cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဈေးကွက်သုံးသပ်ချက်

. ဈေးကွက်
စားအုန်းဆီဈေးကွက်
စားအုန်းဆီကတော့ ခုချိန်ထိ ဆိုင်တွေမှာ လိုအပ်သလောက် ဝယ်ယူလို့မရသေးတဲ့အပြင် ဈေးနူန်းကလည်း တစ်ပိဿာကို ၈၀၀၀ ကျပ်အထိအမြင့်ဈေးတန်းမှာပဲရှိနေ ပါသေးတယ်။
  • ယခုတစ်ပတ်တွင် ပြည်ပကတင်သွင်းရတယ့်  ပြည်ပကတင်သွင်းရတယ့် စားဖိုဆောင်သီးနှံဖြစ်တယ့် ကြက်သွန်ဖြူ၊ အာလူး၊စားသုံးဆီက အမြင့်ဈေးတန်း မှာရှိနေပြီး ပြည်တွင်းမှာ စိုက်ပျိုးထုတ်လုပ်တယ့် ကြက်သွန်နီ နဲ့  ဂျင်းတက်ကတော့ ဈေးပြန် ကျ လာပြီး သကြားကတော့ ဈေးတက်လာတာတွေ့ရပါတယ်။

    စားအုန်းဆီဈေးကွက်

    စားအုန်းဆီကတော့ ခုချိန်ထိ ဆိုင်တွေမှာ လိုအပ်သလောက် ဝယ်ယူလို့မရသေးတဲ့အပြင် ဈေးနူန်းကလည်း တစ်ပိဿာကို ၈၀၀၀ ကျပ်အထိအမြင့်ဈေးတန်းမှာပဲရှိနေ ပါသေးတယ်။

    လက်ရှိမှာ စားအုန်းဆီကို အရင်လို တစ်ပိဿာကို ၅၀၀၀ ကျပ်ဝန်းကျင်နဲ့ ရောင်းချပေးတဲ့ဆိုင်တွေလည်း သိပ်ပြီးမရှိတော့တာကိုတွေ့ရပါတယ်၊ဒါ့အပြင် ဆီအရောင်းဆိုင်အများစုကလည်း စားအုန်းဆီကို ရောင်းချမှု မရှိသလောက်နည်းပြီး အဓိက ပဲဆီ၊နှမ်းဆီ၊ပဲနှမ်းအရောဆီဆိုပြီးသာ ရောင်းချနေကြပါတယ်။

    စားအုန်းဆီခွဲတမ်းရတဲ့ဆိုင်တွေကသာ ဖောက်သည်ကုန်စုံဆိုင်တွေကို တဆင့်ပြန်ရောင်းချတာရှိပြီး လက်လီမှာ တစ်ပိဿာကို ၈၀၀၀ ထိရောင်းချနေကြတာဖြစ်ပါတယ်။

    ကြက်သွန်ဖြူဈေးကွက်

    မူဆယ် ကုန်သွယ်ရေး လမ်းကြောင်း ပိတ်ဆို့မှု၏အကျိုးတက်အဖြစ် ပြည်တွင်းကထွက်တဲ့ ကြက်သွန်ဖြူရော တရုတ်ကတင်သွင်းနေတဲ့ ကြူကုတ်ကြက်သွန်ဖြူတွေပါ အမြင်ဈေး တန်း မှာရှိနေဆဲဖြစ်ပါတယ်။ တရုတ်ကုန်သွယ်ရေးရပ်တန့်သွားတဲ့ အောက်တိုဘာလ ၂၇ ရက်နောက်ပိုင်းမှာ ကြက်သွန်ဖြူဈေး စံချိန်တင်နုူန်း အဖြစ် ၂၅၀၀၀ ကျပ်အထိမြင့်တက်သွားခဲ့ပြီး ပစ္စည်းပြတ်လတ်တဲ့အထိ ဖြစ်ပေါ်ခဲ့ ပါတယ်။

    လက်ရှိမှာတော့ တရုတ်ကြက်သွန်ဖြူ ကြူကုတ်ကို ထိုင်းနယ်စပ်ဂိတ်ကနေ တင်သွင်းမှုရှိလာတာကြောင့် ဈေး နူန်းက လက်လီဈေးကွက်မှာ ၁၈၀၀၀ ကျပ်အထိပြန်ကျလာပြီး ပစ္စည်းပြတ်လပ်မှုလည်း နည်းသွားတယ်လို့ သိ ရပါတယ် ။

    ခုတပတ်ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်ဈေးကွက်မှာ ကြူကုတ်ကြက်သွန်ဖြူက တစ်ပိဿာကို ၁၃၅၀၀ မှ ၁၄၅၀၀ ကျပ်ရှိပြီး အောင်ပန်း ထူး တစ်ပိဿာကို ၁၀၅၀၀ ကျပ်၊အောင်ပန်းထူး ၃ က ၁၁၀၀၀ ကျပ်၊အောင် ပန်းထူး ၄က ၁၁၅၀၀ ကျပ်ရှိပြီး အောင်ပန်းထူး ၅ တစ်ပိဿာကို ၁၂၀၀၀ ကျပ်အထိရှိနေပါတယ်။

