cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ကယ်လ်စီယမ်ပါဝင်သော ဓာတ်ပေါင်းတိုင်း ကယ်လ်စီယမ်မြေဩဇာ မဟုတ်ပါ

. မြေဆီလွှာ
ကယ်လ်စီယမ်ခေါ် ထုံးဓာတ်မှာ အပင်များ မရှိမဖြစ် လိုအပ်သော အာဟာရဒြပ်စင် ၁၇ မျိုးမှ တစ်မျိုးဖြစ်သည်။ ၎င်းမှာ သာမည အများလိုဒြပ်စင်သုံးမျိုးထဲမှ တစ်မျိုးဖြစ်သည်။ အခြားကျန် ဒြပ်စင်နှစ်မျိုးမှာ မဂ္ဂနီဆီယမ်နှင့် ဆာလ်ဖာခေါ် ကန့်တို့ဖြစ်သည်။
  • ကမ္ဘာ့မြေသားထုတွင်ကယ်လ်ဆီယမ်မှာ ပဉ္စမမြောက်အများဆုံး ဒြပ်စင်ဖြစ်သည်။ ထိုထက်ပို၍ များပြားသော ဒြပ်စင်လေးမျိုးမှာ အောက်စီဂျင်၊ စီလီကွန်၊ အလျူမီနီယံနှင့် အိုင်းရွန်းခေါ် သံဓာတ်တို့ဖြစ်သည်။ ကယ်လ်စီယမ်မှာ သာမန် စိုက်ပျိုးမြေများတွင် ၁၀ မှ ၂၀ ရာခိုင်နှုန်းအထိ ရှိနေသည်။ မိုးရွာပြီးစိမ့်ယိုမှုများသော မြေမျိုးတွင်ကား ကယ်လ်စီယမ်ချို့တဲ့မြဲဖြစ်သည်။ သုတေသီများ၏ လေ့လာချက်အရ ကယ်လ်စီယမ်၏ ယိုစိမ့်မှုမှာ ဧရိယာ တစ်ဟက်တာ ၂ ဒသမ ၄၇ ဧကတွင် တစ်နှစ်တာ ကာလအတွင်း ကီလို ၂၀ဝ မှ ၃၀ဝ အထိရှိကြောင်း တွေ့ရှိရသည်။ မြေဆီလွှာအတွင်းကယ်လ်စီယမ်များ ပမာဏများစွာ ရှိနေသော်လည်း အပင်များ စားသုံးနိုင်သော ရေပျော်နိုင်သောအဆင့်တွင် ယိုစိမ့်မှု အလွန်ကြီးမားကြောင်းတွေ့ရှိရသည်။ သီးနှံပင်များ စားသုံးနိုင်သော ရေပျော်ကယ်လ်စီယမ်များ မြေဆီလွှာအတွင်း အချိန်ကြာကြာရှိမနေနိုင်ဘဲ ယိုစိမ့်မှုမှာ စိုက်ပျိုးရေး လုပ်ငန်းအတွက် ပြဿနာကြီး တစ်ရပ် ဖြစ်ပေါ်လာသည်။ ကယ်လ်စီယမ် ဓာတ်ပါသော ထုံးကဲ့သို့၊ ဂျစ်ဆမ်ကဲ့သို့ မြေဩဇာများထက်ပို၍အစွမ်းထက်သော ကယ်လ်စီယမ်မြေဩဇာများ အသုံးပြုရန်မှာ အဓိကလိုအပ်ချက်တစ်ရပ် ဖြစ်လာသည်။ ဤအခြေအနေကို လုံးဝသုံးသပ်မိသော စိုက်ပျိုးသူများ အနေနှင့် ကယ်လ်စီယမ်ပါသော မြေဩဇာများကို အသုံးပြုယုံနှင့် လုံလောက်သည်ဟု ခံယူထားခြင်းမှာပို၍ထိရောက်သော ကယ်လ်စီယမ် မြေဩဇာများနှင့် လမ်းလွှဲသွားရတော့သည်။

