀ ကျပ်ရှိပြီး ၇၀၀ လောက်စျေးတက်လာပါတယ်။

     

     မန္တလေးစျေးကွက်မှာလည်း ပဲကြီးက ၃၈၀၀၀၀ မှ ၃၉၀၀၀၀ ကျပ်စျေးရှိပြီး ၁၅၀၀၀ ကျပ်တက်လာ၊ ပဲလတ်က ၃၆၀၀၀၀ မှ ၃၇၀၀၀၀ ကျပ်ရှိပြီး ၂၅၀၀၀ တက်လာ ၊ပဲသေးက ၃၃၀၀၀၀မှ ၃၅၀၀၀၀ ကျပ် စျေးရှိပြီး ၂၅၀၀၀ ကျပ် တက်လာပါတယ်။

     

    ချစ်ခွန်း ချို (AMIA)

    ------

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - https://htwettoe.com/download


  • article
likes6comments0
views125views2806