cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

နှမ်းတွေ ရိတ်ဖို့/နုတ်ဖို့ ပြင်နေကြပြီလား ဦးကြီးတို့ရေ...??

. ရိတ်သိမ်းချိန်လွန် နည်းပညာ
နှမ်းရွက်များ ကြွေကျစေရန် ၅-၆ ရက်ကြာ ပုံထားပါက နှမ်းစေ့တွင် Free Fatty Acid (FFA) နှင့် မှိုပါဝင်မှုများစေ၍ နှမ်းစေ့အရည်အသွေး ကျဆင်းစေနိုင်ပါသည်။
  • နှမ်းတစ်တင်း အလေးချိန် = ၅၄ ပေါင် (၁၅ ပိဿာ)  

    နှမ်းတစ်တင်း ဆီထွက် = ၆ ပိဿာ မှ ၆.၅ ပိဿာ 

    နှမ်းစေ့ ၁၀၀၀ အလေးချိန် = ၃-၃.၅ ဂရမ် 

    ဆီပါဝင်မှု ရာခိုင်နှုန်း = ၄၅ - ၅၅ % 

    နှမ်းတစ်တင်းမှ နှမ်းဖတ်အထွက် = ၈.၅ မှ ၉ ပိဿာ 

    စိုက်ခင်းအတွင်း နှမ်းပင်(သို့) နှမ်းခင်းတစ်ခင်းလုံး ရွှေဝါရောင် သမ်းလာချိန်တွင် ရိတ်သိမ်းပါ။ တစ်နည်းအားဖြင့် အထွက်လျော့နည်းနိုင်သည့် အဓိကအကြောင်းအရင်းတစ်ခုဖြစ်သော အောက်သီးကွဲခြင်း မဖြစ်စေရန် မျိုးအလိုက် အသီးပီပြင်သည့် အလယ်သီးများကို ခွဲကြည့်၍ တစ်ညထားပြီး အရောင်းပြောင်းပါက ရိတ်သိမ်းပါ။ ရိတ်သိမ်းပြီး နှမ်းများကို စုပုံမထားဘဲ တိုက်ရိုက်စည်းပြီး နေ‌ရောင်အောက်တွင် ထောင်ထားပါ။ ပုံခဲ့လျှင်လည်း တစ်ညအိပ်ထက် ကြာအောင် မထားသင့်ပါ။ နှမ်းရွက်များ ကြွေကျစေရန် ၅-၆ ရက်ကြာ ပုံထားပါက နှမ်းစေ့တွင် Free Fatty Acid (FFA) နှင့် မှိုပါဝင်မှုများစေ၍ နှမ်းစေ့အရည်အသွေး ကျဆင်းစေနိုင်ပါသည်။ သီးနှံအရည်အသွေးကျဆင်း၍ စျေးကောင်းရနိုင်မည် မဟုတ်ပါ။ နှမ်းရိတ်သိမ်းချိန်နောက်ပိုင်း မျှော်မှန်းအထွက်နှုန်း ရရှိစေရန် စည်းထောင်၍ အခြောက်ခံခြင်းကို အလေးထားဆောင်ရွက် သင့်ပါသည်။ နှမ်းဂျပိုးမဲ ကျရောက်နိုင်သဖြင့် နှမ်းထောင်သော နေရာများ သန့်ရှင်းခြောက်သွေ့ရန် လိုအပ်သည်။ ကာကွယ်နှိမ်နှင်းရန် ဓာတုဆေးများ အသုံးပြုပါက ဓာတ်ကြွင်းအာနိသင်နည်းသည့် ဆေးများကိုသာ အညွှန်းပါအတိုင်း သုံးစွဲရမည်။ 

    နှမ်းစေ့များ အစိုဓာတ် (၉ %) ရှိချိန်တွင် နှမ်းမျိုးရောများ သန့်စင်ခြင်း၊ ဖုန်၊ သဲ၊ ခဲ များ သန့်စင်ခြင်းတို့ကို လူအားဖြင့်သော်လည်းကောင်း၊ စက်အားဖြင့်သော်လည်းကောင်း ဆောင်ရွက်ရမည်။ အိတ်များဖြင့် သိမ်းဆည်းမည်ဆိုပါက အိတ်ခွံများ သန့်ရှင်းခြောက်သွေ့အောင် အရင်ပြုလုပ်ပါ။ နိုင်ငံခြားသို့ တင်ပို့မည်ဆိုပါက တင်ပို့မည့်နိုင်ငံအလိုက် သတ်မှတ်ထားသည့် စံချိန်၊စံညွှန်းများနှင့် ကိုက်ညီရန် သိုလှောင်ကာလအတွင်း သိုလှောင်ပိုးကာကွယ်ဆေးများ အသုံးပြုရာ၌ ညွှန်ကြားချက်များကို လိုက်နာရမည်။ 

    နှမ်း၏ အထွက်နှုန်းကို လွှမ်းမိုးသော အထွက်မိတ်ဖက်လက္ခဏာများမှာ (၁) တစ်ဧက အပင်ဦးရေ၊ (၂) တစ်ပင်ပါ အောင်သီးအရေအတွက်၊ (၃) တစ်သီးပါ အစေ့၊ (၄) အစေ့ ၁၀၀၀ ဂရမ်ရဲ့ အလေးချိန် တို့ဖြစ်ပါသည်။ 

    ‼️ မရင့်မှည့်ခင် ရိတ်သိမ်းခြင်း နှင့် ရိတ်သိမ်းချိန် နောက်ကျလွန်းခြင်းကို အထူးဂရုပြု၍ ရိတ်သိမ်းရပါမည်။‼️ 

    Source: နှမ်းသီးနှံ စိုက်ပျိုးရေးဆိုင်ရာ နည်းပညာနှင့် အလေ့အကျင့်ကောင်းများ 

     


  • article
likes4comments0
views173views2333