    ကယ်လ်စီယမ်နှင့် အပင်ဇီဝကမ္မဗေဒသီးနှံပင်များအား ကယ်လ်စီယမ် မြေဩဇာများကို ထိရောက်စွာ ကျွေးနိုင်ရန်မှာ ၎င်းဒြပ်စင်၏ ဇီဝကမ္မဗေဒဆိုင်ရာ အဓိက အချက်အလက်တချို့ကို သိထားရန် လိုအပ်ပါလိမ့်မည်။ ကယ်လ်စီယမ် အပင်များ၏ ခန္ဓာတည်ဆောက်ရေးတွင်ရော၊ ဇီဝလုပ်ငန်းပိုင်းဆိုင်ရာတွင်ပါ ပါဝင်မှုရှိသည်။ သို့သော် ပမာဏအားဖြင့် ခန္ဓာတည်ဆောက်ရေးတွင် ပိုများလျက်ရှိသည်။ အပင်များကို ဆဲလ်များဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည်။ဆဲလ်တစ်ခုနှင့် တစ်ခုအကြားတွင်ရှိသော ကြားခံအလွှာကို Middle Lamella ဟု ခေါ်သည်။ ထိုအလွှာကို ကယ်လ်စီယမ်ပက်တိတ်ဖြင့် တည်ဆောက်ထားသည်။ တစ်နည်းအားဖြင့် ဆဲလ်များတည်တန့်ရေးမှာ အုတ်ချပ်နှစ်ချပ်အကြား အင်္ဂတေဖြင့်ဆက်ထားသကဲ့သို့ ကယ်လ်စီယမ်ပက်တိတ်ဖြင့် ဆက်ထားရာ ကယ်လ်စီယမ်၏ အခန်းကဏ္ဍမှာ အပင်၏ ခန္ဓာတည်ဆောက်ရေးတွင် အဓိကကျကြောင်း ဖော်ပြလျက်ရှိသည်။ အသီးများ မမှည့်မီ ကယ်လ်စီယမ်ပက်တိတ်များကြောင့် တင်းမာနေသော်လည်း ရင့်မှည့်ချိန်ရောက်သောအခါ ဆဲလ်များအကြား ကယ်လ်စီယမ်ပက်တိတ်များ ပြိုကျလာသောအခါ အသီးများ ပျော့လာရခြင်းဖြစ်သည်။ ကယ်လ်စီယမ်သည် ဆဲလ်တစ်ခုစီ၏ အတွင်းသားအားလုံးကို လွှမ်းခြုံထားသော နံရံပါးရှိသကဲ့သို့ ဆဲလ်အတွင်းရှိ ဆဲလ်ရေကွက် Vacuole ကို အနားသတ်ထားသော နံရံပါးလည်း ရှိနေသည်။ ထို့ပြင် ဆဲလ်အတွင်းရှိအင်္ဂါ တစ်ခုစီကို ဝန်းရံထားသော နံရံပါးများလည်း ရှိနေသည်။ ထိုနံရံပါးများမှာ အပင်အတွင်းနှင့် ထိုအင်္ဂါများဆီသို့ ပြင်ပမှ ပစ္စည်းများ ဝင်၊ထွက်နိုင်ရေးကို ထိန်းချုပ်နိုင်စွမ်းရှိသော ပစ္စည်းများဖြစ်သည်။ ပြင်ပမှ ပြောင်းလဲမှုများကို အာရုံခံနိုင်သော အင်္ဂါများလည်း ဖြစ်သည်။ အကယ်၍ အကြောင်း တစ်ခုခုကြောင့် ထိုအမှေးပါးများ၊ ရုပ်ပိုင်းဆိုင်ရာ၊ ဇီဝပိုင်းဆိုင်ရာ၊ ယိုယွင်းမှု ဖြစ်လာပါက ဇီဝလုပ်ငန်းများကို ပုံမှန်မထမ်းဆောင်နိုင်ဘဲ ယိုယွင်းပျက်စီးမှု ဖြစ်လာမည် ဖြစ်သည်။ ထိုအမှေးပါးများ ပျက်စီးမှုမှ အစပြုပြီး အပင်တစ်ပင်လုံး သေဆုံးသည်အထိ ဦးတည်သွားနိုင်သည်။ ကယ်လ်စီယမ်သည် အပင်များ၏ ဗီဇအခြေခံဖြစ်သော ဒီအင်အေ DNA ကဲ့သို့ ဗီဇကိစ္စများတွင် တိုက်ရိုက်ပတ်သက်မှု မရှိသော်လည်းတစ်ဆင့်ခံညွှန်ကြားချက်များ၊ သယ်ဆောင်ရာတွင် ပါဝင်နေသည်။ အချုပ်ဆိုရသော် ကယ်လ်ဆီယ်မှာ အပင်များ၏ ဇီဝကမ္မဆိုင်ရာ ကိစ္စများတွင် အရေးပါသော၊ အစားထိုး၍မရနိုင်သော၊ ဒြပ်စင်ဖြစ်သည်။ ထို့ကြောင့် စိုက်ပျိုးသူ တစ်ဦးအနေနှင့် မိမိစိုက်ပျိုးသော သီးနှံမှ ကောင်းသောရလဒ်ကို မျှော်မှန်းပါက မိမိအပင်အား ကယ်လ်စီယမ် မြေဩဇာများကို အထူးအလေးထား ကျွေးရန် လိုအပ်သည်။

