cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ကွမ်းပင်တွင်ကျရောက်တတ်သော ရောဂါများ

. ရောဂါ
ကွမ်းပင်ကို စီးပွားဖြစ် စိုက်ပျိုးကြရာတွင် ဘက်တီးရီးယား ဆီစွန်းရောဂါကျရောက်တတ်ပါသည်။ ကွမ်းရွက်များပေါ်တွင် ညိုမဲပြီးအဝိုင်းပုံများ၊ အဝါရောင် အနားရစ်ပါဝင်သော အကွက်များ ဖြစ်ပေါ်သည်။ နံနက်စောစောတွင် ရောဂါရနေသော ကွမ်းရွက်၏ အောက်မျက်နှာပြင် ရောဂါကွက်တွင်ဆီများထွက်နေသကဲ့သို့ဘက်တီးရီးယားစိမ့်ထွက်ရည်များကိုတွေ့ရှိရပါသည်။
  • article
  • article
  • မြန်မာနိုင်ငံတွင် ကွမ်းခြံ စိုက်ပျိုးလုပ်ကိုင်သူ တောင်သူကြီးများစွာ ရှိပါသည်။ ကွမ်းပင်သည် တစ်နည်းအားဖြင့် နွယ်ဖြင့်အရွက်ထွက်ခါရှင်သန်သောအပင် ဖြစ်ပါသည်။ ကွမ်းပင်သည် တစ်ခါ စိုက်ပျိုးထားရှိသည်နှင့်အပင်၏ ဖြစ်ထွန်းမှုအပေါ်မူတည်၍ အရွက်များကို ခူးယူရောင်းချနိုင်သော သီးနှံပင်ဖြစ်ပါသည်။ ကွမ်းရွက်သည်လည်း လူတို့၏ ကျန်းမာရေးအတွက် ဆေးဖက်ဝင်သည့်အပင်လည်း ဖြစ်ပါသည်။ 

    ဘက်တီးရီးယား ဆီစွန်းရောဂါ 

    ကွမ်းပင်ကို စီးပွားဖြစ် စိုက်ပျိုးကြရာတွင် ဘက်တီးရီးယား ဆီစွန်းရောဂါကျရောက်တတ်ပါသည်။ ကွမ်းရွက်များပေါ်တွင် ညိုမဲပြီးအဝိုင်းပုံများ၊ အဝါရောင် အနားရစ်ပါဝင်သော အကွက်များ ဖြစ်ပေါ်သည်။ နံနက်စောစောတွင် ရောဂါရနေသော ကွမ်းရွက်၏ အောက်မျက်နှာပြင် ရောဂါကွက်တွင်ဆီများထွက်နေသကဲ့သို့ဘက်တီးရီးယားစိမ့်ထွက်ရည်များကိုတွေ့ရှိရပါသည်။ 

    အရွက်အညှာနှင့် ပင်စည်များ ညိုမဲကာ သေသွားတတ်ပါသည်။ ကွမ်းရွက်တွင်ညိုမဲသော ပင်စည်ပိုင်းကိုဖြတ်၍ ရေကြည်ထည့်ထားသော ဖန်ခွက်ထဲတွင် စိမ်ကြည့်ပါက အဖြူရောင် အမျှင်တန်း ဘက်တီးရီးယား စိမ့်ထွက်ရည်များကို တွေရှိနိုင်ပါသည်။ ကွမ်းရွက် ဆီစွန်းရောဂါကို ကာကွယ်ရန်အတွက် ကွမ်းခြံအတွင်း ပေါင်းမြက်များ ကင်းစင်အောင် ဆောင်ရွက်ထားရှိရန် လိုအပ်ပါသည်။ 

    နေရောင်ခြည်နှင့် လေဝင်လေထွက်ကောင်းမွန်စေရန်လည်း လိုအပ်ပါသည်။ ရောဂါရရှိသော ကွမ်းရွက်များကို ချက်ချင်းဖျက်ဆီးပစ်ပါ။ အပင်၏အခြေ ရေမဝပ်စေရန် ရေနုတ်မြောင်းများ ထားရှိဆောင်ရွက်ပါ။ ရောဂါစတင်တွေ့ရှိလျှင် ကော့ပါးပါသောဆေးဖြင့် ပက်ဖျန်းကာကွယ်ပါ။ 

