cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ရော်ဘာစိုက်တောင်သူများမှထွက်တိုးသို့မေးမြန်းလာသောမေးခွန်းများ

. သတင်းစုံ
ရာဘာအစေးအထွက်တိုးအောင်ဘာတွေလုပ်ဆောင်သင့်ပါသလဲ?
  • ၁။ မေးခွန်း-ရော်ဘာစိုက်ပျိုးနည်းလေးသိချင်လို့ပါ။ 

    မေးမြန်းသူ- တောသူမ 

    ထွက်တိုးမှပြန်လည်ဖြေကြားချက် 

    ပျိုးပင်အား စိုက်ကျင်းတွင် တိုက်ရိုက်ချ စိုက်ပျိုးသည့် နည်းလမ်းဖြစ်ပါသည်။ အပင်စိုက်ရန်အတွက် ပလပ်စတစ်အိတ် ပျိုးပင်ကို အောက်ခြေတွင် အိတ်အားဓါးဖြင့် လှီးဖွင့်ကာအိတ်၏ ဘေးအားအောက်ခြေမှ အပေါ်သို့အိတ်၏ သုံးပုံတစ်ပုံ အထိခွဲပြီးနောက် စိုက်ပျိုးရန် အနေတော်မြေအား ပြန်ဖေါ် ထားသော စိုက်ကျင်းထဲတွင် ချရသည်။ ပျိုးပင်အိတ်ပတ်လည်အား မြေများတစ်ဖြေးဖြေးဖို့ရင်း ပလပ်စတစ်အိတ်ဘေးအား အပေါ်အထိ အဆင့်ဆင့်ဆက်ခွဲပြီးနောက် ပလပ်စတစ် အိတ်အား ဆွဲမ ချွတ်လိုက်ရသည်။ ပျိုးပင်ပတ်လည်ဖို့မြေအား တစ်ဖြည်းဖြည်း ဖို့ရင်း နင်းသိပ်ပေးရသည်။ ပျိုးပင်မြေလုံး အား မနင်းမိစေရန် သတိထားရပါမည်။ ဤစိုက်ပျိုးနည်းတွင် ပျိုးပင်မှာ ပလပ်စတစ်အိတ်တွင် အမြစ်စွဲ ရှင်သန်နေပြီး၊ စိုက်ကျင်းတွင် ချစိုက်သည့်အခါ အမြစ်မနာ၊ မြေလုံးမပျက်သည့်အတွက် အပင်ဆက်လက် ရှင်သန်ပြီး အောင်မြင် ဖြစ်ထွန်းမှု ကောင်းပါသည်။ သို့ဖြစ်သည့်အတွက် ရော်ဘာစိုက်ပျိုးသည့် တိုင်းပြည်များ အနေဖြင့်လည်း ဤနည်းကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေကြပါသည်။ မြန်မာနိုင်ငံအနေနှင့်လည်း ပလပ်စတစ် အိတ်စိုက် အဖူးကူးပျိုးပင်ဖြင့် စိုက်ပျိုးနည်းကို ပုံမှန်ရော်ဘာ စိုက်ပျိုးနည်းအဖြစ် စိုက်ပျိုးရန် ထောက်ခံထားပါသည်။ 

    ၂။ မေးခွန်း-ရာဘာအစေးအထွက်တိုးအောင်ဘာတွေလုပ်ဆောင်သင့်ပါသလဲ? 

    မေးမြန်းသူ- မီးမီးလေး 

    ထွက်တိုးမှပြန်လည်ဖြေကြားချက် 

    ရော်ဘာအစေးအထွက်နှုန်းကောင်းစေရန် အဓိက လိုအပ်ချက်ကြီးမှာ လိုအပ်သော ဓာတ်မြေဩဇာ များကို နှုန်းထားမှန် မှန်နှင့် ပြည့်ပြည့်၀၀ အသုံးပြုခြင်းပင်ဖြစ် ပါသည်။ ရော်ဘာပင်အတွက် အဓိကလို အပ်သော အာဟာရဓာတ် များမှာ နိုက်ထရို ဂျင်၊ ဖော့ဖရပ်(စ်)၊ ပိုတက်ဆီယမ်၊ ကယ်လ် စီယမ်၊ မဂ္ဂနီစီယမ်၊ ဆာလ်ဖာ၊ ဇင့်(သွပ်)၊ ကော့ပါး(ကြေးနီ)၊ သံ၊ မဂ္ဂနိစ်၊ ဘိုရွန်၊ မော်လ်ဒီနန်တို့ ဖြစ်သည်။ နှစ်စဉ်ရော်ဘာ စေးထုတ်ယူပါက အပင်တွင် အာဟာရ ဓာတ်များ ဆုံးရှုံးသွားပါသည်။ အစေးထွက် ကောင်းလေ အပင်က အာဟာရဓာတ်များ ဆုံးရှုံးမှုများလေ ဖြစ်ပါသည်။ ဆုံးရှုံးသွားသော အာဟာရဓာတ်များကို ပြန်လည် ဖြည့်ပေးမှသာ အထွက်ကောင်းနေခြင်း၊ ရောဂါဒဏ်ခံနိုင်ခြင်း၊ ရာသီဥတုဆိုးရွားမှု ဒဏ်ခံနိုင်ခြင်းများ အကျိုးရစေမည် ဖြစ်သည်။ 