    ကယ်လ်စီယမ်၏ အမြစ်အတွင်း ဝင်ရောက်ပုံ

    မြေဆီလွှာရေထဲတွင် ကယ်လ်ဆီယမ်က ပိုတက်စီယမ်ထက် ၁၀ ဆခန့် ပိုလျက်ရှိသည်။ မြေဆီလွှာအတွင်းမှ ပိုတက်စီယမ်နှင့် အမိုးနီးယမ်းNH4 တို့ကို အမြစ်များက လွယ်ကူလျင်မြန်စွာ စုပ်ယူနိုင်သည်။ ပိုတက်စီယမ်နှင့် ဖော့စဖိတ်တို့ကို အမြစ်၏ မျက်နှာပြင်အားလုံးနီးပါးတွင် စုပ်ယူ

    နိုင်သည်။ သို့သော် ကယ်လ်စီယမ်ကိုကား အမြစ်နုကလေးများ၏ ထိပ်ဘက်နားနီးနေရာ အကန့်အသတ်အတွင်းမှသာ စုပ်ယူနိုင်သည်။ ထို့ကြောင့်လည်း သီးနှံပင်များ ကယ်လ်စီယမ်ရရှိမှု အခက်အခဲများတွင် အကြောင်းတစ်ရပ်အဖြစ် ရှိနေခြင်းဖြစ်သည်။

    ကယ်လ်စီယမ်နှင့် ရေငွေ့ပျံလမ်းကြောင်း

    အမြစ်အတွင်း ရောက်ရှိသွားသော ကယ်လ်စီယမ်သည် ရေကြောအတိုင်း အထက်ဘက်ဆီသို့ ဆန်တက်သွားနိုင်သည်။ ဤသို့ဖြင့် ပင်စည်၊အကိုင်း၊ အရွက်အထိ ရောက်ရှိသွားပြီး အရွက်မှ ဝန်းကျင် လေထုအတွင်းဆီသို့ ရေငွေ့ပျံထွက်သွားသည်။ သို့သော် ရေနှင့်ပါလာသော ကယ်လ်

    စီယမ်များ အပင်အတွင်း ကျန်ရစ်ခဲ့သည်။ အမြစ်မှ အထက်ဆီအထိ ဆန်တက်သွားသော ရေလမ်းကြောင်းကို ရေငွေ့ပျံလမ်းကြောင်းဟု ခေါ်သည်။

    ကယ်လ်စီယမ် ရယူသော အင်္ဂါမှ ကယ်လ်စီ ယမ်သိုလှောင်သော အင်္ဂါများဆီသို့ 

    အထက်က ဖော်ပြခဲ့သည့်အတိုင်း အမြစ်များမှ ကယ်လ်စီယမ် ရယူပေးသော အင်္ဂါကို စို့ဟု ခေါ်သည်။ ကယ်လ်စီယမ်များမှာ အပင်အတွင်းတစ်နေရာမှ တစ်နေရာဆီသို့ ရွေ့လျားရန် အလွန်ခက်သည်။ အကယ်၍ အင်္ဂါတစ်ခုတွင် အခြေချပြီးပါကလည်း နောက်အင်္ဂါများဆီသို့ ထပ်မံ

    ရွေ့လျားမှု မပြုနိုင်တော့ပေ။ ဤဂုဏ်သတ္တိထူးမှာ အခြားသော ဒြပ်စင်များဖြစ်သော နိုက်ထရိုဂျင်၊ ဖော့စပရပ်စ်၊ ပိုတက်စီယမ်တို့နှင့် ကွာခြားခြင်းဖြစ်သည်။ အကယ်၍ အပင်တစ်ပင်သည် နိုက်ထရိုဂျင်ချို့တဲ့မှု ကြုံတွေ့ရပါက အသစ်အသစ်ဖြစ်ပေါ်လာသော အင်္ဂါများဆီသို့ နိုက်ထရို

