cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မွေးမြူရေးကဏ္ဍသို့ ထုတ်ပေးထားသည့် ကိုဗစ်ချေးငွေ ပြန်ဆပ်ကာလ တစ်နှစ်သက်တမ်း ထပ်တိုးပေး

. ငါးမွေးမြူရေးသတင်း
(၃) ကြိမ်မြောက် ပြန်လည်ပေးဆပ်ကာလ တိုးမြှင့်လိုက်ခြင်းဖြစ်ပြီး ခံစားခွင့်ရှိတဲ့ လုပ်ငန်းတွေအနေနဲ့ အရှေ့ (၂) နှစ်စာအတွက် အတိုးများကို ကာလပြည့်မီပါက ပေးဆပ်ပြီး ဖြစ်ရမယ်လို့ သက်မှတ်ထားပါတယ်။
  • နိုင်ငံသားပိုင် ငါး၊ ပုစွန်မွေးမြူရေး အပါအဝင် မွေးမြူရေးကဏ္ဍမှ ထိခိုက်မှုအများဆုံးဖြစ်တဲ့ လုပ်ငန်းတွေထံ ထုတ်ပေးထားတဲ့ ကိုဗစ်-၁၉ ကုစားရေးချေးငွေကို သက်တမ်း(၁) နှစ် ထပ်မံတိုးမြှင့်ပေးလိုက်ကြောင်း ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီက ထုတ်ပြန်လိုက်ပါတယ်။

    ယခုအကြိမ် အပါအဝင် (၃) ကြိမ်မြောက် ပြန်လည်ပေးဆပ်ကာလ တိုးမြှင့်လိုက်ခြင်းဖြစ်ပြီး ခံစားခွင့်ရှိတဲ့ လုပ်ငန်းတွေအနေနဲ့ အရှေ့ (၂) နှစ်စာအတွက် အတိုးများကို ကာလပြည့်မီပါက ပေးဆပ်ပြီး ဖြစ်ရမယ်လို့ သက်မှတ်ထားပါတယ်။

    လုပ်ငန်းကော်မတီက ခွင့်ပြုခဲ့တဲ့ ချေးငွေထုတ်ယူခွင့်ပြုကြောင်း အကြာင်းကြားစာမှာ “ပြန်လည်ပေးဆပ်ရန် ပျက်ကွက်ပါက ဥပဒေနှင့်အညီ ဆက်လက်အရေးယူ ဆောင်ရွက်ခံရမည်ဖြစ်ကြောင်း” အသိပေး ဖော်ပြချက်ပါရှိပါတယ်။

    ဒါ့ကြောင့် မြန်မာ့စီးပွားရေးဘဏ်ကနေ ချေးငွေထုတ်ယူထားတဲ့ ကုမ္ပဏီ/လုပ်ငန်းတွေအနေနဲ့ ချေးငွေအရင်း၊ အတိုး ပြန်လည်ပေးဆပ်ဖို့ ပျက်ကွက်ပါက ချေးငွေသဘောတူ စာချုပ်ပါအတိုင်း ဘဏ်လုပ်ထုံးလုပ်နည်းနဲ့အညီ တရားမကြောင်းအရ အရေးယူဆောင်ရွက်ခံရမှာပါ။

    ဒါ့အပြင် သက်တမ်းတိုးမြှင့်ဖို့ ခွင့်ပြုထားတဲ့ ကာလအတွင်း အပြီးသတ် အပြေအကျေ ပေးဆပ်ဖို့လည်း ကုစားရေးလုပ်ငန်းကော်မတီက အသိပေးထားပါတယ်။

    သတင်း - BETV Business

    ---

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - https://htwettoe.com/download


  • article
likes5comments0
views89views2390