cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဥယျာဉ်ခြံထဲမှာ ငါးအပိုင်းအစများကို အသုံးပြုနိုင်တဲ့ နည်းလမ်း (၄) သွယ်

. အိမ်တွင်းဥယျာဉ်
ဓာတ်မြေဩဇာတွေအစား ငါးအစိတ်အပိုင်းတွေကို အသုံးပြုတာဟာ စိုက်မြေနဲ့ မြေအောက်ရေ ညစ်ညမ်းမှု မရှိစေတဲ့အပြင် ပတ်ဝန်းကျင် ထိခိုက်မှုလည်း မရှိပါဘူး။
  • စိုက်ပျိုးမြေကို ဘယ်လိုပြုပြင်ပေးနိုင်လဲ။ 

    ငါးအပိုင်းအစများကို ဥယျာဉ်ခြံသုံး မြေဩဇာအ‌နေနဲ့ အသုံးပြုမယ်ဆိုရင် အနံ့အသက်ဆိုးပေမယ့် အကျိုးကျေးဇူးများစွာ ပေးစွမ်းနိုင်ပါတယ်။ လိုအပ်သော အာဟာရဓာတ် (နိုက်ထရို၊ဖော့စဖောရပ်၊ ပိုတက် ၄-၁-၁) ပေးခြင်း (အထူးသဖြင့် နိုက်ထရိုဂျင်)၊ အော်ဂဲနစ်မက်တာဓာတ် ရရှိစေပြီး စိုက်မြေပျက်စီးဆုံးရှုံးမှုနည်းစေခြင်း၊ စိုက်‌မြေကျန်းမာရေး ပြန်လည်ဖြည့်တင်း‌ပေးခြင်း စတဲ့ အကျိုးကျေးဇူးများ ရရှိစေပါတယ်။ 

    ဒါ့အပြင် ငါးအပိုင်းအစတွေမှာ သံ၊ သွပ်၊ ကယ်လဆီယမ်ဓာတ် တို့လည်း ပါရှိပါတယ်။ အပင်က အမြဲတမ်း မစုပ်ယူနိုင်ရင်တောင် စိုက်မြေရဲ့ အာဟာရဓာတ် ကြွယ်ဝစေပါတယ်။ ဒါ့ကြောင့် စိုက်မြေကို အာဟာရဓာတ် ညီမျှစေပါတယ်။ 

    ဒီလို စိုက်မြေမှာ အသုံးပြုပေးခြင်းက ပတ်ဝန်းကျင် ထိခိုက်မှုမရှိဘဲ သဟဇာတဖြစ်စေပြီး ငါးအကြွင်းအကျန်များ အလေအလွှင့်ဖြစ်မှုကို လျော့နည်းစေကာ စိုက်မြေရဲ့ အာဟာရတန်ဖိုး မြင့်တက်စေပါတယ်။ 

     ငါးအစိတ်အပိုင်း အကုန်လုံးကို အသုံးပြုနိုင်တယ် ဆိုပေမယ့်လည်း စီးပွားရေးဘက်မှ ပြန်ကြည့်မယ်ဆိုရင် ဒါဟာမကိုက်ပါဘူး။ ဒါကြောင့် မလိုအပ်တဲ့အစိတ်အပိုင်းတွေ ဖြစ်တဲ့ ခေါင်း၊ အရိုး၊ အူ၊ မစင်နဲ့ တခြားအပိုင်းများကို အသုံးပြုနိုင်ပါတယ်။ ဓာတ်မြေဩဇာတွေအစား ငါးအစိတ်အပိုင်းတွေကို အသုံးပြုတာဟာ စိုက်မြေနဲ့ မြေအောက်ရေ ညစ်ညမ်းမှု မရှိစေတဲ့အပြင် ပတ်ဝန်းကျင် ထိခိုက်မှုလည်း မရှိပါဘူး။ 

    ငါးအပိုင်းအစများကို အသုံးပြုနိုင်သော ပုံစံများ -- 

    ၁။ ငါးအပိုင်းအစများကို အပင်အောက်မှာ မြုပ်ပြီး အသုံးပြုခြင်း၊ 

    ၂။ အပိုင်းအစများကို ကြိတ်နယ်ပြီး ရေဖြင့် အသုံးပြုခြင်း၊ 

    ၃။ ငါးအပိုင်းအစများကို ဆွေးမြေ့အောင် ပြုလုပ်အသုံးပြုခြင်း၊ 

    ၄။ ငါးအမိုင်နိုအက်စစ် ပြုလုပ်၍ အသုံးပြုခြင်း၊ 

     