    ဂျင် ထောက်ပံ့နိုင်ရန် အင်္ဂါအဟောင်းများမှ နိုက်ထရိုဂျင်များမှာ ထိုအင်္ဂါအသစ်ဆီသို့ ရွေ့သွားရမြဲဖြစ်သည်။ ထိုသို့ ရွေ့သွားခြင်းကြောင့် ရွက်အိုများမှာ အရွက်မတိုင်မီ နွမ်းကျသွားရမြဲဖြစ်သည်။ တစ်နည်းအားဖြင့် သီးနှံပင်တစ်မျိုး နိုက်ထရိုဂျင်ချို့တဲ့မှုလက္ခဏာကို ရွက်အိုများ၌သာ

    တွေ့မြင်ရမည်ဖြစ်သည်။ ကယ်လ်စီယမ်ချို့တဲ့မှုကား ပြောင်းပြန်ဖြစ်နေသည်။ အကယ်၍ အပင်တစ်မျိုးသည် ကယ်လ်စီယမ်ချို့တဲ့မှုကို ခံစားရပါက ရွက်အိုများတွင် ထိုချို့တဲ့မှုလက္ခဏာကို မမြင်တွေ့နိုင်ပေ။ ရွက်အိုများရှိ ကယ်လ်စီယမ်များ၊ ရွက်နုများ၊ အညွန့်များဆီသို့ မရွှေ့ပြောင်း

    နိုင်ပေ။ ထို့ကြောင့် ထိုအပင်မျိုးတွင် ကယ်လ်စီယမ် ချို့တဲ့မှုကို ရွက်နုများ၊ အညွန့်၊ အဖျားများတွင်သာ တွေ့ရမြဲဖြစ်သည်။ ကယ်လ်စီယမ်ချို့တဲ့သော အရွက်နုများသည် ကောက်ကွေးလိမ်နေမည်။ အညွန့်များကန်းနေမည်။ ကောက်ကွေးနေမည်ဖြစ်သည်။


    ကယ်လ်စီယမ်များ မြေဆီလွှာမှ စိမ့်ယိုပျောက်ဆုံးခြင်း

    ရေမပျော်သော ကယ်လ်စီယမ်များ အနေနှင့် မြေဆီလွှာအတွင်း များစွာ ရှိနေသော်လည်း ရေပျော်သောအဆင့်သို့ ကူးပြောင်းသွားသောအခါလျင်မြန်စွာ စိမ့်ယိုပျောက်ဆုံးမြဲဖြစ်သည်။ အထူးသဖြင့် မိုးများသော အက်ဆစ်မြေများ၊ သဲဆန်သောမြေများတွင် ပို၍ဆုံးပါးနှုန်းကြီးမားသည်။

    မြေဆီလွှာအတွင်း အချဉ်ဓာတ် (အက်ဆစ်ဓာတ်) ဖြစ်စေသော အမိုးနီးယမ်းဆာလ်ဖိတ် ကဲ့သို့သော မြေဩဇာများ အသုံးပြုသောအခါ ကယ်လ်စီယမ်ယိုစိမ့်မှုကို ပို၍ ကြီးမားစေသည်။ သုတေသနရလဒ်များအရ အမိုးနီးယမ်းဆာလ်ဖိတ် (NH4)2SO4 ကီလိုချိန် ၁၀ဝ သုံးသည့်အခါ မြေဆီလွှာမှ ကယ်စီယမ်ယိုစိမ့်မှုမှာ ၄၅ ကီလိုရှိနေကြောင်း တွေ့ရသည်။ မြေဆီလွှာအတွင်း အက်ဆစ်ဖြစ်ပေါ်ခြင်းမှာ နိုက်ထရိုဂျင်မြေဩဇာများကြောင့် သက်သက်မဟုတ်ဘဲ သီးနှံပင်၏ အမြစ်များမှ ထုတ်လွှတ်သော အက်ဆစ်များကြောင့်လည်း ဖြစ်ရခြင်းဖြစ်သည်။ ပဲမျိုးနွယ်အပင်များ