    ၃။ ရာဘာခြံထဲကိုဘိုကာရှီလုပ်ပီးထည့်ချင်လို့ အစေးထွက်‌ဖို့အားပေးတဲ့ ဘိုကာရှီလုပ်နည်းမျှပေးပါ။ 

    မေးမြန်းသူ- Naing Lin Htet 

    ထွက်တိုးမှပြန်လည်ဖြေကြားချက် 

    ရိုးရိုးအီးအမ်ဘိုကာရှီမြေဆွေးပြုလုပ်နည်း  

    (၁) အရိပ်အောက်တွင် အီးအမ်ဘိုကာရှီမြေးဆွေးပုံပြုလုပ်နည်း  

    - စည်းပိုင်းပြတ်ထဲသို့ ရေဂါလံ (၂၀) ထည့်ပါ။  

    - အသင့်သုံး အီးအမ် (EM) ဖျော်ရည် နို့ဆီခွက် (၃) ခွက်နှင့် တင်လဲရည် (၃) ခွက် လောင်းထည့်၍တုတ်ဖြင့်မွှေပါ။ ( နို့ဆီခွက် (၃) ခွက်= ၁ လီတာ)  

    - အရိပ်အောက်တွင် လယ်ယာစွန့်ပစ် ပစ္စည်းများကို ( ကောက်ရိုး၊ နှမ်းရိုး၊ ပြောင်းရွက်ခြောက်၊ သစ်ရွက်ခြောက်) အလျား ( ၆ ပေ) အနံ ( ၃ ပေ) ၊ ထု ( ၆ လက်မ) ရှိအောင် တစ်လွှာပုံပါ။  

    - လယ်ယာထွက်စွန့်ပစ်ပစ္စည်းများ တစ်လွှာချင်းပေါ်တွင် ရေရောစပ်ပြီး အီးအမ် (EM) ဖျော်ရည် ( ၃) ဂါလံကို ဖျန်းပေးရပါမည်။ - နွားချေးနှင့်ဖွဲနုရောပြီး ( ၈) ပြီ ထပ်၍ ဖြူးပါ။  

    - ယင်းကဲ့သို့ အလွှာခြောက်လွှာထိ ထပ်၍ ပုံပါ။  

    - အပေါ်မှ ပလပ်စတစ်ဖြင့် လုံအောင်ဖုံးပါ။ ( သို့မဟုတ်) စွန့်ပစ်ပစ္စည်း တခုခုဖြင့် လုံအောင်ဖုံးပါ။ ( သို့မဟုတ်) စွန့်ပစ်ပစ္စည်းတစ်ခုခုဖြင့် လုံအောင်ထူထူဖုံးပါ။  

    - (၄-၅) ရက်ကြာလျှင် မြေဆွေးပုံးအတွင်း လက်ဖြင့် စမ်းကြည့်၍ တအားပူလျှင် အထပ်အောက်လှန်ပေးပါ။ ခြောက်နေလျှင်ရေဖျန်းပေးပါ။  

    - အဖြူရောင်မှိုမျှင်များ တွေ့လျှင် ဆွေးမြေ့နေကြောင်း သိရှိနိုင်ပါသည်။  

    - (၇- ၁၀) ၇က်အကြာ တစ်ဝက်တစ်ပျက် ဆွေးမြေ့နေသည့် အခြေအနေတွင်ပင် စတင် အသုံးပြုနိုင်သည်။  

