cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၁၃မြို့နယ်အတွက် တစ်ပတ်စာမိုးလေဝသခန့်မှန်းချက်နှင့် စိုက်ပျိုးရေးအကြံပြုချက် ( နိုဝင်ဘဘာလ ၁၇ရက်နေ့မှ ၂၃ရက်နေ့အထိ)

. ရာသီဥတု သတင်းများ
နိုဝင်ဘာလ တတိယ အပတ်မှာ ရာသီဥတု အခြေအနေ ဘယ်လိုရှိမလဲ ဗျို့ 🌾🌾🐟✅✅✅
  • ဟင်္သာတမြို့နယ်၊ဇလွန်မြို့နယ် ၊ လပွတ္တာမြို့နယ် ၊ ဓနုဖြူမြို့နယ် ၊ ညောင်တုန်းမြို့နယ်၊ပန်းတနော် မြို့နယ် ၊ မြောင်းမြမြို့နယ် ၊ ဝါးခယ်မ မြို့နယ် ၊ ပုသိမ်မြို့နယ်၊ ဖျာပုံမြို့နယ်၊ကျိုက်လတ်မြို့နယ်

    နိုဝင်ဘာ ၁၇ ရက်နဲ့ ၂၃ရက်နေ့ တွေမှာ မိုးရွာနိုင်ချေ ၈၅ % ထိ ရှိနိုင်ပြီး ကျန်ရက်တွေဖြစ်တဲ့ ၁၈၊ ၁၉၊ ၂၀၊ ၂၁၊၂၂ ရက်နေ့တွေမှာတော့ နေသာနေမှာ ဖြစ်ပါတယ်

    မအူပင်မြို့နယ်

    မအူပင် မြို့နယ်မှာတော့ နိုဝင်ဘာ ၁၇ရက်နေ့ကနေ နိုဝင်ဘာ ၂၃ရက်နေ့ထိ နေသာနိုင်ပါတယ်

    ကျုံပျော် မြို့နယ်

    နိုဝင်ဘာ ၁၇ ရက်နဲ့ ၊၂၂၊၂၃ရက်နေ့ တွေမှာ မိုးရွာနိုင်ချေ ၆၅ % ခန့် ရှိပြီး ကျန်ရက်တွေဖြစ်တဲ့ ၁၈၊ ၁၉၊ ၂၀၊ ၂၁၊ရက်နေ့တွေမှာတော့ နေသာနေမှာ ဖြစ်ပါတယ်

    စိုက်ပျိုးရေးအကြံပြုချက်

    ဒီတပတ်မှာတော့ တချို့ ဒေသတွေမှာ ပဲတွေစိုက်နေကြပြီ ဖြစ်လို့ ပဲရာသီမှာအသုံးများပြီး ကုန်ကျစရိတ်လည်း သက်သာတဲ့ ပုလဲ လက်ချား သုံးစွဲနည်းလေးကို မျှဝေပေးလိုက်ပါတယ်

    ပဲမျိုးစုံအထွက်တိုးစေမယ့် ပုလဲနှင့် လက်ချားအသုံးပြုနည်း

    ယူရီးယား(ပုလဲ)နှင့် လက်ချား(ဘိုရွန်) အသုံးပြု၍ ကုန်ကျစရိတ်နည်းစွာဖြင့် ပဲမျိုးစုံ အထွက်တိုးအောင် ဆောင်ရွက်နည်း

    ၁။ ပဲမျိုးစုံ သီးနှံများအတွက် အစေ့အဆန်ပြည့်ဝစေရန်နှင့် အပွင့်များ ကြွေကျခြင်းမှ ကာကွယ်ရန် ပန်းပွင့်ချိန်၌ နိုက်ထရိုဂျင်ဓာတ် (ပုလဲ) နှင့် ဘိုရွန် (လက်ချား) လိုအပ်ပါသည်။

    ၂။ မြေတစ်ဧကလျှင် တစ်ရက်အတွင်း အစေ့ (၁.၆)တင်း ထုတ်ပေးနိုင်ရန် တစ်ရက်လျှင် နိုက်ထရိုဂျင် (၁.၅)ပြည် ရှိရန် လိုအပ်ပါသည်။

    ၃။ မြေဆီလွှာတွင် နိုက်ထရိုဂျင်ဓာတ် ကောင်းစွာရှိနေသော်လည်း မြေတစ်ဧကမှ ပဲပင်ဆီသို့ နိုက်ထရိုဂျင် (ဝ.၆)ပြည် အမြင့်ဆုံး ပံ့ပိုးပေးနိုင်သည်။

    ၄။ ဘိုရွန်ဓာတ် (လက်ချား)သည် ပဲမျိုးစုံ သီးနှံပင်များအတွက် အရေးကြီးသော အနည်းလို အာဟာရဓာတ်ဖြစ်သည်။ မြေဆီလွှာအတွင်း ပါဝင်မှု နည်းနေတတ်သည်။

