cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

စပျစ်သီးနှင့် ကျန်းမာရေ:

. ကျန်းမာရေးဆောင်းပါးများ
စပျစ်သီးထဲမှာ လူသားတို့ ကျန်းမာရေးကို အထောက်အကူဖြစ်စေသော caffeic အက်ဆစ်၊ resveratrol၊ bioflavonoids နဲ့ polyphenolsစတဲ့ ဓာတ်တိုး ဆန့်ကျင်ပစ္စည်းတွေ ပါရှိနေကြပြီး စပျစ်သီးအခွံ အရောင်ရင့်လေ ကျန်းမာရေးအတွက် ပိုမိုဆေးဖက်ဝင်လေဘဲ ဖြစ်ပါတယ်။
  • စပျစ်သီးဆိုတာ ကမ္ဘာပေါ်မှာ စပျစ်သီး မျိုးစိပ်ပေါင်း ၈၀၀၀ ခန့် ရှိကြပြီး သူပေါက်ရောက်ရာ အရပ်ဒေသပေါ် မူတည်ကာ၊ အစိမ်းဖျော့၊ အဝါဖျော့၊ ပန်းရင့်၊ အနီ်၊ ခရမ်းရင့်၊ အနက်၊ Concord (ခေါ်) သပြေသီးမှည့်ရောင်၊ Muscadine (ခေါ်) အနီရောင် အလုံးကြီးကြီး စပျစ်သီး၊Jabuticaba (ခေါ်) ပင်စည်တွင် ကပ်၍ အသီးသီးသော စပျစ်သီး၊ အစေ့လွတ် စပျစ်သီး၊ ဝိုင်ချက်သော စပျစ်သီး စသည်ဖြင့် အရောင်အမျိုးမျိုး၊ အရွယ်စား အမျိုးမျိုး ရှိကြပါတယ်။ အရောင်နှင့် အမျိုးအစား ပေါ်လိုက်၍ အရသာမှာလည်း ဖန်ချဉ်ချို၊ အလွန်ချို စသည်ဖြင့်ကွဲပြားလို့နေပါတယ်။


    စပျစ်သီးအစွမ်း

    စပျစ်သီးထဲမှာ လူသားတို့ ကျန်းမာရေးကို အထောက်အကူဖြစ်စေသော caffeic အက်ဆစ်၊ resveratrol၊ bioflavonoids နဲ့ polyphenolsစတဲ့ ဓာတ်တိုး ဆန့်ကျင်ပစ္စည်းတွေ ပါရှိနေကြပြီး စပျစ်သီးအခွံ အရောင်ရင့်လေ ကျန်းမာရေးအတွက် ပိုမိုဆေးဖက်ဝင်လေဘဲ ဖြစ်ပါတယ်။ဆေးဖက်ဝင်အောင် အစေ့နဲ့ အခွံတို့ကိုပါ ညက်ညက်ဝါးစားပေးရမှာဖြစ်ပြီး အရွယ်ရောက်ပြီးသူ လူတစ်ဦးအတွက် တစ်နေ့လျှင် စပျစ်သီးလက်တစ်ဆုပ်စာကို နံနက် (သို့မဟုတ်) ညအိပ်ယာဝင်ခါနီး စားသင့်ပါတယ်။ ဝိုင်(အနီ) သောက်သူများအနေဖြင့် ည အိပ်ယာဝင်ခါနီးတိုင်း(၅၀ စီစီ) မျှ သောက်ပေးနိုင်ပါတယ်။