    - တစ်ဧကအတွက် ( ၈ပုံ= ၂ တန်) မှ ( ၂၀ ပုံ= ၅ တန်) သုံးပါ။  

    - စိုက်ထယ်ရေးပြင်ချိန်တွင် ဖြန့်ထည့်၍ အသုံးပြုနိုင်ပါသည်။  

    - နှစ်ရှည်ပင်၊ ဟင်းသီးဟင်းရွက်နှင့် ဥယျဉ်ခြံ သီးနှံပင်များတွင် အစိုဓာတ်ရှိချိန်တွင် အပင်ခြေတွင်ထည့်၍ မြေဖုံးပြီး သုံးပါ။  

    (၂) သစ်ရွက်ဆွေး၊ လယ်ယာမြေ စွန့်ပစ်ပစ္စည်းများဖြင့် မြေဆွေးပြုလုပ်နည်း  

    - သင့်တော်ရာဒေသတွင် အလျား ( ၆ ပေ) ၊ အနံ ( ၃ ပေ) ၊ အနက် ( ၆ ပေ) ကျင်းတူးပါ။  

    - ကျင်းထဲသို့ စွန့်ပါအမှိုက်များကို ( ၁) ပေထု ဖြန့်ခင်းပါ။  

    - အီးအမ် (EM) ဖျော်ရည်ကို တစ်လွှာလျှင် ( ၃) ဂါလံ နှုန်းဖြင့်ဖြန်းပါ။  

    - နွားချေး ( ၄) ပြီ ညီညာစွာ ဖြန့်ဖြူးပေးပါ။  

    - ယင်းသို့ အလွှာလိုက် ကျင်းပြည့်သည်အထိ ပြုလုပ်ပါ။  

    - ဆွေးမြေ့လာသည်နှင့်အမျှ မျက်နှာပြင် နိမ့်ဆင်းသွားပါသည်။  

    - နိမ့်သွားပါက ကျင်းပြည့်အောင့်ပြန်ဖြည့်ပါ။  

    - သီးနှံများစိုက်ပျိုးချိန်တွင် ထုတ်ယူသုံးစွဲနိုင်ပါသည်။  

    - မိုးကျလျှင် ရေမဝင်စေရန် အမိုး မိုးပေးပါ။  

    - တစ်ဧက အတွက် ကျင်း ( ၅) ကျင်း လိုပါသည်။  

    (၃) နှစ်ရှည်ပင်၊ ဟင်းသီးဟင်းရွက်နှင့်ဥယျာဉ်ခြံသီးနှံများတွင် အီအမ် ဘိုကာရှီ သုံးစွဲနည်း  

    - စိုက်ခင်းအတွင်းမှ ပေါင်းများကို ရှင်းပါ။ ရရှိသည့် ပေါင်းများကို အပင်ခြေတွင်ပုံပါ။ အပုံပေါ်တွက် အီးအမ် ( EM) ဖျော်ရည်ဖျန်းပါ။ မြေဖုံးပါ။ ( ဖျော်ရည်ဖျန်းပြီး နွားချေးမှုန့် ဖြူးပေးလျှင် ပိုကောင်းပါသည်။)  

    - ပေါင်းရှင်းသည့်အခါတိုင်း အပင်ခြေတွင် ထပ်မံ၍ ပုံပေးပါ။ 

    ၄။ ရာဘာပင်တွေကြားမှာဘာပင်တွေစိုက်လို့ရပါသေးသလဲရှင့်? 