    သဟဇီဝနည်းဖြင့် နိုက်ထရိုဂျင်ကို စုစည်းရာတွင်လည်း အမြစ်များမှ အက်ဆစ်ဓာတ်ထုတ်လွှတ်သည်။ အမြစ်များမှ ထုတ်လွှတ်သော ဟိုက်ဒရိုဂျင်က မြေဆီလွှာအတွင်း အချဉ်ဓာတ်ကို ဖြစ်စေသည်။ ဤ အခြေအနေကလည်း ပဲပင်များ၏ ကြီးထွားမှုနှုန်းကို တိုးစေသည်။ အမိုးနီးယမ်း

    မြေဩဇာများ နိုက်ထရိုဂျင်အဖြစ်သို့ ပြောင်းလဲခြင်းဖြင့် သီးနှံပင်၏ အာဟာရ စားသုံးခြင်း၊ ထိုမှတစ်ဆင့် ကြီးထွားခြင်းကို အထောက်အကူဖြစ်စေသည်။

    ကယ်လ်စီယမ်များ အပင်အတွင်း ရွှေ့လျားခြင်း

    ကယ်လ်စီယမ် မြေဩဇာများကို ထိရောက်စွာ အသုံးပြုနိုင်ရန်မှာ ကယ်လ်စီယမ်များ၏ အခြားသော အာဟာရ ဒြပ်စင်များနှင့် မတူကွဲပြားသောဂုဏ်သတ္တိကို ကောင်းစွာသိထားရန် လိုအပ်သည်။ ကယ်လ်စီယမ်သည် အပင်အတွင်းဝင်ရောက်ရန် ခက်ခဲမှုများ ရှိသကဲ့သို့ အပင်အတွင်း

    ရောက်ရှိလာသော ကယ်လ်စီယမ်များသည်လည်း တစ်နေရာမှ တစ်နေရာသို့ ရွှေ့ပြောင်းရန် အလွန်ခက်ခဲသည်။ အပင်အတွင်း ဝင်ရောက်စဉ်လည်း အလွန်နှေးကွေးစွာ ရွေ့လျားသည်။ ရေကြောများအတွင်း ကယ်လ်စီယမ်များ နှေးကွေးစွာ ရွေ့လျားနိုင်သော်လည်း အစာကြောများအ

    တွင်း၌ကား ရွေ့လျားမှုမပြုနိုင်။ ဤအချက်သည်ပင်လျှင် သီးနှံပင်များအား ကယ်လ်စီယမ်မြေဩဇာများကို ထိရောက်စွာကျွေးနိုင်ရေးအတွက်အလွန် အရေးကြီးသော အခြေခံအချက်တစ်ရပ် ဖြစ်သည်။ အမြစ်မှ စုပ်ယူရရှိသော ကယ်လ်စီယမ်များ၊ ရေကြောလမ်းကြောင်းအတိုင်းမြေပေါ်ပိုင်းသို့ တက်သွားနိုင်သော်လည်း အစာကြောများမှ အောက်ဘက်ဆီသို့ မစုန်ဆင်းနိုင်ပေ။ ထို့ကြောင့် ၎င်းတို့ကို အရွက်ဖျန်း မြေဩဇာအဖြစ်အသုံးပြုရန် ခက်ခဲစေသည်။ အမြစ်မှ အထက်အင်္ဂါဆီသို့ အခြေချပြီးပါက ပြန်မရွှေ့နိုင်သောကြောင့်ကယ်လ်စီယမ်ချို့တဲ့မှု လက္ခဏာများကိုအင်္ဂါအိုများ၊ အရွက်အိုများတွင် မတွေ့ရဘဲအသစ်အသစ်ဖြစ်ပေါ်စ အရွက်နုများ၊ အညွန့်များတွင် တွေ့ရမြဲဖြစ်သည်။

    ကယ်လ်စီယမ်ပါဝင်သော ဓာတ်ပေါင်းတိုင်း ကယ်လ်စီယမ်မြေဩဇာ မဟုတ်ပါစိုက်ပျိုးသူများက သီးနှံပင်များကို ကယ်လ်စီယမ် ကျွေးရာတွင် ကယ်လ်စီယမ် ပါသော ဓာတ်ပေါင်းတစ်မျိုးမျိုးကို အသုံးပြုကျွေးပေးခြင်းဖြင့်လွယ်ကူစွာပြုလုပ်နိုင်မည်ဟု ယူဆကြမည်။ ဥပမာတင်ပြရလျှင် အပင်များသည် အိုင်းရွန်းခေါ် သံဓာတ်လိုအပ်သော်လည်း သံချောင်းတစ်

