cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မကွေးတိုင်းဒေသကြီးအတွက် မိုးလေဝသနှင့် ရေလုပ်ငန်းအကြံပြုချက်   

. ရာသီဥတု သတင်းများ
စေတုတ္တရာမြို့တွင် နိုဝင်ဘာ ၁၇‌နေ့ မိုးရွာနိုင်ချေရှိသဖြင့် ငါးကန်များအတွင်း ရေအပူချိန် ချက်ချင်းပြောင်းခြင်းကြောင့် အပူရှပ်ခြင်း ဖြစ်နိုင်ပါသည်။
  • ၁။ စေတုတ္တရာမြို့နယ်   

    ယနေ့မိုးရွာရန် ၆၅ ရာခိုင်နှုန်း ရှိသဖြင့် တိမ်အသင့်အတင့် ရှိနိုင်ပါတယ်။ မနက်ဖြန်မှာ ၄၀ ရာခိုင်နှုန်းသာ ရှိပါတယ်။ နိုဝင်ဘာ ၁၇ ရက်နေ့မှာ ၉၀ ရာခိုင်နှုန်း ရှိသဖြင့်  မိုးရွာနိုင်ပါတယ်။ နိုဝင်ဘာ ၁၈၊ ၁၉ ရက်တို့မှာ ၅၅ ရာခိုင်နှုန်းရှိသဖြင့် တိမ်အသင့်အတင့် ရှိနိုင်ပါတယ်။ ၂၀ ရက်နေ့မှာ ၁၀ ရာခိုင်နှုန်းသာ ရှိသဖြင့် နေပြင်းနိုင်ပါတယ်။ 

    ၂။ စလင်းမြို့နယ်   

    ယနေ့နဲ့ မနက်ဖြန်မှာ မိုးရွာရန် ၁၀ ရာခိုင်နှုန်းဝန်းကျင်သာရှိပါတယ်။ နိုဝင်ဘာ ၁၇ ရက်နေ့မှာတော့  မိုးရွာရန် ၅၅

    ရာခိုင်နှုန်း ရှိပါတယ်။ နိုဝင်ဘာ ၁၈၊ ၁၉၊ ၂၀ ရက်တို့မှာ ၂၅ ရာခိုင်နှုန်းအောက်သာ ရှိပါတယ်။

    ၃။ ပွင့်ဖြူမြို့နယ်

    ယနေ့မိုးရွာရန် ၈ ရာခိုင်နှုန်းသာ ရှိပြီး မနက်ဖြန်မှာ ၄၀ ရာခိုင်နှုန်း ရှိပါတယ်။ နိုဝင်ဘာ ၁၇ ရက်မှ ၂၀ ရက်နေ့အထိ  မိုးရွာရန် ၂၅ ရာခိုင်နှုန်း အောက်သာ ရှိသဖြင့် နေပြင်းနိုင်ပါတယ်။  

    ၄။ မင်းဘူးမြို့နယ်   

    ယနေ့မိုးရွာရန် ၈ ရာခိုင်နှုန်းသာ ရှိပြီး မနက်ဖြန်မှာ ၄၀ ရာခိုင်နှုန်း ရှိပါတယ်။ နိုဝင်ဘာ ၁၇ ရက်မှ ၂၀ ရက်နေ့အထိ  မိုးရွာရန် ၂၅ ရာခိုင်နှုန်း အောက်သာ ရှိသဖြင့် နေပြင်းနိုင်ပါတယ်။  

      

    ငါးကန်များအတွက်အကြံပြုချက်  

      

    ငါးမွေးကန်များအတွက် ကန်ရေ၏ အပူချိန်ပြောင်းလဲခြင်းသည် ငါးမွေးမြူရေးလုပ်ငန်း၏ ဇီဝဖြစ်စဉ်နှင့်

    ဓါတုဖြစ်စဉ်များအပေါ် လွမ်းမိုးမှုရှိပါသည်။

    ရေအပူချိန် ချက်ချင်းပြောင်းခြင်းကြောင့် အပူရှပ်ခြင်း ဖြစ်နိုင်ပါသည်။

    အပူချိန်ကို ကန်၏အပေါ်ယံ၊ အလယ်လွှာ နှင့် အောက်ခြေများတွင် အပူစီးကူးခြင်းဖြင့် အပူချိန် ကွာခြားချက် မများစေရန်အတွက် ကန်ရေ အနက်သည် အနည်းဆုံး (၄.၅)ပေ မှ (၆.၅)ပေ အတွင်း ထားရှိရန်လိုအပ်ပါသည်။ 

    အပူချိန်မြင့်မားပါက ကန်အတွင်း ဆိုင်နိုဘက်တီးရီးယားများ ပေါက်ဖွားနိုင်ပါသည်။ အဆိုပါ ဘက်တီးရီးယားများကို ငါးများက စားသုံးခြင်းဖြင့် ငါးများတွင် ဒိုက်အနံ့များ(တမံအနံ့)ကို ဖြစ်စေပါသည်။

    Weather Source: CIAT  


  • article
likes5comments0
views160views1659