cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မြန်မာ့ရော်ဘာစိုက်ခင်းများကို ခြိမ်းခြောက်လာတဲ့ ရွက်ကြွေမှိုရောဂါ ကြိုတင်ကာကွယ်တားဆီးဖို့ လိုပြီ

. ရောဂါ
ဖောငမြှောင်တောင်ကဲ့သို့ ပြန့်ပွားမှုမြန်ဆန်၊ ဖြစ်ပွားမှုပြင်းထန်တဲ့ ရော်ဘာရွက်ေ<ကမှိုရောဂါတစ်မျိုး မြန်မာနိုင်ငံအနီးသို့ ချဉ်းကပ်လာနေပြန်ပါပြီ။ အိမ်နီးချင်းနိုင်ငံများဖြစ်တဲ့ အင်ဒိုနီးရှားနဲ့ မလေးရှားနိုင်ငံသို့ လှည့်ပတ်ခြေဆန့်ခဲ့ပြီး ယနေ့ ထိုင်းနိုင်ငံသို့ ကူးစက်ခြေကုပ်ယူခဲ့သည်မှာ နှစ်နှစ်ကျော်ခန့် ရှိသွားပါပြီ။ မြန်မာ့ရော်ဘာစိုက်ခင်းတွေကို မျက်စောင်းထိုး ခြိမ်းခြောက်နေပြီ ဖြစ်ပါတယ်။
  • ဖောငမြှောင်တောင်ကဲ့သို့ ပြန့်ပွားမှုမြန်ဆန်၊ ဖြစ်ပွားမှုပြင်းထန်တဲ့ ရော်ဘာရွက်ေ&lt;ကမှိုရောဂါတစ်မျိုး မြန်မာနိုင်ငံအနီးသို့ ချဉ်းကပ်လာနေပြန်ပါပြီ။ အိမ်နီးချင်းနိုင်ငံများဖြစ်တဲ့ အင်ဒိုနီးရှားနဲ့ မလေးရှားနိုင်ငံသို့ လှည့်ပတ်ခြေဆန့်ခဲ့ပြီး ယနေ့ ထိုင်းနိုင်ငံသို့ ကူးစက်ခြေကုပ်ယူခဲ့သည်မှာ နှစ်နှစ်ကျော်ခန့် ရှိသွားပါပြီ။ မြန်မာ့ရော်ဘာစိုက်ခင်းတွေကို မျက်စောင်းထိုး ခြိမ်းခြောက်နေပြီ ဖြစ်ပါတယ်။  

    မဖြစ်နိုင်စရာမရှိပါ။ အင်ဒိုနီးရှား၊ မလေးရှား၊ အိန္ဒိယ၊ သီရိလင်္ကာမှပင် ထိုင်းသို့ ခုန်ကူးနိုင်ခဲ့သေးပါတယ်။ ဖောငမြှောင်တောင်တုန်းကလည်း အိန္ဒိယနိုင်ငံက တစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အခြေချခဲ့ပြီး သုံးနှစ်အကြာမှာ ကြိုတင်ကာကွယ်တားဆီးမှုအချိန်မီမလုပ်နိုင်ခဲ့တဲ့အတွက် မြန်မာနိုင်ငံဘက်ကို တစ်မုဟုတ်ချင်း မထင်မှတ်ဘဲ ဝင်ရောက်ခံရခြင်းဖြစ်ပါတယ်။  

    ၎င်းင်းကနဦး စတင်ဝင်ဝင်ချင်းနှစ်မှာပင် အစေ့ထုတ်ပြောင်း ဧကတစ်သိန်းခွဲကျော် မွှေနှောက်ဝါးမျိုဖျက်ဆီးခံလိုက်ရပါတယ်။ ယခုအထိ ယတိပြတ် ကာကွယ်နှိမ်နင်းနိုင်မှုမရှိ။ အကင်းမသေသေးဘဲ အစေ့ထုတ်ပြောင်းစိုက်ခင်းတွေ နှိပ်စက်ခံနေကြရတာကို တွေ့မြင်ကြားသိနေရပါတယ်။ မွန်၊ကရင်၊ တနင်္သာရီဒေသတွေက ရော်ဘာစိုက်ခင်းတွေဟာ ထိုင်းနိုင်ငံ နယ်စပ်ဒေသနဲ့ လက်တစ်ကမ်းသာ ထိစပ်နေတဲ့အခြေအနေဖြစ်လို့ အချိန်မရွေး ခုန်ကူးလာနိုင်ပါတယ်။ ရော်ဘာရွက်ေ&lt;ကမှိုဟာ လက်ခံပင်သီးသန့်မရှိဘဲ အပင်အမျိုးအစားများစွာ(ဆီအုန်း၊ ကော်ဖီ၊ကိုကိုး၊ သီဟိုဠ်၊ သစ်သီးပင်အမျိုးမျိုးနဲ့ ပေါင်းပင်အချို့) မှာ ကျရောက်နိုင်တာ တွေ့ရပါတယ်။ 

