cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဂျပ်စက္ကူနဲ့ ကောက်ရိုးမှိုစိုက်နည်း

. စိုက်ပျိုးနည်းစနစ်များ
ကောက်ရိုးမှိုစိုက်ပျိုးတဲ့အခါအပူချိန်ထိန်းခြင်းကလဲပြောရလွယ်သလောက်ထိန်းရခက်ခဲတဲ့အရာဖြစ်ပါတယ် ကိုယ်ထည့်ထားတဲ့ကုန်ကြမ်းကစတင်ပြိုကွဲပီးအပူထွက်လာပါတယ်ပလပ်စတစ်အုပ်ထားတဲ့အတွက်အပြင်မှကျွန်တော်တို့ခံစားရတဲ့အပူချိန်ထက်မြောင်းတွင်းအပူချိန်ကပိုပူနေပါတယ် အပူချိန်သတ်မှတ်ချက်အနေနဲ့27°Cကနေ38°Cအတွင်းရှိရပါမယ် အပူချိန်ရှိတာကြောင်ဘောင်ခြောက်တတ်ပါတယ် ရေသွင်းရပါမယ် တခြားအပင်တွေလိုဘောင်အပေါ်ကရေလောင်းလို့်မရပါဘူးရေထမ်းပုံးနှစ်ပုံးခန့်ဘောင်ဘေးကနေသွင်းပေးရပါတယ် ဘောင်ပေါ်ကလောင်ရင်မှိုပေါက်မည်မဟုတ်ပါရေသွင်းသည့်အခါ ပလပ်စတစ်ကိုအကုန်မဖယ်ပဲရေလောင်းလို့ရရုံလေးသာ ခေါက်တင်၍ရေသွင်းပါ စပြီးစိုက်ပြီးငါရက်အတွင်းမှိုမျှင်တွေစပြီးပွားပါတယ်ခြောက်ရက်သားလောက်ရောက်ပြိဆိုမှိုဘောင်တစ်ခုလုံးကျပ်ပင့်ကူအိမ်တွေလိုမှိုမျှင်တွေတက်လာပါတယ် ခြောက်ရက်သားရပြီးဆိုပါလျှင် ဘောင်ပေါ်ကနေရေလောင်းလို့ရပါပြီးတစ်ခါထဲပဲလောင်းလို့ရတာပါ ရေထမ်းပုံးတစ်ထမ်းခန့် အားဆေးရည်ဖြင့်ရောစပ်ကာလောင်းပေးပါ နှစ်ရက်သုံးရက်ကြာတဲ့အခါမှိုမျှင်တွေကနေထုံးတွေပက်ထားသလိုသဋေခဲတွေစတင်မြင်ရပါပြီ။
  • လိုအပ်သောအရာများ

    မြေဘောင် အနက် ခြောက်လက်မှမှတစ်ပေ အလျားအနံ 12'×3'/10'×3'/7'×4'

