cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ကောင်းသော ငါးသားပေါက် (ငါးမှုံ) ၏ဝိသေသလက္ခဏာများ

. ငါးမွေးမြူရေးလမ်းညွှန်
ငါးမွေးတော့မယ်ဆိုရင် ငါးမှုံရဲ့ လက္ခဏာကို အသေအချာ ဆန်းစစ်ပြီးမှ မွေးကြဖို့ အကြံပြုချင်ပါတယ်။ ဒါကြောင့် အောက်ဖော်ပြပါ အချက်တို့ကို သိထားဖို့ လိုပါမယ်။
  • ငါးမွေးတော့မယ်ဆိုရင် ငါးမှုံရဲ့ လက္ခဏာကို အသေအချာ ဆန်းစစ်ပြီးမှ မွေးကြဖို့ အကြံပြုချင်ပါတယ်။ ဒါကြောင့် အောက်ဖော်ပြပါ အချက်တို့ကို သိထားဖို့ လိုပါမယ်။

    ကောင်းသော ငါးသားပေါက် (ငါးမှုံ) ၏ဝိသေသလက္ခဏာများ

    ငါးခန္ဓာကိုယ်အရောင် တောက်ပကာ ဖန်သားပြင်ကဲ့သို့ ဖြစ်နေ၏။

    ငါး၏အကြေးခွံတို့သည် ချောမွေ့နေကြသည်။

    ငါး၏ခန္ဓာကိုယ် ဖွဲ့စည်းပုံသည် ပုံမှန်ဖြစ်သည်။

    ငါး၏ခန္ဓာကိုယ်နှင့် ပါးဟက်တို့တွင် အစက်အပြောက် မရှိချေ။

    ငါး၏အမြီးကို ဖမ်းကိုင်လိုက်ချိန်တွင် ငါးက သူ့ခေါင်းကို အလျင် အမြန် ရမ်းခါနေတတ်သည်။

    အိုးခွက်/ဇလုံအတွင်း ပိုက်ဖြင့် ရေသွင်းပေးလျှင် ရေစီးကြောင်းကို ဆန်တက်ကာ မရပ်မနား အမြဲတစေ ကူးခတ်နေတတ်သည်။

    မကောင်းသော ငါးသားပေါက် (ငါးမှုံ) ၏ဝိသေသလက္ခဏာများ

    ငါးခန္ဓာကိုယ်နှင့် ပါးဟက်၌ အနီ (သို့) အနက်ရောင် အစက်အပြောက်များ ရှိနေတတ်၏။

    ငါး၏ ခန္ဓာကိုယ်၏အရောင်သည် ဖျော့နေတတ်သည်။

    အကြေးခွံတို့သည် ကြမ်းနေတတ်သည်။

    ငါး၏ခန္ဓာကိုယ်သည် မလှုပ်နိုင်မရှားနိုင်ဘဲ အမြဲ ငြိမ်နေတတ်၏။

    အမြီးကို ဖမ်းကိုင်ချိန်၌ ခေါင်းကို ဖြည်းဖြည်းလေးသာ ရမ်းခါနိုင်၏

    အိုးခွက်/ဇလုံအတွင်း ပိုက်ဖြင့် ရေသွင်းပေးလျှင်လည်း ရေစီးကြောင်းအတိုင်း ငြိမ်သက်စွာ မျောပါသွားတတ်သည်။

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ https://htwettoe.com/download

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483

    https://htwettoe.com/organization/4

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


  • article
  • article
likes5comments0
views144views2963