    ရော်ဘာအရွက်ကြွေမှုဟာ မျိုးစိတ်ပေါင်း ၂၂၀ ကျော် ရှိတာ တွေ့ရပါတယ်။ ၎င်းအနက်မှ မျိုးစိတ်၂၃ မျိုးဟာ အပင်တစ်ရှူးထဲမှာ အသက်ရှင်နေထိုင်နိုင်တာ တွေ့ရပါတယ်။ရော်ဘာရွက်ကြွေမှိုရောဂါ ကျရောက်ပါက ရော်ဘာထုတ်လုပ်မှု ၅၀ ရာခိုင်နှုန်းအထိ ကျဆင်းနိုင်ကြောင်း ရော်ဘာအာဏာပိုင်အဖွဲ့အောက်ရှိ ရော်ဘာသုတေသနဌာန ညွှန်ကြားရေးမှူး Krissada Sangsing က ပြောထားပါတယ်။ 

    ရော်ဘာရွက်ကြွေမှိုရောဂါဟာ သက်ကြီးရော်ဘာပင်များမှာ ကျရောက်ပါက ခံနိုင်ရည်ရှိမှုနည်းပြီး အရွက်အားလုံးရဲ့ ၉၀ ရာခိုင်နှုန်းအထိ ကြွေကျကုန်ပါတယ်။ရော်ဘာစေးထွက်ရှိမှုလည်း နည်းသွားပြီးတချို့အစေးထွက်မှု လုံးဝတန့်သွားတဲ့အထိခံစားရပါတယ်။ရော်ဘာရွက်ကြွေမှိုရောဂါ ကူးစက်ပျံ့နှံ့မှုမှာ မြန်ဆန်လွန်းပြီး ပြင်းထန်စွာဖြစ်ပွားမှုလည်း ရှိပါတယ်။ ပျံ့နှံ့ရာမှာ မျိုးကိုင်း၊ ကိုင်းဖူး၊ ရောဂါမှိုကျခံထားရတဲ့ အရွက်တွေကြွေကျဆွေးမြည့်ပြီး မှိုများ ရှင်သန်ပေါက်ပွားများလာကာ မိုးရေနဲ့ စီးဆင်းမျောပါ၍လည်းကောင်း၊ ရောဂါမှိုကျခံထားရတဲ့အရွက်တွေ လေနဲ့ လွင့်မျောပါရှိပြီးလည်းကောင်း ကူးစက်ပျံ့နှံ့ပါတယ်။ 

    ဒါကြောင့်ကူးစက်ပျံ့နှံ့မှုမြန်ဆန်၊ ဖြစ်ပွားမှုပြင်းထန်တာ ဖြစ်ပါတယ်။လက်ရှိအခြေအနေမှာ ရော်ဘာရွက်ကြွေမှိုရောဂါ နိုင်ငံအလိုက် ဖြစ်ပွားနေမှုကိုလေ့လာကြည့်ဖို့ လိုအပ်ပါတယ်။ ထိုင်းနိုင်ငံမှာ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလမှာနာလာထိဝတ်ရှိ ကိုးခရိုင်မှာ ရောဂါစတင်ကျရောက်ခံရပြီး ယနေ့ထိ တစ်နိုင်ငံလုံးဧရိယာ ဟက်တာ ၅၁၂၀၀ ကျရောက်လျက်ရှိပါတယ်။ အပင်ကြီးစိုက်ခင်းမှာ ဆိုးရွားစွာကျရောက်ပြီး ၉၀ ရာခိုင်နှုန်း အရွက်ကြွေသွားခဲ့ပါတယ်။  

    ရော်ဘာအစေးထွက် ၅၀ ရာခိုင်နှုန်း လျော့ကျခဲ့ပါတယ်။ ထိုင်းနိုင်ငံတောင်ပိုင်း နာလာထိဝတ်ပြည်နယ်အတွင်းခရိုင်သုံးခရိုင်မှာ ဆိုးရွားစွာ ကျရောက်လျက်ရှိကြောင်း ထိုင်းနိုင်ငံ ရော်ဘာအာဏာပိုင်အဖွဲ့က ထုတ်ပြန်ထားပါတယ်။ ရောဂါကျရောက်ခံရတဲ့ ရော်ဘာမျိုးတွေကတော့ RRIM-600, RRIT - 251, PB - 311 တို့ဖြစ်ပြီး RRIM - 600 eJY RRIT - 251 မျိုးတွေဟာ တစ်ပင်လုံး အရွက်ကြွေသွားပြီး အပင်အရိုးပြိုင်းပြိုင်းသာကျန်တော့တာ တွေ့ရပါတယ်။  