    မှိုမျိုး မြန်မာမျိုးထုပ်အသေးငါးထုပ်မှခုနှစ်ထုပ် အထုပ်ကြီးလေးထုပ်

    ဂျပ်စက္ကူအချိန်တစ်ဆယ်

    နွားချီးမြင်းချီး အသုံးပြုပါကဆယ်တင်း ဗေဒါအသုံးပြုပါကဆယ့်နှစ်တင်း

    ဖွဲနု နို့ဆီသုံးလုံး

    ထုံးနှစ်ဗူး ဆေးရွက်ကြီးအနည်းငယ်

    ပလပ်စတစ် စိုက်ဘောင်အရှည်ထက်သုံးပေအပိုယူ၍ဝယ်ပါ

    ဝါးတစ်လုံး


    စိုက်ပျိုးပုံအဆင့်ဆင့်

    မြေဘောင်အနက်ခြောက်လက်မသို့မဟုတ်တစ်ပေခန့် အလျားအနံအပေါ်မှာပြထားသေားအညွှန်းအတိုင်းကြိုက်နှစ်သက်ရာအတိုင်ဘောင်တင်ပါ ဘောင်တင်ပြီးပါကနွေရာသီတွင်ရေဂါလံဆယ်ဂါလံခန့် ပက်ဖြန်ပါ ဆောင်းရာသီတွင်လျှောဖြန်၍ မိုးရာသီတွင်မဖြန်လဲရပါသည် ထုံးနို့ဆီနှစ်ဗူးကိုဆေးရွက်ကြီးနှင့်ရောမွှေ၍ဘောင်ဘေးနှင်ဘောင်တွင်ပက်ဖြန်းပါ နွားချီးမြင်းချီးဖြစ်ပါကခြောက်တင့်ခန့် ဗေဒါဖြစ်ပါက 7တင်းခန့်လက်လေးလုံး ငါးလုံးခန့်ခုတ်ဖြတ်၍အောက်ခံအဖြစ်ခင်းပါ နွားချီးမြင်းချီးဖြစ်ပါကခြေဖြင့်နင်းကာ ရေအားလုံးစိမ့်ဝင်သွားသည်အထိပက်ဖြန်ပါ ဂျပ်စက္ကူ အချိန်တစ်ဆယ်ကိုရေစွတ်၍လက်တစ်ဝါးအရွယ်ဖြဲကာအောက်ခံမြင်ချီး နွားချီး ဗေဒါအပေါ်မှဖြန့်ခင်းပါ မှိုမျိုးကိုခြေမွကာ ဖွဲနုနို့ဆီသုံးဗူးဖြင့်ရောနယ်ကာအစိတ်အကျဲညီညီဖြူးပါ အပေါ်မှ နွားချီးမြင်းချီး ဗေဒါ လေးတင်းခန့်ပြန်အုပ်ပါ ရေလောင်းပါ မြင်ချီးနွားချီးဖြစ်ပါကဘောင်ဘေးမှရေစိမ့်ထွက်သည်အထိ လောင်းပါ ပလပ်စတစ်အုပ်ပါ အပေါ်မှအလင်းတိုက်ရိုက်မကျရန် အလင်းမဖောက်သော အရာများဖြင့်အုပ်ပါ


    အပူချိန်ထိန်းခြင်း

    ကောက်ရိုးမှိုစိုက်ပျိုးတဲ့အခါအပူချိန်ထိန်းခြင်းကလဲပြောရလွယ်သလောက်ထိန်းရခက်ခဲတဲ့အရာဖြစ်ပါတယ် ကိုယ်ထည့်ထားတဲ့ကုန်ကြမ်းကစတင်ပြိုကွဲပီးအပူထွက်လာပါတယ်ပလပ်စတစ်အုပ်ထားတဲ့အတွက်အပြင်မှကျွန်တော်တို့ခံစားရတဲ့အပူချိန်ထက်မြောင်းတွင်းအပူချိန်ကပိုပူနေပါတယ် အပူချိန်သတ်မှတ်ချက်အနေနဲ့27°Cကနေ38°Cအတွင်းရှိရပါမယ် အပူချိန်ရှိတာကြောင်ဘောင်ခြောက်တတ်ပါတယ် ရေသွင်းရပါမယ် တခြားအပင်တွေလိုဘောင်အပေါ်ကရေလောင်းလို့်မရပါဘူးရေထမ်းပုံးနှစ်ပုံးခန့်ဘောင်ဘေးကနေသွင်းပေးရပါတယ် ဘောင်ပေါ်ကလောင်ရင်မှိုပေါက်မည်မဟုတ်ပါရေသွင်းသည့်အခါ ပလပ်စတစ်ကိုအကုန်မဖယ်ပဲရေလောင်းလို့ရရုံလေးသာ ခေါက်တင်၍ရေသွင်းပါ စပြီးစိုက်ပြီးငါရက်အတွင်းမှိုမျှင်တွေစပြီးပွားပါတယ်ခြောက်ရက်သားလောက်ရောက်ပြိဆိုမှိုဘောင်တစ်ခုလုံးကျပ်ပင့်ကူအိမ်တွေလိုမှိုမျှင်တွေတက်လာပါတယ် ခြောက်ရက်သားရပြီးဆိုပါလျှင် ဘောင်ပေါ်ကနေရေလောင်းလို့ရပါပြီးတစ်ခါထဲပဲလောင်းလို့ရတာပါ ရေထမ်းပုံးတစ်ထမ်းခန့် အားဆေးရည်ဖြင့်ရောစပ်ကာလောင်းပေးပါ နှစ်ရက်သုံးရက်ကြာတဲ့အခါမှိုမျှင်တွေကနေထုံးတွေပက်ထားသလိုသဋေခဲတွေစတင်မြင်ရပါပြီ။

    မှိုသဋေခဲမင်ရပြီဆိုသည်နှင်ပလပ်စတစ်ကိုဖယ်ကာတစ်နေ့တစ်ခါလောက်နေရောင်ခြည်တိုက်ရိုက်မရတဲ့အချိန်တွင်လေးသွင်းခြင်းနှင့် အလင်းပေးရန်ဆယ်မိနစ်ခန့်ဖွင့်ပေးပြီးလုံအောင်ပြန်ပိတ်ကာ အပေါ်မှအလင်းမဖောက်သည့်အရာများဖြင့်အုပ်ထားပါ တနေ့တကြိမ်ခန့်ပြုလုပ်ကာမှိုကြီးထွားမှုကိုကြည့်နိုင်သည် စိုက်ပြီး8ရက် 9ရက်မှ12ရက်အတွင်းစတင်ခူးဆွတ်နိုင်သည်