    စပျစ်သီးက ကိုယ်ခံစွမ်းအားကို တိုးတက်မြင့်မားစေကာ သွေးတိုး၊ ခေါင်းတစ်ခြမ်းကိုက်၊ ဝမ်းချုပ်၊ မျက်စေ့တိမ်စွဲ၊ အအေးမိ၊ နှာစေး၊ ချောင်းဆိုး၊ ဖျားနာ၊ အရိုးဆစ်ရောင် (ဂေါက်)နှင့် လေးဘက်နာ၊ Type 2 diabetes (ခေါ်) ဆီးချို၊ ဦးနှောက်နဲ့အာရုံကြော၊ သွေးဆုံးကိုင်၊ လည်ချောင်းနာ၊ အာသီးရောင်၊ ပန်းနာရင်ကျပ်၊ အသည်းအဆီဖုံး စတဲ့ ရောဂါအမျိုးမျိုးတို့ကို ကောင်းကျိုးပြုပါတယ်။ စပျစ်သီးစားခြင်းရဲ့ အခြားကျန်းမာရေး အကျိုးကျေးဇူးတွေကတော့ လည်ချောင်း၊ အဆုတ်၊ အသည်း၊ အူမကြီးဆီးကျိတ်နဲ့ ရင်သားကင်ဆာ ဖြစ်နိုင်ခြေ အလားအလာတို့ကို လွန်စွာနည်းပါးစေခြင်း၊ နှလုံးသွေးကြောပျက်စီး၍ နှလုံးရောဂါဖြစ်ခြင်းမှ ကာကွယ်ပေးခြင်း၊ DNAကို တိုးမြှင့်ပေးကာ သက်ရှည် ကျန်းမာစေခြင်း၊ ခန္ဓာကိုယ်တွင်း အဆိပ်အတောက်များကို ပြေပျောက်စေခြင်း၊ သည်းခြေကို သန့်စင်ပေးကာ၊ဆီးလမ်းကြောင်း ပိုးဝင်ခြင်းနှင့် ဆီးကျောက်တည်ဝေဒနာကို သက်သာလာစေခြင်း၊ သွေးအတွင်းရှိ ကိုလက်စထရောကျစေတဲ့အပြင် ကိုယ်အလေးချိန်ကိုပါ ကျစေနိုင်ခြင်း၊ နာလန်ထစလူနာများကို ခံတွင်းလိုက်ကာ အားပြန်လည်၍ ပြည့်စေခြင်း၊ အိုမင်းရင့်ရော်မှုကို နှေးကွေးစေခြင်း၊အရိုးနဲ့ ကြွက်သား တစ်ရှူးများ သန်မာစေခြင်း စသည်ဖြင့် လွန်စွာဆေးဖက်ဝင်လှကြောင်းကို မြန်မာ့ဆေးကျမ်းများသာမက အမေရိကန်နိုင်ငံအခြေစိုက် Women’s Health ဂျာနယ်၊ Rochester တက္ကသိုလ်၊ Harvard ဆေးဝါးတက္ကသိုလ်၊ ကယ်လီဖိုးနီးယားရှိ ဂျွန်ဟော့ပ်ကင်းတက္ကသိုလ်နဲ့ တူရကီနိုင်ငံရှိ Erciyes တက္ကသိုလ်များက အကြံပြုထားကြပါတယ်။


    စပျစ်သီးနဲ့ ပဋိဇီဝဆေးဝါးများ အန္တရာယ်

    စပျစ်သီး၊ စပျစ်ဖျော်ရည်များနဲ့စပျစ်ဝိုင်သောက်ခြင်းက အထက်ပါအတိုင်း ဆေးဖက်ဝင်တဲ့အပြင် အဆုတ်အတွင်းပိုင်း အစိုဓာတ်အားကောင်းစေတာကြောင့်လည်း အဆုတ်ကျန်းမာစေကာ အဆုတ်ကင်ဆာဖြစ်နိုင်ချေအလားအလာကို ၁၃ ရာခိုင်နှုန်းထိ လျော့ပါးစေကြောင်း စပိန်နိုင်ငံရှိ University of Santiago de Compostela မှ အတည်ပြု ထောက်ခံထားပါတယ်။ သို့သော် ပဋိဇီဝဆေးတွေသောက်ပြီး ချက်ချင်းဆိုသလိုစပျစ်သီး (သို့မဟုတ်) စပျစ်ဖျော်ရည်တွေကို စားသောက်မိပါက ထိုအသီးထဲမှာပါတဲ့ အင်ဇိုင်းဓာတုပစ္စည်းများက ပဋိဇီဝဆေးတွေနဲ့ ဓာတ်ဖောက်ပြန်ကာ ဘေးထွက် ဆိုးကျိုးအဖြစ် သွေးခုန်နှုန်းကို မြင့်မားမြန်ဆန်လာစေကာ အော်ဂလီဆန်၍ ပျို့အန်မူးမော်နိုင်ပြီး အခန့်မသင့်ပါကသတိလစ်စေပါတယ်။