    ချောင်းကို သံမြေဩဇာအဖြစ် အသုံးမပြုနိုင်ပါ။ အလားတူပင် သီးနှံပင်များသည် သွတ်ဓာတ်ကို မရှိမဖြစ်အသုံးပြုရန် လိုအပ်သောကြောင့်သွတ်ပြား တစ်ချပ်ကို သွတ်မြေဩဇာအဖြစ် အသုံးမပြုနိုင်ပါ။ ကယ်လ်စီယမ် ပါဝင်သော ထုံးများ၊ ဂျစ်ဆမ်းများမှာ ကယ်လ်စီယမ်မြေဩဇာ

    အဖြစ် အသုံးပြုလျှင်လည်း ထိရောက်မှုမရှိနိုင်ပါ။ ထုံးများမှာ စိုက်ပျိုးရေးလောကအတွက် အလွန်အရေးပါသော သွင်းအားစုတစ်မျိုး ဖြစ်သည်။ သို့သော် ကယ်လ်စီယမ်မြေဩဇာအဖြစ် မမြင်သင့်ပါ။ ထုံးများမှ မြေဆီလွှာ အတွင်းဖြစ်ပေါ်သော အချဉ်ဓာတ်ကို ပယ်ဖျက်ရန် အဓိက

    အသုံးပြုရသော ပစ္စည်းဖြစ်သည်။ အလားတူပင် ဂျစ်ဆမ်မှာလည်း ထုံးများကဲ့သို့ အချဉ်ဓာတ်ကို မပယ်ဖျက်နိုင်သော်လည်း မြေဆီလွှာအတွင်းစိမ့်စွဲမှုကြောင့်ဖြစ်ရသော ပစ္စည်းဖြစ်သည်။ ၎င်းကို ကယ်လ်စီယမ် ပါရှိခြင်းကြောင့် ကယ်လ်စီ ယမ်မြေဩဇာအဖြစ် အသုံးမပြုသင့်ပါ။ ယနေ့

    တိုးတက်နေသော သိပ္ပံခေတ် အတွင်း အလွန်ထူးခြား ကောင်းမွန်သော၊ အာနိသင်ပြမြန်သော၊ ရေပျော်ကယ်လ်စီယမ် မြေဩဇာများ၊ ဈေးကွက်တွင် ရောက်ရှိနေပြီးဖြစ်သည်။ ၎င်းတို့အနက် ကယ်လ်စီယမ်ကလိုရိုဒ် CaCI2 နှင့် ကယ်လ်စီယမ် နိုက်ထရိတ် Ca(NO3)2 တို့မှာ အထင်

    ရှားဆုံးဖြစ်သည်။ တစ်ကြိမ်က အစိုပျံလွယ်လွန်းသော ထိုကယ်လ်စီယမ် ဓာတ်ပေါင်းများကို မြေဩဇာအဖြစ် အသုံးပြုရန် လက်ရှောင်ခဲ့ကြသော်လည်း ယခုအချိန်တွင် အခြားအစိုမပျံသော ကွန်ပေါင်းများနှင့် ရောနှောမသုံးဘဲ သီးသန့်အသုံးပြုလာကြသည်။

    ကယ်လ်စီယမ်နှင့် နိုက်ထရိုဂျင် မြေဩဇာ

    ကယ်လ်စီယမ်သည် ကြက်သွန် အပင်ငယ်များနှင့် မုန်လာ အပင်ငယ်များ၏ ပင်ပိုင်းကြီးထွားနှုန်းကို တိုးစေသည်။ ကယ်လ်စီယမ်များ ကောင်းစွာ စားသုံးရပါက မြေဆီလွှာမှ အမိုးနီးယမ်း NH4 တို့ကို ပိုမိုစုပ်ယူနိုင်ခြင်းဖြင့် ပင်ပိုင်းကြီးထွားနှုန်းကို တိုးစေသည်။

    ကယ်လ်စီယမ်နှင့် အစေ့များ

    မြေပဲနှင့် စပါးကဲ့သို့ နှံစားသီးနှံများ ကယ်လ်စီယမ်ကို လုံလောက်စွာ စားသုံးရပါက အစေ့အလေးချိန်ကို ၁၄ ရာခိုင်နှုန်းပိုစေကြောင်း တွေ့ရှိရသည်။