    မှိုတစ်ဘောင်အထွက်နှုန်းနှစ်ပိသာမှတစ်ဆယ်ဝန်းကျင်ထွက်ရှိပြီးပထမတစ်ကြိမ်ဒုတိယတစ်ကြိမ်နှစ်ကြိမ်ခူးဆွတ်နိုင်ပါသည်။


    ကောက်ရိုးမှိုအကြောင်းသိကောင်းစရာများ

    ကောက်ရိုးမှို၏သဘာဝကမှိုးများများရွားဲပီနေပြန်ပူတဲ့အခါမှပေါက်တတ်တာပါ ထို့အတူပါပဲကျွန်တော်တိုမှိုစိုက်ပျိုးတဲ့အခါမှာလဲသဘာဝကိုလူကဖန်တီးပေးပြီကောက်ရိုးမှိုပေါက်စေတာပါ။

    ကောက်ရိုးမှို ပေါက်ရောက်ဖို့အတွက်အဓိကအစာသုံးမျိုးလိုပါတယ် အပူ carbondioxide နဲ့cellluloseပါ ကာဗွန်ဒိုင်အောက်ဆိုက်နဲ့အပူကိုနွားချီးမြင်းချီးဗေဒါမှရရှိပြီး cellulose ဆဲလူးလို့စ် ကို ဂျပ်စက္ကူကရရှိပါတယ် မထည့်ရင်မရဘူးလား မရပါဘူး အဓိက အစာမို့ပါ ဒါဆိုတခြားဟာရောသုံးလို့ရလားဆိုတော့ 99%ထိစက္ကူနဲ့ပတ်သက်တဲ့ထွက်ကုန်တွေမှာဆဲလူးလိုစ်ပါဝငင်ပြီးတခြားပစ္စည်းတွေမှာဆဲလူးလိုစ်မပါဝင်ပါဘူးလိုအပ်သလောက်

    ထုံးဘာကြောင့်ဖြူးပါသလဲခြကြောက်လိုပါ။

    ကောက်ရိုးမှိုရဲ့အဓိကရန်သူတော်ပါပဲ ခြဆိုတာ စက္ကူထည့်သွင်းခြင်းကြောင်ခြကတော့လိုက်မှာသေချာနေတာမို့ မလိုက်အောင်တာဆီးတာပါ တခြားခြပြေးဆေးစိုက်ပျိုးရေးဆိုင်တွေမှာရှိပါတယ် ဒါပေမဲ့မသုံးပါနဲ့လို့အကြံပြုပါရစေ အဲဒီ့ဆေးရဲ့အာနိသင်ကလေးဆယ့်ငါရက်မှပျယ်တာမို့မှိုလို12ရက်ဝန်းကျင်သီးနံအတွက် အဆိပ်သွင်းသလိုဖြစ်ပြီး စားသုံးသူတွေကိုတောက်ခြင်း အော့အန်ခြင်းအစာအဆိပ်သင့်ခြင်းတွေဖြစ်တတ်တာမို့ တတ်နိုင်သမျှရှောင်ပါ မဖြစ်မနေသုံးမည်ဆိုပါကလဲ သေချာမေးမြန်းပြီးမှအသုံးပြုပါ။

    ကုန်ကြမ်းမြင်ချီးနွားချီးဆယ်တင်းခန်းတမြောင်းကိုအသုံးပြုပါ ဗေဒါသုံးမည်ဆိုပါက 12တင်း ဗေဒါ မြင်းချီး နွားချီးသစည်ဖြင့်လဲရောသုံးနိုင်ပါသည်

    ကောက်ရိုးမှိုရဲ့အဓိကအကျဆုံးကအပူချိန်ပါ ပြောရလွယ်သလောက်မသိတဲ့အခါထိန်းရခက်ပါတယ် ကောက်ရိုးမှိုရှင်သန်ကြီးထွားဖို့ အပူချိန် 27°Cကနေ38°Cကြားဝန်းကျင်ရှိရပါမယ် အပူချိန်ကွာခြားချက် 10ကျော်ရင်မှိုမျှင်သေတာတို့ အပွင့်သေးသေးလေးတွေပွင့်တာတို့ဖြစ်တတ်ပါတယ်။

    Source: စိုက်ပျိုးရေးဦးစီးဌာန

    ----

    ဆောင်းပါးသစ်များအတွက် ထွက်တိုးကို Like, follow, share, Download https://htwettoe.com/download လုပ်ထားပါ။

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ်


  • article
likes9comments0
views172views1692