cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

တစ်ပတ်စာ မိုးလေဝသခန့်မှန်းချက်နှင့် ရေလုပ်ငန်းအကြံပြုချက်  (ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး)  

. ရာသီဥတု သတင်းများ
‼️ ယနေ့ တွံတေးမြို့တွင် အဖျက်မိုး ရွာနိုင်ချေရှိပါတယ်‼️
  • ပဲခူးတိုင်းဒေသကြီး 

    ၁။ လက်ပံတန်းမြို့နယ်  

    ယနေ့ မိုးရွာရန် ၆၆ ရာခိုင်နှုန်း ရှိပြီး မနက်ဖြန်မှာ ၄၀ ရာခိုင်နှုန်းသာ ရှိပါတယ်။ နိုဝင်ဘာ ၁၅၊ ၁၆၊ ၁၇၊ ၁၈ ရက်တို့မှာ ၂၅ ရာခိုင်နှုန်း အောက်သာ ရှိသဖြင့် နေပြင်းနိုင်ပါတယ်။  

    ၂။ မိုးညိုမြို့နယ်  

    ယနေ့နဲ့ မနက်ဖြန်မှာ မိုးရွာရန် ၄၀ ရာခိုင်နှုန်းသာ ရှိပါတယ်။ နိုဝင်ဘာ ၁၅၊ ၁၆၊ ၁၈ ရက်တို့မှာ ၂၅ ရာခိုင်နှုန်းအောက်သာ ရှိသဖြင့် နေပြင်းနိုင်ပါတယ်။ နိုဝင်ဘာ ၁၇ ရက်နေ့မှာ ၆၆ ရာခိုင်နှုန်း ရှိသဖြင့် တိမ်အသင့်အတင့် ရှိနိုင်ပါတယ်။

    ၃။ သာယာဝတီမြို့နယ်  

    ယနေ့ မိုးရွာရန် ၆၆ ရာခိုင်နှုန်း ရှိပြီး မနက်ဖြန်မှာ ၄၀ ရာခိုင်နှုန်းသာ ရှိပါတယ်။ နိုဝင်ဘာ ၁၅၊ ၁၆၊ ၁၇၊ ၁၈ ရက်တို့မှာ ၂၅ ရာခိုင်နှုန်း အောက်သာ ရှိသဖြင့် နေပြင်းနိုင်ပါတယ်။  

     

    ရန်ကုန်တိုင်းဒေသကြီး  

    ၁။ တွံတေးမြို့နယ်  

    ယနေ့ မိုးရွာရန် ၉၀ ရာခိုင်နှုန်း ရှိသဖြင့် မိုးရွာနိုင်ပါတယ်။ နိုဝင်ဘာ ၁၄ ရက်နေ့မှာ ၇၀ ရာခိုင်နှုန်း၊ ၁၅ ရက်နေ့မှာ ၆၀ ရာခိုင်နှုန်း ရှိသဖြင့် တိမ်အသင့်အတင့် ရှိနိုင်ပါတယ်။ နိုဝင်ဘာ ၁၆၊ ၁၇၊ ၁၈ ရက်တို့မှာ မိုးရွာရန် ၂၅ ရာခိုင်နှုန်းအောက်သာ ရှိသဖြင့် နေပြင်းနိုင်ပါတယ်။  

    ၂။ သန်လျင်မြို့နယ်  

    ယနေ့ မိုးရွာရန် ၅၅ ရာခိုင်နှုန်း၊ မနက်ဖြန်မှာ ၄၀ ရာခိုင်နှုန်း ရှိပါတယ်။ နိုဝင်ဘာ ၁၅ ရက်နေ့မှ ၁၈ ရက်နေ့အထိ မိုးရွာရန် ၂၅ ရာခိုင်နှုန်းအောက်သာ ရှိသဖြင့် နေပြင်းနိုင်ပါတယ်။   

    ၃။ ကျောက်တန်းမြို့နယ်  

    ယနေ့ မိုးရွာရန် ၄၀ ရာခိုင်နှုန်း ရှိပြီး မနက်ဖြန်မှာ ၇၀ ရာခိုင်နှုန်း ရှိသဖြင့် တိမ်ထူနိုင်ပါတယ်။ နိုဝင်ဘာ ၁၅ ရက်နေ့မှ ၁၈ ရက်နေ့အထိ မိုးရွာရန် ၂၅ ရာခိုင်နှုန်းအောက်သာ ရှိသဖြင့် နေပြင်းနိုင်ပါတယ်။   

     

    ငါးကန်များအတွက်အကြံပြုချက်  

     

    ငါးများတွင် ပြင်းထန်သော အဆိပ်အတောက်ဖြစ်စေနိုင်သော အချက်များမှာ‼️ 

        ဖြည့်စွက်စာအလွန်အကျွံကြွေးခြင်း၊ ကန်ရေ ဩဇာအလွန်အမင်းများပြားခြင်း၊

        ကန်ရေတွင် အောက်စီဂျင်နည်းပါးခြင်း၊ ရေချဉ်ဖန်နှုန်း ပြောင်းလဲခြင်း၊

        အမိုးနီးယား နှင့် ဟိုက်ဒရိုဂျင် ဆာလဖိုဒ်များရှိနေခြင်းနှင့်

        ကန်ပတ်ပတ်လည်တွင် အဆိပ်အတောက် ဖြစ်စေသည့် အပင်များ၊ မှို နှင့် ပိုးသတ်ဆေး အကြွင်းအကျန်တို့ကြောင့် ဖြစ်တတ်ပါသည်။

    ဒါ့အပြင် ငါးမွေးကန်အတွင်း ရောဂါဖြစ်စေနိုင်သော သက်ရှိများရှင်သန် မျိုးပွားပျံ့နှံ့မှုများ ဖြစ်စေနိုင်ပြီး၊ ရောဂါကာကွယ်ထိန်းချုပ်ရာတွင် ပိုမိုခက်ခဲစေနိုင်ပါသည်။ ၄င်းတို့မှာ-

        ငါးရိုင်းများတွင် ငါးရောဂါရှိနေခြင်း၊

        ခရု၊ ငှက် ကဲ့သို့သော ကြားခံလက်ခံကောင်များရှိနေခြင်း၊

        ရောဂါဖြစ်ပွားစေသည့် သွင်းအားစုများ ထည့်သွင်းခြင်း (စွန့်ပစ်ငါးတို့မှ တဆင့် ရောဂါဖြစ်ပွားခြင်း၊ ငါးသားပေါက်၊ ငါးမှုန် တို့မှ ရောဂါပါလာခြင်းနှင့် ရောဂါဖြစ်ပွားသော ငါးကန်မှစွန့်ပစ် ရေကို သွင်းမိခြင်း)တို့ကြောင့် ဖြစ်တတ်ပါသည်။

     

    Weather Source: CIAT  

     

    ------------------ 

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊

    မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို

    ပိုမိုလေ့လာလိုပါက ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ

    -https://htwettoe.com/download 

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့

    - https://www.facebook.com/groups/4200052776702483 

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။ 


  • article
likes4comments0
views576views1610