    ကြက်သွန်နီ ဈေးကွက်

    ရခိုင်ပြည်နယ် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများပိတ်သွားသဖြင့် မြန်မာ့ကြက်သွန်နီကို ဘင်္ဂလား ဒေ့ရှ် ကနေ ဝယ်ယူမှု အားကောင်းလို့ ဈေးတန်းက ကုန်စည်ဒိုင်တွေမှာ တစ်ပိဿာကို ၃၉၅၀ ကျပ်အထိ မြင့်တက်ခဲ့ ရာကနေ လက်ရှိမှာတော့ ပြည်ပတင်ပို့မှု့ လျော့သွားလို့ ဈေးတန်းပြန်ကျသွားပါတယ်။

     ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ဆိပ်ဖြူ ကြက်သွန်နီမှာ ရှယ်က ၃၆၀၀ ၊လတ်ကြီး ၃၅၀၀၊လတ်သန့်က ၃၁၀၀ ကျပ်နဲ့ လတ်ချောက ၂၅၀၀ ကျပ်ရှိပါတယ်၊တောင်သာကြက်သွန်နီမှာ ရှယ်က ၃၁၀၀ ကျပ်၊ လတ်ကြီးက ၃၀၀၀ ၊လတ်သန့်က ၂၆၀၀ ကျပ်နဲ့ လတ်ချောက ၂၀၀၀ ကျပ်ဈေးရှိနေပါတယ်။

    ပခုက္ကူဈေးကွက်မှာတော့ ကြက်သွန်နီ အရည်အသွေးအပေါ်မူတည်ပြီး တစ်ပိဿာကို ၂၁၀၀ ကနေ ၂၈၅၀ ကျပ်အထိသာရှိပြီး အရောင်းအဝယ်သွက်နေတယ်လို့သိရပါတယ်။

    မြင်းခြံကုန်စည်ဒိုင်မှာတော့ တောင်သာကြက်သွန်နီက ၂၀၀၀ ကျပ်မှ ၃၂၀၀ ကျပ်၊မုံရွာကြက်သွန်နီက ၂၇၀၀ ကျပ်မှ ၃၆၀၀ ၊ဆိပ်ဖြူက ၂၅၀၀ မှ ၃၆၀၀ ကျပ်ရှိတယ်လို့သိရပါတယ်။

    လက်လီဈေးကွက်မှာတော့ ကြက်သွန်နီ အလုံးအကြီးအသေး ၊ အပုတ်အနာအဆာ ရှိမရှိအပေယ်လိုက်ပြီး အမြင့်ဆုံး တစ်ပိဿာကို ၅၀၀၀ ကျပ်အထိ ဈေးတန်းရှိနေပါသေးတယ်။


    အာလူးဈေးကွက်

    အာလူးဈေးကွက်မှာလည်း တရုတ်ကနေတင်သွင်းတဲ့ တရုတ်အာလူးက ပြီးခဲ့တဲ့ရက် ဘုရင့်နောင် ကုန်စည် ဒိုင်မှာ တစ်ပိဿာကို ၄၂၀၀ ကျပ်အထိ မြင့်တက်လာခဲ့ရာကနေ လက်ရှိမှာတော့ တစ်ပိဿာကို ၄၀၀ ကျပ်ပြန် ကျသွားလို့ ၃၈၀၀ ကျပ် ရှိပြီး ပစ္စည်းပြတ်လပ်မှုတွေတော့ရှိနေသေး တယ်လို့သိရပါတယ်။

    တရုတ်အာလူးကို လုပ်ငန်းသုံးအဖြစ်အသုံးပြုမှုများပြီး ရှမ်းအာလူးတွေကတော့ ပြည်တွင်းစားသုံးမှုများကြောင့် ၊ အဓိက စားသုံးသူတွေဟာ ဈေးနူန်း နည်းတဲ့အာလူးကိုသာ အဓိကရွေးချယ်စားသုံးကြတာများပါတယ်။

    ခုတပတ်ဘုရင့်နောင်ဈေးကွက်မှာ တရုတ်အာလူးတစ်ပိဿာကို ၃၈၀၀ ကျပ်ရှိနေပါတယ်။

    ရှမ်းပြည်အောင်ပန်းကုန်စည်ဒိုင်ဈေးကွက်မှာတော့ မျက်နီ S-2 အကြီးအသေးအရော တစ်ပိဿာကို ၃၀၀၀ ကျပ်၊ မျက်နီ S-2 က ၂၅၀၀ မှ ၂၇၀၀ ကျပ်၊ A-1 က ၁၆၀၀ ကျပ်မှ ၁၈၀၀ ကျပ်၊ မျက်နီ OK က ၂၂၀၀ မှ ၂၃၀၀ ကျပ်၊မားကစ် S-1 / S-2 အရောက ၃၇၀၀ ကျပ် ၊မားကစ် S-1 / OK အရောက ၃၀၀၀ ကျပ်ရှိပြီး တရုတ်အာလူးကတော့ ပစ္စည်းအဝင်မရှိဘူးလို့သိရပါတယ်။

