cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဈေးကွက်ဝင် ဂန္ဓမာပန်း စိုက်ပျိုးနည်း

. စိုက်ပျိုးနည်းစနစ်များ
ဂန္ဓမာပန်းတွေကတော့အမျိုးမျိုးရှိကြပြီး သက်တမ်းပေါ်မူတည်ပြီးတော့ သက်လျှင်မျိုး၊ သက်လတ်မျိုး၊ သက်ကြီးမျိုးဆိုပြီးခွဲခြားနိုင်ပါတယ်။သက်လျင်မျိုးကတော့နှစ်လခွဲ၊သက်လတ်မျိုးကတော့သုံးလ သက်တမ်း၊ သက်ကြီးမျိုးကတော့ လေးလမှလေးလခွဲထိရှိကြပါတယ်။
  • ဂန္ဓမာပန်းပင်တွင် မျိုးကွဲပေါင်း မြောက်မြားစွာ ပါဝင်သည်။ အလေ့ပေါက်များလည်းရှိ၍ စိုက်ပျိုးယူသော အပင်များလည်း ရှိသည်။ ပြုပြင်စိုက်ပျိုးယူရသောပန်းများမှာ အထူးပင် လှပကြ ၏။ အပွင့်များတွင် အဖြူ၊ အဝါ၊ အနီ အပြောက်အစင်း စသည်ဖြင့် အရောင်အမျိုးမျိုးရှိသည်။ ပုံသဏ္ဌာန်လည်း အမျိုး မျိုးရှိသည်။ အပွင့်မှာ အချင်း ၁/၂ လက်မမှ ၈ လက်မခန့် ထိအောင် အရွယ်အမျိုးမျိုး ရှိသည်။ ပန်းပွင့်ချိန်မှာ ဆောင်းဦး ပေါက်ချိန်ဖြစ်သည်။ ထိုပန်းမျိုးအားလုံး၌ အနံ့ကင်းတတ်သည်။ အနံ့ရှိပါကလည်း စိမ်းရွှေရွှေ အနံ့မျိုးသက်သက် မျှသာရှိတတ်၏။ ဂန္ဓမာပန်းသည် ယခုအခါ ကမ္ဘာပေါ်တွင် အကျော်ကြားဆုံး ပန်းများတွင် အပါအဝင်ဖြစ်သည်။ ထိုအပင် မျိုးကို စိုက်ပျိုးရန် လွယ်ကူသည့်အတိုင်း အတိုင်းတိုင်း အပြည်ပြည်၌ စီးပွားရေးအဖြစ် စိုက်ပျိုးရောင်းချသူများ ရှိကြ သည်။ Source ( Wekipedia)

    သက်တမ်းနှင့် စိုက်ပျိုးနိုင်သည့် ရာသီဥတု

    ဂန္ဓမာပန်းတွေကတော့အမျိုးမျိုးရှိကြပြီး သက်တမ်းပေါ်မူတည်ပြီးတော့ သက်လျှင်မျိုး၊ သက်လတ်မျိုး၊ သက်ကြီးမျိုးဆိုပြီးခွဲခြားနိုင်ပါတယ်။သက်လျင်မျိုးကတော့နှစ်လခွဲ၊သက်လတ်မျိုးကတော့သုံးလ သက်တမ်း၊ သက်ကြီးမျိုးကတော့ လေးလမှလေးလခွဲထိရှိကြပါတယ်။ ဂန္ဓမာပန်းများကို စိုက်ပျိုးရာမှာ တော့ ပျိုးကိုင်းများကိုပျိုးထောင်ပြီး စိုက်ပျိုးကြပါတယ်။

    ဂန္ဓမာပန်းစိုက်ပျိုးရာတွင်နံနက်နေရောင်(၅-၆)နာရီခန့်ရသောနေရာ လေဝင်လေထွက်ကောင်းသော နေရာ၊ မြေဆီဩဇာထက်သန်ပြီး ရေမဝပ်ရေမစိမ့်သောနေရာ၊ နုံးမြေ၊ သဲနုံးမြေနှင့် သစ်ဆွေးဓါတ် ကြွယ်ဝ၍ မြေချဉ်ငံဓါတ် (၆.၅-၇.၅) ရှိသော မြေတွင် ကောင်းစွာဖြစ်ထွန်းသည်။နေ့တာတိုပြီး ညတာရှည်သော ရာသီဥတုကို ကြိုက်နှစ်သက်သည်။ နှင်းထူထပ်စွာ ကျတက်သောဒေသ၊ နေ့တာရှည်ပြီးနေအပူရှိန် ပြင်းထန်သော ဒေသများတွင် မဖြစ်ထွန်းပါ။ နေ့အပူချိန် (၃၀) ဒီဂရီစင်တီဂရိတ်ကျော်ပါက အပင်ကြီးထွားနှုန်း နှေးသွားပါသည်။ အပင်ဖြစ်ထွန်းချိန်တွင် နေ့တာရှည်ပြီး ညတာတိုသော ရာသီ ဖြစ်သင့်သည်။ နေ့အပူချိန် ၂၀-၂၈ ဒီဂရီ စင်တီဂရိတ် အတွင်း အပင်ကြီးထွားမှုကို ကြိုက်နှစ်သက်သည်။ နေ့အပူချိန် ၁၅ ဒီဂရီစင်တီဂရိတ်အောက် ဆင်းသွားပါက အပင်ကြီးထွားမှု ရပ်တန့်သွားပါသည်။ ပန်းဖူးစတင်ဝင်ချိန်မှစ၍ နေ့တာတိုပြီး ညတာရှည်သော ရာသီဥတုကို ကြိုက်နှစ်သက်သည်။