    ထိုင်းနိုင်ငံမှာ ရွက်ကြွေရောဂါဖြစ်စေတဲ့ သက်ရှိမှို Pestalotiopsis sp နဲ့ Colletotrichum sp နှစ်မျိုးတွေ့ရပြီး Pestalotiopsissp မျိုးက ပို၍အဖြစ်များတာကို တွေ့ရပါတယ်။ ထိုင်းနိုင်ငံမှာ ကျရောက်တဲ့ ရော်ဘာရွက်ေ&lt;ကမှို ရောဂါလက္ခဏာကိုကြည့်ရင်အရွက်ရင့်ရဲ့ အောက်မျက်နှာပြင်မှာ အဝါကွက်များတွေ့ရပြီး အဲဒီအဝါကွက်က တစ်ရှူးများသေ၍ အညိုဖျော့ရောင်ခြောက်လုံးဝိုင်းအနာကွက်များ ဖြစ်လာပါတယ်။ အဝါရောင်အနားသတ်မရှိဘဲ အရွက်ဝါလာပြီး ကြွေကျသွားပါတယ်။ 

     

     အရွက်သစ် ထွက်လာပြီး ကိုင်းထိပ်ဖျားခြောက်လာပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာ ကျရောက်တဲ့ အရွက်ကြွေမှိုရောဂါဟာ ၂၀၁၆ ခုနှစ်ကတည်းက စူးမတြားကျွန်းတောင်ပိုင်းကို ပျံ့နှံ့လာပြီး ယနေ့အထိ ကျရောက်မှုခံစားနေရတုန်း ဖြစ်ပါတယ်။ ရောဂါကျရောက်တဲ့ဧရိယာ ဟက်တာ ၃၈၆၉၃၀ ရှိပါတယ်။ရော်ဘာမျိုးအားလုံးမှာ ကျရောက်ခံရပြီးအရွက်ကြွေမှု ၅၀ ရာခိုင်နှုန်းအထက် ရှိပါတယ်။  

    အစေးထွက် ၁၅ ရာခိုင်နှုန်းအထိလျော့ကျတယ်လို့ ဆိုပါတယ်။ ရောဂါလက္ခဏာမှာ ပျိုးခင်း၊ ကိုင်းပွားခင်းနဲ့ စိုက်ခင်းများအားလုံးမှာ ကျရောက်ပါတယ်။ အရွက်ရင့်တွေမှာ ရောဂါလက္ခဏာ ပိုတွေ့ရပါတယ်။ အစပိုင်း အရွက်ပေါ်မှာ အညိုရောင်ကနေ မီးခိုးရောင်အကွက် ဖြစ်လာပါတယ်။ ၎င်းမှသုည ဒသမ ၅ - ၂ စင်တီမီတာအရွယ်အစားရှိတဲ့ လုံးဝိုင်းတဲ့အနာကွက်တစ်ခု(သို့) များစွာဖြစ်ပေါ်လာပါတယ်။  

    နောက်ပိုင်း အရွက်တွေဝါလာပြီး လျင်မြန်စွာကြွေကျပါတယ်။အပင်ပေါ်မှာ ရွက်အုံကျဲသွားပါတယ်။ အင်ဒိုနီးရှားမှာကျရောက်တဲ့ ရော်ဘာအရွက်ကြွေမှိုရောဂါဖြစ်စေတဲ့ သက်ရှိဟာ Pestalotiopsis sp နဲ့ Fusicoccum, Colletotrichum တို့ ဖြစ်ပါတယ်။ ကာကွယ်နှိမ်နင်းမှုကိုတော့ အပင်အပေါ်ပိုင်းကို Hezaconazoleဖျန်းပေးခြင်းနဲ့ အပင်အောက်ခြေကို Thiophanate - methyl ဖျန်းပေးခြင်းဆောင်ရွက်တာ တွေ့ရပါတယ်။ မလေးရှားနိုင်ငံမှာ ကျရောက်တဲ့ ရော်ဘာအရွက်ေ&lt;က မှိုရောဂါဟာ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလမှာ ရောဂါစတင်တွေ့ရှိခဲ့ပြီး ၂၀၀၉ ခုနှစ်၊ အောက်တိုဘာလမှာ ရော်ဘာစိုက်ခင်း ဟက်တာ ၃၀၀၀ ခန့်ကို ကျရောက်ခံခဲ့ရပါတယ်။ ရော်ဘာပင်သက်တမ်း ၁၀-၁၅ နှစ်သား အပင်တွေမှာ အရွက်၊အညွန့်၊ အကိုင်း၊ အခက်၊ အသီး၊ အစေ့တွေပေါ်မှာ ကျရောက်ခဲ့ပါတယ်။ 