    ၅။ လက်ချား(ဘိုရွန်ဓာတ်) သည် မြေချဉ်တွင် ရေစီးလျှင် အလွယ်တကူ ဆုံးရှုံးတတ်ပြီး မြေငန်တွင် မြေကြီး၌ တွဲကပ်နေ၍ အပင်မှ ကောင်းစွာ မရရှိနိုင်ပါ။

    ၆။ ထို့ကြောင့် ပန်းပွင့်ချိန်မှစ၍ ပဲမျိုးစုံသီးနှံပင်များကို ပုလဲနှင့် လက်ချား ရောစပ်ပက်ဖျန်းပေးရန် လိုအပ်ပါသည်။ ကုန်ကျစရိတ်နည်းပြီး အာဟာရဓာတ်ပါဝင်မှု သေချာခြင်း ၊ ပန်းပွင့်ကာလရှည်ခြင်း ၊ သီးတောင့်များ၍ အစေ့အရည်အသွေးကောင်းခြင်း ၊ ပိုးမွှားရောဂါဒဏ်ခံနိုင်ရည်ရှိခြင်း စသည့် အကျိုးကျေးဇူးများ ရရှိစေပါသည်။

    ၇။ ပဲမျိုးစုံ သီးနှံများတွင် ပန်းပွင့်ချိန်မှစ၍ သီးကင်းစတင် ဝင်ရောက်ချိန်အထိ ပုလဲနှင့်လက်ချားကို ပန်းဖြိုင်ဖြိုင် ပွင့်ချိန်တွင် တစ်ကြိမ်ပတ်ဖျန်းပေးခြင်းဖြင့် အထွက်နှုန်း (၂၀ မှ ၄၀)ရာခိုင်နှုန်းအထိ တိုးလာနိုင်ပါသည်။

    ၈။ဖျော်စပ်နည်းမှာ ရေတစ်ဂါလံတွင် ပုလဲ ဟင်းစားဇွန်း (၄) ဇွန်းနှင့် လက်ချားမှုန့်ဟင်းစားဇွန်း (၁)ဇွန်းကို ပျော်အောင် ဖျော်ပါ။ (မှတ်ချက် - ပရဆေးဆိုင်မှ လက်ချားခဲများကို ဝယ်ယူရရှိနိုင်ပြီး အပူပေး ၍ ပေါက်ပေါက်ကဲ့သို့ ဖြစ်လာချိန်တွင် အမှုန့်ပြုလုပ်အသုံးပြုပါ။(သို့) လက်ချားမှုန့်ကို ဝယ်ယူ အသုံးပြုပါ။

    ၉။ တစ်ဧကတွင် တစ်ကြိမ်လျှင် ဖျော်စပ်ပြီးသား အာဟာရရည် ဂါလန် (၂၀)နှုန်းကို နံနက်စော၊ ညနေစောင်းနှင့် နေအေးသော အချိန်တွင် ပက်ဖျန်းပါ။

    ၁၀။ တစ်ဧကအတွက် လက်ချားအမှုန့် (၂၀) ကျပ်သားနှင့် ပုလဲ(၁)ပြည် လိုအပ်ပါသည်။

    စိုက်ပျိုးရေးဦးစီးဋ္ဌာနရဲ့ အကြံပြုချက်များမှ ကောက်နုတ်ထားခြင်းဖြစ်ပါသည်။


    ငါးမွေးတော့မယ်ဆိုရင် ငါးမှုံရဲ့ လက္ခဏာကို အသေအချာ ဆန်းစစ်ပြီးမှ မွေးကြဖို့ အကြံပြုချင်ပါတယ်။

    ✅ကောင်းသော ငါးသားပေါက် (ငါးမှုံ) ၏ဝိသေသလက္ခဏာများ

    ✅ငါးခန္ဓာကိုယ်အရောင် တောက်ပကာ ဖန်သားပြင်ကဲ့သို့ ဖြစ်နေသည်။

    ✅ငါး၏အကြေးခွံတို့သည် ချောမွေ့နေကြသည်။

    ✅ငါး၏ခန္ဓာကိုယ် ဖွဲ့စည်းပုံသည် ပုံမှန်ဖြစ်သည်။

    ✅ငါး၏ခန္ဓာကိုယ်နှင့် ပါးဟက်တို့တွင် အစက်အပြောက် မရှိချေ။

    ✅ငါး၏အမြီးကို ဖမ်းကိုင်လိုက်ချိန်တွင် ငါးက သူ့ခေါင်းကို အလျင် အမြန် ရမ်းခါနေတတ်သည်။

    ✅အိုးခွက်/ဇလုံအတွင်း ပိုက်ဖြင့် ရေသွင်းပေးလျှင် ရေစီးကြောင်းကို ဆန်တက်ကာ မရပ်မနား အမြဲတစေ ကူးခတ်နေတတ်သည်။


  • article
likes6comments0
views110views2121