    စိုက်ပျိုးမြေပြင်ဆင်ခြင်း

    ဂန္ဓမာပန်းစိုက်ပျိုးရန်အတွက် ထယ်ရေးပြင်ခြင်းလုပ်ငန်းများကို စနစ်တကျပြုလုပ်ကြရသည်။ ပန်းစိုက်ပျိုးနိုင်ရန်အတွက် ထွန်ဖြင့်အနည်းဆုံး ၅ စပ်အထိခုတ်ရလေ့ရှိသည်။ ထယ်ရေးပြင်ပြီးသည်နှင့် စိုက်ဘောင်များကို စနစ်တကျပြုလုပ်ပေးရမည်။ ရေဝပ်သည့်နေရာဖြစ်ပါက စိုက်ဘောင်များဖြင့် စိုက်ပျိုးပေးသင့်ပါတယ်။

    ဇွန်လဆန်းပိုင်းမှစတင်၍ သားတက်များအား သဲပျိုးဘောင်များတွင် ရွှေ့စိုက်ပြီးအမြစ်ပွားများဖြစ်အောင် ဆောင်ရွက်ပေးပါ။ စိုက်ဘောင်အကျယ်နှင့် အရှည်အား မျိုးနှင့် ဒေသအလိုက် အလျဉ်း သင့်သလိုထားပေးပါ။ ယေဘူယျ အားဖြင့်ဘောင်အရှည် (၂၀-၃၀) ပေနှင့် ဘောင်အကျယ်(၂.၅-၃)ပေ ထားကြပါသည်။ ဘောင်ပေါ်မှာတော့မြေဆွေး၊နွားခြေး၊ ကြက်ချေးစတာတွေကို မြေနဲ့သမအောင် ရေမွှေပေးပါ။ စိုက်ပျိုးမည့် ပျိုးကိုင်းများကို တော့အရိပ်ထဲမှာ ထားပေးရမှာဖြစ်ပါတယ်။ နံနက်ပိုင်းနေရောင်ခြည်ကိုပြပြီးတော့ နေခင်းပိုင်းနဲ့ညနေပိုင်းတွေမှာတော့ အရိပ်လုပ်ပေးထားရမှာဖြစ်ပါတယ်။ ပန်းပျိုးပင်စတင်မစိုက်ပျိုးမီ ဘောင်ပြင်ဆင်ချိန်တွင် မြေအောင်းပိုးသတ်ဆေး ထည့်ပေးသင့်သည်။ စတင်စိုက်ပျိုးမည့်နေ့တွင် ရှေ့မှပန်းပေါင် များကို ရေစိုနေအောင်လောင်းကာ နောက်မှပန်းပင်များကို စိုက်ပျိုးရသည်။

    မြေဩဇာကျွေးခြင်း

    စိုက်ခင်းမြေပြင်ချိန်တွင် မြေခံအဖြစ် ၁၅ ပတ်လည် ၅၀ ကီလို၊ ကျောက်မှုန့်မြေဩဇာ (၅၀) ကီလိုခန့် ထည့်ပေးပါ။ ပျိုးသက်တစ်လသား၊ နှစ်လသား ၊ သုံးလ နှင့် သုံးလခွဲသားတွင် နောက်ပိုင်းအချိုးများသော မြေဆီကို ၂ပတ် တစ်ကြိမ် ထည့်ပေးနိုင်သည်။

