cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ငါးတွင် အဖြစ်များသော ကပ်ပါးရောဂါများအကြောင်း

. ငါးမွေးမြူရေးလမ်းညွှန်
ရေသန်းတွယ်ကပ်ခြင်း ခံရသော ငါးများသည် သွေအား နည်းလာပြီး၊ အင်အားချိနဲ့လာသောကြောင့် သေဆုံးသည်အထိ ဖြစ်နိုင်ပါသည်။ ရေသန်းကူးစက်ခံရသော်လည်း ပျောက်ကင်းသော ငါးများသည် သားပေါက်နှုန်းကျဆင်းလျက် ရှိပါသည်။
  • ငါးမွေးတောင်သူအများစု သိပြီးဖြစ်သော ရေသန်းသည် (Argulosis)ကပ်ပါးရောဂါ ဖြစ်ပါသည်။ တစ်ဧကတွင် ငါးထည့်သွင်းနှုန်း မြင့်မားခြင်းနှင့် ဩဂဲနစ်မြေဩဇာအသုံးများခြင်းကြောင့် ရောဂါဖြစ်လေ့ ရှိပါသည်။ အင်အား ချိနဲ့သော ငါးများတွင် ရေသန်းများ ကူးစက်လျက် ရှိပါသည်။ ရေသန်းတွယ်ကပ်ခြင်း ခံရသော ငါးများသည် သွေအား နည်းလာပြီး၊ အင်အားချိနဲ့လာသောကြောင့် သေဆုံးသည်အထိ ဖြစ်နိုင်ပါသည်။ ရေသန်းကူးစက်ခံရသော်လည်း ပျောက်ကင်းသော ငါးများသည် သားပေါက်နှုန်းကျဆင်းလျက် ရှိပါသည်။ 

    ကာကွယ်ခြင်းနှင့် ကုသခြင်းလုပ်ငန်းများမှာ ရေသန်းပေါများသော ကန်များတွင် ဝါးခြမ်းပြားများကို ချပေးခြင်းဖြင့် ရေသန်းများ ဝါးခြမ်းတွင် ကပ်စေပါသည်။ အဆိုပါ ဝါးခြမ်းများကို ဆယ်ယူနေလှန်းပြီး ကန်အတွင်းသို့ ပြန်လည်ချပေးပါ။ ရေသန်းများ စတင်တွေ့ရှိသည်နှင့် ကာကွယ်ခြင်းလုပ်ငန်းကို ချက်ချင်းဆောင်ရွက်ပါ။ (သို့မဟုတ်)ပါက ကူစက်မှု မြန်ဆန်ပြီး ဆိုးကျိုးဖြစ်ပွားမှုကို တိုးပွားစေပါသည်။ 

    နောက်ကပ်ပါးရောဂါတစ်မျိုးမှာ လာနီးရေးကပ်ပါးရောဂါ(Lernaesis) သည် ငါး၏အရေပြားတွင် စွဲကပ် သော ကပ်ပါးရောဂါကောင် ဖြစ်ပြီး သေသွယ်ရှည်လျှားသော ပုံရှိပါသည်။ ရောဂါကူးစက်ခံရသော ငါးများသည် သွေးထွက်ခြင်း၊ အလေးချိန်လျော့ခြင်း၊ ‌နှေးကွေးစွာ ရေကူးခြင်း လက္ခဏာများ တွေ့ရှိရပါသည်။ 

    ကာကွယ်ခြင်းနှင့် ကုသခြင်းလုပ်ငန်းအတွက် ရောဂါဖြစ်နေသော ငါးကို ပိုတက်စီယမ်ပါမင်းဂနိတ်ဖျော် ရည်5 ppm (၅မီလီဂရမ်/လီတာ)တွင် ငါးကိုစိမ်ထားခြင်း (သို့မဟုတ်) ဆားဖျော်ရည် ၃-၅ ရာခိုင်နှုန်းတွင် ၁ မိနစ် ခန့် စိမ်ထားခြင်းတို့ကို ဆောင်ရွက်နိုင်ပါသည်။ 

    ပါးဟက်တွင် တွယ်ကပ်ပါးရောဂါသည် ဒက်တိုင်လိုဂိုင်းရပ်ပိုးကြောင့်ဖြစ်ပါသည်။ ငါး၏ ပါးဟက်တွင် စွဲကပ်ခြင်းကြောင့် ပါးဟက်မျှင်များ ပျက်စီးခြင်း၊ ပါးဟက်‌ယောင်ရမ်းခြင်း၊ အချွဲများပိုမိုထွက်ခြင်း လက္ခဏာများ တွေ့ရပါသည်။ ထိုရောဂါစွဲကပ်ခံရပါက ငါးသည် ကိုယ်အလေးချိန် ကျဆင်းပြီး ပါးဟက်မှာလည်း အဖြူရောင် သမ်းလာပါသည်။ တစ်ကောင်မှ တစ်ကောင် ကူးစက်မှု လျှင်မြန်ပါသည်။ 

    ကာကွယ်ခြင်းနှင့်ကုသခြင်းလုပ်ငန်းအတွက် ကန်ထဲသို့ ဖော်မလင် 25ppm(၂၀မီလီဂရမ်/လီတာ)ထည့် ပေးပါ။ ရောဂါဖြစ်သော ငါးကို ဖော်မလင်25ppm(၂၀မီလီဂရမ်/လီတာ)တွင် စိမ်ပေးပါ။ (သို့မဟုတ်) အိမ်သုံးဆား ၂-၃ရာခိုင်နှုန်း ဖျော်ရည်တွင် ငါးကို (၅-၁၀) မိနစ်အကြာ စိမ်ထားပေးပါ။ 

    ငါး၏ အရေပြားတွင် စွဲကပ်သော ကပ်ပါးပိုးမှာ ဂိုင်ရိုဒက်တိုင်းလပ် ကပ်ပါးရောဂါပိုး ဖြစ်ပါသည်။ ငါး၏အရေပြားတွင် စွဲကပ်ပြီး အရေပြားအရောင်ဖျော့လာသည်၊ အကြေးခွံကျွတ်ခြင်းများ ဖြစ်လာသည်။ ငါးသည် ရေမျက်နှာပြင်ပေါ်နှင့် ကမ်းစပ်တွင် ကူးခတ်နေခြင်းများ တွေ့ရသည်။ ကာကွယ်ကုသခြင်း လုပ်ငန်းအနေဖြင့် ကန်အတွင်းသို့ ပိုတက်စီယမ်ပါမင်းဂနိတ် 2PPM ဖျော်ရည်အား ၂ကြိမ် ဆက်တိုက်ပက်ပေးပါ။ ရောဂါဖြစ်သော ငါးကို ဖော်မလင် 25PPMတွင်စိမ်ပေးပါ။ 


  • article
likes5comments0
views85views3417