    အထူးသဖြင့် သွေးကျဆေး၊ ကယ်လ်စီယမ် အားဖြည့်ဆေး၊ စိတ်ငြိမ်ဆေး၊ ကိုလက်စထရောကျဆေး၊ အားဆေးအမျိုးမျိုး၊ အကိုက်အခဲပျောက်ဆေး၊ ကျား၊ မ ဟိုမုန်းအားဆေးနဲ့ HIV ဆေးတွေက စပျစ် (သို့မဟုတ်) စပျစ်ဖျော်ရည်တွေနဲ့ ဓာတ်ဖောက်ပြန်ကာလူကို အန္တရာယ် ဖြစ်စေနိုင်တာကြောင့် ဖော်ပြပါဆေးဝါးများဖြင့် ကုသမှုခံယူနေစဉ်မှာ ထိုအသီးများကို မစားသုံးသင့်ကြောင်း American Health Digest (ခေါ်) အမေရိကန် ကျန်းမာရေး အင်တာနက် သတင်းလွှာမှာ ဖော်ပြခဲ့ပါတယ်။ ဒါတင်မကသေးပါဘူး။

    အိန္ဒိယနိုင်ငံမှာ ဓာတ်ခွဲစမ်းသပ်ချက်များအရ ဆစ်ထရစ် အက်ဆစ် (ခေါ်) အချဉ်ဓာတ်ကဲတဲ့ သစ်သီးများဖြစ်ကြသော ဂရိတ်ဖရု၊ လိမ္မော်၊ သံပရာ၊ သလဲသီး၊ သရက်၊မာလကာ၊ ပန်းသီး (အချဉ်)၊ ခရမ်းချဉ်သီးတို့အပြင်၊ ပန်းဂေါ်ဖီ(အဖြူ)၊ ဟင်းနုနယ်ရွက်၊ မုန်လာဥနီ တို့ကလည်း ပဋိဇီဝဆေးဝါးများနဲ့တွဲဖက်စားသောက်မိတဲ့အခါ အလားတူ ဘေးထွက်ဆိုးကျိုးတွေဖြစ်နေတာကို တွေ့ရှိရကြောင်းနဲ့ ထိုသစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်များစားသောက်ပြီးနောက် အနည်းဆုံး လေးနာရီခန့်ကြာမှသာ ပဋိဇီဝဆေးဝါးများကို သောက်သုံးသင့်ကြောင်း American Health Digest သတင်းလွှာက ထပ်လောင်း ဖော်ပြထားပါတယ်။


    ဆောင်ရန်ရှောင်ရန် သိမှတ်ဖွယ်

    (က) ပိုးသတ်ဆေးတွေနဲ့ အပင်ကြီးထွားဆေး စတဲ့ဓာတုဆေးများ အန္တရာယ်မှ ကင်းဝေးအောင် စပျစ်သီးကို ရေစင်စင်ဆေးကြောပြီးမှ စားပေးသင့်ပါတယ်။ (ခ) မွေးရာပါ သွေးအားနည်း ရောဂါရှိသူများ၊ သံဓာတ်အားနည်းသူများ၊ အစာအိမ်နာရှိသူများ၊ ဆီးချိုရောဂါသည်များနဲ့ အဝလွန်သူများ စပျစ်သီးကို အလွန်အကျွံ မစားသင့်ပါ။ (ဂ) သွာပိုးစားပြီး ဂလိုင်ပေါက်ဖြစ်နေသူများ စပျစ်သီးကို ရှောင်နိုင်လေကောင်းလေဘဲ ဖြစ်ပါတယ်။ (ဃ) စပျစ်သီးစားပြီးခါစနှင့် စားနေစဉ်မှာ နို့၊ ငါး၊ ဘီယာ၊ ဘိလပ်ရည်၊ ဖရဲသီး စသည်တို့ကို အလွန်အကျွံ မစားမိပါစေနှင့်။ အစာအိမ်

    ဝေဒနာကို ပြင်းပြင်းထန်ထန် ခံစားရတတ်ပါတယ်။ (စ) စပျစ်သီးက မည်မျှပင်ဆေးစွမ်းထက်ပါစေ။ တချို့သောသူများက စပျစ်သီးနှင့် မွေးရာပါဓာတ်မတည့်မှုတွေ ဖြစ်စေနိုင်၍ သတိပြုစားသုံးပါ။


    ပေါက်ပေါက်

    မြန်မာတောင်သူကြီးများဂျာနယ်

    ------

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


  • article
likes6comments0
views175views1653