    ပင်ခြေပုပ် ရိုးမဲဆစ်ပြုတ်ရောဂါ 

    ကွမ်းပင်များကို စိုက်ပျိုးရာတွင် ပင်ခြေပုပ် ရိုးမဲဆစ်ပြုတ်ရောဂါလည်း ကျရောက်တတ်ပါသည်။ 

    ရောဂါလက္ခဏာများမှာ ကွမ်းပင်များ မြေပြင်နှင့်ကပ်လျက် ပင်စည်အပိုင်းများတွင် ရေစိုနာအညိုရောင်အကွက်များ ဖြစ်ပေါ်ပြီး တစ်ပတ်လည်ပတ်မိသွားပါက ဒဏ်ရာရအဝိုင်းများ ညိုမဲလာသည်။ အပင်၏ အခြေရင်းမှ ဆွေးပုပ်ပြီး အမြစ်များပျက်စီးလာသဖြင့် ညိုမဲသွားကာအဆစ်များပါ ပြုတ်ထွက်ပြီး အပင်ပါသေတတ်သဖြင့် ရိုးမဲရောဂါဟုလည်း ခေါ်ပါသည်။ 

    ကွမ်းပင်ရိုးမဲရောဂါများကို ကာကွယ်ရန် နည်းလမ်းများမှ ရောဂါရနေသော အရွက်များနှင့် အပင်များကို ချက်ချင်းဖျက်ဆီးပါ။ အပင်ခြေ ရေမဝပ်စေရန်အထူးသတိပြုပါ။ ကွမ်းပင်များကို စိုက်ပျိုးရာတွင် ရောဂါကင်းသော ကွမ်းခြံများမှ ကွမ်းကောင်းမျိုးသန့်များကို စိုက်ပျိုးပါ။ ရိုးမဲရောဂါ စတင်တွေ့ရှိပါက ကော့ပါးပါသောဆေးဖြင့် ပက်ဖျန်းကာကွယ်ပါ။ 

    ဒေါင်းမြီးကွက်ရောဂါ 

    တချို့သော ကွမ်းခြံများတွင် ဒေါင်းမြီးကွက်ခေါ် ရွက်ပြောက်ရောဂါများ ကျရောက်တတ်ပါသည်။ အရွက်ထိပ်များမှစ၍ ညိုမဲသော အနာကွက်များ စတင်ဖြစ်ပေါ်ကာ အရွက်ရင်းပိုင်းများအထိ ကြီးမားလာကာ ရွက်ကြောများအလိုက် ခြောက်၍ သွားတတ်ပါသည်။ ဒေါင်းအမြီးအကွက် ကဲ့သို့ဖြစ်ပေါ်လာကာ အရွက်များခြောက်သွေ့လာပါသည်။ 

    ထို့ကြောင့် ကွမ်းရွက်ခြောက် ရောဂါဟုလည်း ခေါ်ပါသည်။ ဒေါင်းမြီး ကွက်ရွက်ပြောက်ရောဂါများကို ကာကွယ်ရန်အတွက် ပေါင်းမြက်များကို ကင်းစင်အောင် ဆောင်ရွက်ပါ။ ကွမ်းပင်များ ရောဂါစတင်တွေ့ရှိပါက ခူးယူဖျက်ဆီးပြီး မှိုသတ်ဆေးများဖြင့် ပက်ဖျန်းကာကွယ်ပေးပါ။ 

    ထို့ကြောင့် ကွမ်းပင်များကို စီးပွားဖြစ် စိုက်ပျိုးထားရှိကြသော တောင်သူ လယ်သမားများအတွက် ကွမ်းပင်များ ရောဂါကျရောက်ပါကရောဂါနှင့်ဆေး တည့်မိစေရန်နှင့် ကွမ်းပင်၊ ကွမ်းခြံများမှ ကွမ်းအထွက်နှုန်း မြင့်မားတိုးတက်နေစေရန် “ကွမ်းပင်ကျရောဂါများကို စနစ်တကျ ကာကွယ်ကြပါ” ဟု တိုက်တွန်းအပ်ပါသည်။ 


    - ရွှေမင်းအောင်(ကျောက်ပန်းတောင်း) 

    မြန်မာတောင်သူကြီးများ ဂျာနယ် 

     


likes10comments0
views435views2602