    ကယ်လ်စီယမ်နှင့် စေ့ရွက်ထီး၊ စေ့ရွက်စုံပင်များ 

    စေ့ရွက်စုံပင်များဖြစ်သော မြေပဲ၊ ခရမ်းချဉ် ကဲ့သို့သော အပင်များနှင့် စေ့ရွက်ထီးများ ဖြစ်သော စပါး၊ ပြောင်း၊ ဂျုံတို့၏ ကယ်လ်စီယမ်စားသုံးမှု မတူညီကြပေ။ ယေဘုယျအားဖြင့် စေ့ရွက်စုံပင်များ၊ စေ့ရွက်ထီးပင်များထက် ကယ်လ်စီယမ်ကို နှစ်ဆပို၍ စားသုံးမြဲဖြစ်သည်။ အကယ်၍

    ပို၍ဈေးကောင်းရသော သီးနှံများအတွက်ကား ဈေးကွက်တွင် ကယ်လ်စီယမ်အရည်များ ရရှိနိုင်ပြီဖြစ်သည်။

    ကယ်လ်စီယမ် သယ်ဆောင်ပစ္စည်း ဘိုရွန်

    ဘိုရွန်မှာ သီးနှံပင်များအတွက် မရှိမဖြစ်လိုအပ်သော အနည်းလို အာဟာရ ဒြပ်စင်တစ်မျိုး ဖြစ်သည်။ ဘိုရွန်မှာ သီးနှံပင်များအတွက် ပမာဏအနည်းငယ်သာ လိုအပ်သည်။ အကယ်၍ လိုအပ်သည့် ပမာဏထက် အနည်းငယ်ပိုသွားယုံဖြင့် သီးနှံပင်အား အဆိပ်ဖြစ်စေပြန်သည်။ ဘိုရွန်

    သည် ကယ်လ်စီယမ်ကဲ့သို့ပင် အပင်အတွင်း တစ်နေရာမှ တစ်နေရာသို့ ရွေ့လျားရန် အလွန်နှေးသည်။ ထို့ကြောင့် ချို့တဲ့မှုလက္ခဏာဖြစ်ပေါ်ပြီး အမြန်ကျွေးရန်လိုအပ်သော အချိန်တွင် အမြစ်မှကျွေးခြင်းဖြင့် ထိရောက်မှု မရှိနိုင်ပါ။ ကယ်လ်စီယမ်နှင့် ဘိုရွန်နှစ်မျိုးလုံးမှာ နှေးကွေးသော

    ဒြပ်စင်များ ဖြစ်သော်လည်း ၎င်းတို့နှစ်မျိုးလုံးကို ပြိုင်တူအသုံးပြုပါက အပြန်အလှန်အကျိုးပြုပြီး သွက်လက်စွာရွေ့လျားနိုင်သော အခြေအနေသို့ ရောက်ရှိလာသည်။ ကယ်လ်စီယမ်သည် အမြစ်မှ အဝေးဆုံးအင်္ဂါများဖြစ်သော အသီးများဆီသို့ ရွေ့လျားရောက်ရှိရန် ခက်ခဲသည်။

    အကယ်၍ ဘိုရွန်နှင့် တွဲဖက် အသုံးပြုပါက ပို၍လျင်မြန်စွာ ရောက်ရှိသွားနိုင်သည်။ ထို့ကြောင့် ဘိုရွန်ကို အသုံးပြုရသောကြောင့် ကယ်လ်စီယမ်၁၂၀ဝ တွင် ဘိုရွန်းတစ်ဆသာ အသုံးပြုကြသည်။ သီးနှံပင် များစွာတွင် အမြစ်များမှ ဝေးကွာဆုံး အသီးများဆီသို့ ကယ်လ်စီယမ် အချိန်မီရောက်

    ရှိရန်မှာ ရေပျော်ကယ်လ်စီယမ်များ၊ ကယ်လ်စီယမ်အရည်များကို ဘိုရွန်နှင့် ပေါင်းစပ်အသုံးပြုခြင်းဖြင့် စိုက်ပျိုးရေးလုပ်ငန်းများတွင် ကယ်လ်စီယမ်ကို ပို၍ထိရောက်စွာ အသုံးပြုနိုင်မည် ဖြစ်သည်။


    - ဦးဖရက်သိန်းဖေ

    မြန်မာတောင်သူကြီးများဂျာနယ်

    -------------------------------------------------

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - https://bit.ly/htwettoev2


  • article
likes8comments0
views212views2685