    ပြုစုခြင်း

    စိုက်ပျိုးသက် ၁၄ ရက် မြောက်သောနေ့တွင် ပင်ခြေအား မြေဆွ ( ခါးလှည့်) ခြင်း၊ပေါင်းမြက်များကို ရှင်းလင်းစေပြီးလျှင် စပ်ဖွဲပြာ နှင့် ယူရီးယား ၁၀၀: ၁ ရောစပ်ပြီး ပန်းပင်နှစ်ပင်ကြား ပန်းခုံပေါ်သို့ ထည့်သွင်းပြီး ရေအဝ တိုက်ကျွေးပါ။( ပက်ဖြန်းပေးပါ) မိုရယ်မုန်း ၁၀ စီစီ ၊ 30: 10 :10 အချိုး ရေပျော်ရွက်ဖျန်းဆေးမှုန့်ကို ရေ ၄ ဂါလံနှင့် ဖျော်စပ်ပြီး နေရောင်မရှိချိန်တွင် နှံ့စပ်ညီညာစွာ ပက်ဖြန်းပေးပါ။ စိုက်သက် ၂၄ ရက်မြောက်သောနေ့တွင် ဒုတိယအကြိမ် ပေါင်းသင်ခြင်း မြေဆီကျွေးခြင်းပြုလုပ်ပြီး ခေါင်ညွန့်ကို ဆိတ်ဖယ်ပေးရပါမည်။ထိုသို့ခေါင်ညွန်ကို နှိမ်ပေးခြင်းဖြင့် ကိုင်းတက်ပွားများစေလာခြင်း၊ ထိုသို့ပွားများပြီး ပန်းပင်များ တပင်နှင့်တပင် ထိန်းမတ်ပေးရာ ရစေပြီး ထိုက်သင့်သော လေဒဏ်မိုးဒဏ်ကို ကာကွယ်နိုင်မည်။ ထိုသို့ခေါင်ညွှန့်နှိမ်ပေးရာတွင် မိမိစိုက်ပျိုးသောမျိုးနှင့် ဒေသရာသီ စျေးကွက်ကို ချင့်ချိန်ခြင်းအမှုကိုလည်း ဂရုပြုစေလိုပါသည်။

    စိုက်သက် ၃၅ ရက်မြောက်သောနေ့တွင် ခါးလှည့်မြေဆွပေးခြင်း သဘာဝမြေသြဇာနှင့် ၁၅ ပတ်လည် ရောစပ်၍ ပန်းဘောင်အား အစာကြွေးခြင်း၊ မိုရယ်မုန်း ၁၀ စီစီ၊ ဂျစ်ဗရယ်လစ်အက်ဆစ် ၅ ဂရမ် ကို ရေ ၄ ဂါလံနုံးထားဖြင့် ရောစပ်ပက်ဖျန်းပေးရပါမည်။ စိုက်ပျိုးသော ပန်းအမျိုးအစားပေါ် မူတည်၍ ပန်းပွင့်ချိန် ညီညာစေရန် သန်မာသောအဖူးနှင့် သေးနုတ်သော ပန်းအဖူးများကို ခြွေပေးရပါမည်။ တစ်ပွင့်ထိုးမျိုးများကို တစ်ပင်တွင် (၂-၃) ပွင့်ချန်ပြီး ကျန်ဘေးတက်များကို ဖဲ့ပေးသင့်ပြီ, ပဒေသာမျိုးများကိုတော့ ပွင့်သမျှ အကုန်ယူပါသည်။

    ပန်းအမျိုးစားပေါ်တည်မှီပြီး အပင်အရပ် တပေကျော်ချိန် ဖူးတံဝင်လာချိန်မှစ၍ ရွက်ဖြန်းဆေး ဖြန်းရာတွင် နိုက်ထရိုဂျင်ဓာတ်ပါဝင်မှု နည်း၍ ပိုတက်ရှ်နှင့်ဖော့စ်ဖ်ပ်အချိုးများသော ရွက်ဖြန်း အားဆေးများကို သုံးပေးပါ။

    ခူးဆွတ်ခြင်း

    ပန်းစိုက်ပျိုးသည်မှစကာ ရေဖျန်း ပိုက်ဖြင့်ရေဖျန်းကြရသည်။ ရေဖျန်းမှုတွင် ရာသီဥတုပူပါက သုံးခါအထိဖျန်းကြပြီး ရာသီဥတုအေးပါက နှစ်ခါခန့်ဖျန်းကြရကာ ပန်းပင်များ ဖြစ်ထွန်းအောင်မြင်ရန်အတွက် ၁၅ ရက်တစ်ကြိမ်မြေဆီကျွေးပေးရပြီး စိုက်ပြီး သုံးလကျော် လေးလအရောက်တွင် ပန်းများစျေးကွက်အတွင်းရောင်းချနိုင်သည့် အနေအထားသို့ ရောက်ရှိသည်။

    ရွေးချယ်စိုက်ပျိုးသည့် မျိုးအလိုက် ပန်းစပွင့်သည်မှ ၂ ရက်ခြားတစ်ကြိမ် ခူးဆွတ်နိုင်ပါသည်။ ပန်းပွင့်အနေအထား၊ ဈေးကွက် အနီးအဝေးပေါ်မူတည်ပြီး နံနက်ခင်း နေအေးချိန်တွင် ခူးဆွတ်သင့်သည်။

    ဂန္ဓမာပန်းမှာ ဆိုးဝါးစွာ ကျရောက်သည့် ပိုးမွှား၊ ရောဂါ အကြောင်းကိုထွက်တိုး page မှာ ဆက်လက်ဖော်ပြပေးသွားပါမည်။

    References - http://eagri.org/eagri50/HORT281/lec38.html

    https://www.mineralnutrient.eu/case-studies/chrysanthemum/

    Mizzama TV ( ဂန္ဓမာပန်းစိုက်ပျိုးခြင်း)၊ Htwettoe Crop Guide


  • article
likes10comments0
views185views1846