    အရွက်ကြွေမှု ၉၀ ရာခိုင်နှုန်းအထိရှိတာ တွေ့ရပါတယ်။ရော်ဘာမျိုးအလိုက် ရောဂါပြင်းထန်မှုကိုကြည့်ရင် RRIM - 600 မှာ ၆၀-၈၀ ရာခိုင်နှုန်း၊ PB - 350 မှာ ၇၀-၉၀ ရာခိုင်နှုန်း၊ RRIM - 2001မှာ ၃၀-၅၀ ရာခိုင်နှုန်းရှိတာတွေ့ရပါတယ်။ ရော်ဘာအရွက်ကြွေမှိုရောဂါ သက်ရှိကတော့ Pestalotiopsis sp ဖြစ်တာ တွေ့ရပါတယ်။ 

    ဒီရောဂါကာကွယ်နှိမ်နင်းမှုကတော့ အပင် အပေါ်၊ အောက်ကို Chlorothaloril (or) Mancozeb (or) Propineb (or) Propiconazoleမှိုသတ်ဆေးဖျန်းပေးခြင်း၊ ဆေး သုံးကြိမ်မှ ခြောက်ကြိမ်ဖျန်းပေးခြင်းဆောင်ရွက်တာ တွေ့ရပါတယ်။ 

    အိန္ဒိယနိုင်ငံမှာ ကျရောက်တဲ့ ရော်ဘာအရွက်ကြွေမှိုရောဂါဟာ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လက Kottayam အနီးရှိ ပုဂ္ဂလိကရော်ဘာစိုက်ခင်းမှာ စတွေ့ခဲ့ပါတယ်။ အင်ဒိုနီးရှားနဲ့ မလေးရှားမှာ တွေ့ရတဲ့ ရောဂါလက္ခဏာနဲ့ ဆင်တူတာတွေ့ရပါတယ်။ အပင်အောက်ပိုင်းအရွက်ရင့်တွေမှာသာ ရောဂါကျရောက်ပြီး အနာကွက်ဖြစ်ပေါ်ပါတယ်။ ရော်ဘာအရွက်ကြွေမှိုရောဂါ သက်ရှိကတော့ colletotrichum ဖြစ်ပါတယ်။ 

    ယခုအခါ အရှေ့တောင်အာရှ အိမ်နီးချင်းနိုင်ငံတွေမှာ ရော်ဘာအရွက်ကြွေ မှိုရောဂါဟာ ခြေကုပ်အခြေချဖြစ်ပွားနေပြီဖြစ်ရာ အထူးသဖြင့် မြန်မာနဲ့ လက်တစ်ကမ်းသာရှိတဲ့ ထိုင်းနိုင်ငံမှာ ဆိုးရွားစွာဖြစ်ပွားနေပြီဖြစ်ရာ မြန်မာဘက်က မွန်၊ ကရင်၊တနင်္သာရီဒေသတွေဆီ နယ်စပ်ဖြတ်ကျော်ကူးစက်ပျံ့နှံ့မလာနိုင်စေရေးအတွက် ကြိုတင်ကာကွယ်တားဆီးမယ့် အစီအမံများ မျက်ြုခည်မပြတ်အောင် မဟာဗျူဟာမြောက် ချမှတ်ဆောင်ရွက်သင့်ပြီဖြစ်ပါကြောင်း တိုက်တွန်းအပ်ပါတယ်။ 

    ယခုလောလောဆယ်အဆုတ်ရောင်ရောဂါဗိုင်းရပ်စ်ပိုး ကြိုတင်ကာကွယ်တားဆီးဖို့ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကတက်&lt;ကလှုပ်ရှား မဟာဗျူဟာမြောက် အစီအမံများ ဆောင်ရွက်နေမှုကို နမူနာယူကြသင့်ပါတယ်။ 

    အောင်ဆန်း(စိုက်ပျိုးရေး) မြန်မာတောင်သူကြီးများ ဂျာနယ် 


  • article
likes4comments0
views156views2064