    လက်လီဈေးကွက်မှာ တော့ အားလူးတစ်ပိဿာကို ၅၀၀၀ ကျပ်အထိ ရောင်းချမှုရှိနေပါတယ်။


    သကြား ဈေးကွက်

    သကြားကတော့ ခုတပတ်မှာဈေးအနည်းငယ် တက်လာတာကို တွေ့ရပါတယ်။ ပြည်တွင်းမှာသကြားလက်ကျန် နည်းသွားတာကတကြောင်း၊ တရုတ်ကနေ သကြားတင်သွင်းနိုင်ခြင်းမရှိတဲ့အခြေအနေတွေကြောင့် သကြား ဈေးက အနည်းငယ်ထပ်တက်လာတာပါ။

    ခုတပတ်ဘုရင့်နောင်ကုန်စည်ဒိုင်ဈေးကွက်မှာ သကြားတစ်ပိဿာကို ၃၈၅၀ ကျပ်ဈေးရှိနေပါတယ်။ လက်လီ ဈေးကွက်မှာတော့ သကြားတစ်ပိသာကို ၅၀၀၀ ကျပ်အထိရောင်းချနေကြပါတယ်။

    မကြာမီ ကြံကြိတ်ဝါးရာသီစတင်တော့မှာဖြစ်လို့ သကြားဈေးက လက်ရှိဖြစ်ပေါ်နေတဲ့ နူန်းထက်တော့ ထပ်ပြီး မြင့်တက်နိုင်မယ့်အလားအလာမရှိဘူးလို့ ကုန်သည်တွေကသုံးသပ်ချက်အရသိရပါတယ်။

    ပြည်တွင်းမှာတော့ သကြားဖြူကို အဓိကသုံးစွဲပြီး စားသုံးအနည်းစုကသာ သကြားညိုကို သုံးစွဲကြ တာဖြစ်တယ် လို့သိရပါတယ်။ သန့်စင်သကြားနဲ့ သကြားဖြူကိုတော့ လုပ်ငန်းသုံးအဖြစ်အဓိကသုံးကြတာဖြစ်ပါတယ်။

    ဂျင်းဈေးကွက်

    ဂျင်းတက်ကတော့ အဓိက ဘင်္ဂလား ဒေ့ရှ်ကိုသာ တင်ပို့ရတာဖြစ်ပြီး လက်ရှိ မြန်မာ ဘင်္ဂလား ဒေ့ရှ်နယ်စပ် ကုန်သွယ်ရေးရပ်နေတာကြောင့် ဈေးတန်းက အကျဘက်ကိုရောက်လာတယ်လို့သိရပါတယ်။

    ပြည်ပတင်ပို့မှုမရှိတော့တဲ့အတွက် ပြည်တွင်းစားသုံးမှုနဲ့ ပြည်တွင်း သိုလှောင်ထားမယ့်သူတွေအပေါ်သာ ဈေး ကွက်ကမှီခိုနေတယ်လိုသိရပါတယ်။ပြည်တွင်းဈေးကွက်မှာကလည်း လမ်းကြောင်းတွေ ပိတ်ဆို့ ထားတာ ကြောင့် နေရာစုံကိုရောင်းချနိုင်ခြင်းမရှိဘူးလို့သိရပါတယ်။

    ရှမ်းပြည်အောင်ပန်းကုန်စည်ဒိုင်ဈေးကွက်မှာတော့ ဂျင်းတက်ဈေးက ဂျင်း တစ်ပိဿာကို နိုဝင်ဘာလ ၁၄ ရက် နေ့က ၃၈၀၀ ကျပ်ရှိရာကနေ လက်ရှိမှာ ၂၀၀၀ ကျပ်သို့ ကျသွားသလို ဂျင်းအလတ်စကလည်း ၂၅၀၀ ကျပ်က နေ ၁၅၀၀ ကျပ်သို့ဈေးကျသွားပါတယ်။ဂျပန်ဂျင်းရှယ်ကလည်း တစ်ပိဿာကို ၃၈၀၀ ကျပ်ရှိရာကနေ ၃၅၀၀ ကျပ်ကိုကျသွားပါတယ်။လက်လီဈေးကွက်မှာတော့ ၈၀၀၀ ကျပ်နဲ့ ၉၀၀၀ ကျပ်အကြားရောင်းချမှုရှိ နေပါသေး တယ်။

     

    Chit Khon Cho (AMIA)

     


    ———

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - https://htwettoe.com/download


  • article
likes8comments0
views213views3655