    မေးမြန်းသူ- ချစ်ဥမ 

    ထွက်တိုးမှပြန်လည်ဖြေကြားချက် 

    ကမ္ဘာတစ်ဝန်း ရော်ဘာထုတ်လုပ်ရေးတွင် အဓိက စိန်ခေါ်သည့် အချက်မှာ ရှည်လျားသော အစေးခြစ်နိုင်သည့် အပင်သက်တမ်းကို စောင့်ရသည့် အချိန်ဖြစ်သည်။ အစေးမထုတ်နိုင်သေးသော အရွယ်မရောက်သေးသည့် ရော်ဘာပင်သက်တမ်း ခြောက်နှစ် ကာလအတွင်း စိုက်ပျိုးသူများအား ဝင်ငွေ ဆုံးရှုံးစေနိုင်ခြင်းကြောင့်ဖြစ်သည်။ ထို့ကြောင့် ရော်ဘာစိုက်ပျိုးရေးတွင် ပထမနှစ်နှစ်အတွင်း ဝင်ငွေ ရရှိစေရန် တခြားသီးနှံတစ်မျိုးနှင့်အတူ တွဲဖက်စိုက်ပျိုးခြင်းကို လုပ်ဆောင်နိုင်သည်။ ပထမနှစ်နှစ် အစောပိုင်းတွင် ရော်ဘာစိုက်ခင်းအတွင်း တွဲဖက်စိုက်ပျိုးနိုင်သော သီးနှံများတွင် ပြောင်း၊ ဟင်းသီးဟင်းရွက်နှင့် အခြားတန်ဖိုးမြင့်သော ကောက်ပဲသီးနှံများ ပါဝင်သည်။ ထို့အပြင် ဂျင်း၊ နနွင်း၊ ဟင်းသီးဟင်းရွက်၊ ဝဥ၊ နာနတ်သီး၊ ငှက်ပျောသီးနှင့် ဆေးဖက်ဝင်အပင်များလည်း စိုက်ပျိုးနိုင်သည်။ သီးနှံမျိုးစုံကို ရော်ဘာပင်နှင့် တွဲဖက်စိုက်ပျိုးနိုင်သည်။ ဥပမာ-တစ်နှစ်ခံပင် (ပီလောပီနံ, ပြောင်း)၊ နှစ်ရှည်ပင် (ကော်ဖီ၊ ကိုကိုးပင်)၊ သစ်သီးပင် (မင်းဂွတ်သီး၊ လိမ္မော်သီး)၊ သစ်မာပင် (ကျွန်းပင်၊ မဟော်ဂနီပင်)၊ ဟင်းသီးဟင်းရွက်၊ ဟင်းခတ်အမွှေးအကြိုင်ပင်၊ မှိုနှင့် တခြားသီးနှံများကို ရောနှောစိုက်ပျိုးနိုင်ပါသည်။ သီးနှံများကို ရော်ဘာပင်နှင့် တွဲဖက်စိုက်ပျိုးတဲ့အခါ နှစ်ရှည်ပင်နှင့် တွဲဖက်စိုက်ပျိုးခြင်းနှင့် နှစ်တိုသီးနှံ တွဲဖက်စိုက်ပျိုးခြင်း စနစ်တို့သည် ကွဲပြားခြားနားနိုင်ပါသည်။ သက်တမ်းတို အပင်များကို ပထမ တစ်နှစ်၊ နှစ်နှစ်အတွင်းတွင်သာ ရော်ဘာနှင့်တွဲဖက် စိုက်ပျိုးကြသည်။ အကြောင်းရင်းမှာ ရော်ဘာပင်များ ကြီးလာပြီး အရွက်များကြောင့် အရိပ်ကျကာ နေရောင်ပိတ်ခြင်းကို ဖြစ်စေနိုင်သည့်အတွက် ဖြစ်သည်။ နှစ်ရှည်သီးနှံများနှင့် တွဲဖက်စိုက်ပျိုးရာတွင် ရော်ဘာပင်စိုက်ချိန်တွင် တစ်ချိန်တည်း စိုက်ပျိုးခြင်း (သို့မဟုတ်) ရော်ဘာပင် စိုက်ပျိုးပြီးနောက် အပင်ရိပ်ကျရောက်မှု ရှိမရှိ၊ နေရောင် ကျရောက်မှု ရှိမရှိ စသည့်အချက်များပေါ်တွင် မူတည်ပီး စိုက်ပျိုးနိုင်သည်။ ယေဘုယျအားဖြင့် သီးနှံအမျိုးအစား အများစုအား အစေးမခြစ်နိုင်သေးသော ရော်ဘာပင် အစောပိုင်းအဆင့်များအတွင်း စိုက်ပျိုးရန် သင့်တော်သည်။ ရာသီဥတုအချက်အလက်များနှင့် ဈေးကွက်ပေါ်မူတည်ပီး စိုက်ပျိုးမည့် သီးနှံကို ရွေးချယ်နိုင်ပါသည်။ 

     

    ရော်ဘာနှင့်ပတ်သတ်သောဆောင်းပါးများ၊ ပိုးမွှားကာကွယ်နှိမ်နင်းနည်းလမ်းများ၊ အဖူးကူးရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက  

    ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ- https://htwettoe.com/download 

    အထွက်တိုးရော်ဘာစိုက်ပျိုးကြသူများ အဖွဲ့ သို့ဝင်ရန် - https://www.facebook.com/groups/2432746880363676/  

    https://htwettoe.com/organization/3 

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။  

     


  • article
  • article
  • article
  • article
  • article
likes11comments0
views266views2253