    (၁) စိုက်ပျိုးပင်အောက်မှာ အပိုင်းအစများကို မြှုပ်စိုက်ခြင်း 

     ဒီနည်းကို သခွား၊ ခရမ်းချဉ်ကဲ့သို့ အသီးအားပြုစိုက်တဲ့ အခင်းမှာ အသုံးပြုနိုင်ပါတယ်။ (အမြစ်စား၊ တစ်ပင်လုံးစားတဲ့ အပင်တွေမှာတော့ အသုံးမပြုသင့်ပါဘူး။) 

    ငါးအပိုင်းအစတွေကို အနည်းဆုံး ၁၂-၂၄ လက်မ အနက်မှာ မြှုပ်ရပါမယ်။ ဒီလိုမြှုပ်မှ အနံ့အသက်ဆိုးတာ၊ အသားစားသတ္တဝါများ တူးစားခြင်းမှ ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။ တစ်ချက် သတိထားရမှာက မြှုပ်လိုက်တဲ့အနက်က အပင်က ရယူအသုံးပြုမှုအပေါ်မှာ သက်ရောက်ပါတယ်န်ော။ 

    အခြားအော်ဂဲနစ်ပစ္စည်း‌တွေနဲ့စာရင် သူတို့က ဆွေးမြေ့မှု ပိုမြန်ပါတယ်။ နှစ်အစမှာ မြှုပ်ထားပြီး နှစ်ကုန်မှာ ဖော်ကြည့်ပါက အရိုးများသာ ကျန်နေတာကို တွေ့ရပါလိမ့်မယ်။ 

    ဥယျာဉ်လုပ်ကိုင်နေတဲ့ လက်တွေ့ အသုံးပြုသူတို့ရဲ့ တွေ့ရှိချက်အရ စိုက်ပျိုးပင်များ ( အထူးသဖြင့် တစ်ရာသီခံပင်) ကျန်းမာစွာ ကြီးထွားခြင်း၊ အထွက်နှုန်းကောင်းခြင်း၊ အပင်သက်တမ်း ကြာရှည် ကောင်းကောင်းကြီးထွားခြင်း စတဲ့ အကျိုးကျေးဇူးများ ရရှိပါတယ်တဲ့။ 

    ၂။ အပိုင်းအစများကို ကြိတ်ပြီး ရေဖြင့် ရောစပ်အသုံးပြုခြင်း၊ 

    ဒီနည်းကတော့ ပတ်ဝန်းကျင်အနံ့အသက်ဆိုးစေတာကြောင့် အသုံးမများပါဘူး။ ဒါ့အပြင် ယင်နဲ့ တခြားအဖျက်ပိုးများ၊ တိရစ္ဆာန်များကို ဆွဲဆောင်နိုင်ပါတယ်။ ဒါကြောင့် မြေအပေါ်ယံမှာ ရောစပ်ထည့်သုံးတာမျိုး လုပ်သင့်ပါတယ်။ ကြိတ်ထားတာ ဖြစ်တာကြောင့် ဆွေးနွေးမြေ့မှု ပိုမြန်ပါတယ်။ အပင်က ရယူမှု ကောင်းစေပါတယ်။ 

    ၃။ မြေဆွေးပုံများတွင် ငါးအပိုင်းအစများကို ထည့်သွင်းအသုံးပြုခြင်း 

    မြေဆွေးပြုလုပ်ရမှာ တိရစ္ဆာန်များ ဖော်မစားစေနိုင်ရန်၊ အင်းဆက်များရန်မှ ကာကွယ်နိုင်ရန် မြေဆွေးပုံရဲ့အလည်မှာ အပိုင်းအစများကို ထားရပါမယ်။ မြေဆွေးပုံရဲ့ အပူချိန်ကို အနည်းဆုံး ၆၄ ဒီဂရီစင်တီဂရိတ်အနေနဲ့ ၂ ပတ်ကျော်ကြာ ထားရှိရပါမယ်။ 

    သိထားရမှာက မြေဆွေးပုံထဲ ငါးအပိုင်းအစများ ထည့်အသုံးပြုခြင်းဟာ သူ့ရဲ့ နိုက်ထရိုဂျင်ပါဝင်မှုကို သိသိသာသာ ပမာဏ အများကြီး မတိုးစေနိုင်ပါဘူး။ မြေဆွေးပြုလုပ်ခြင်းက အပင်၊ တိရစ္ဆာန်တို့မှ ရရှိသည့် အရင်းအမြစ်များကို အာဟာရဓာတ်ရှိတဲ့ မြေဆွေးအဖြစ် ပြောင်းလဲပေးခြင်းဖြစ်ပါတယ်။ (ကုန်ကြမ်းမှ ကုန်ချောအဖြစ် ပြောင်းပေးလိုက်ခြင်း ဖြစ်ပါတယ်။) 

    ၄။ ငါးအမိုင်နိုအက်စစ်ပြုလုပ်၍ အသုံးပြုနိုင်ခြင်း 

    ဒီနည်းကတော့ အားလုံံးသိကြတဲ့အတိုင်း ရွက်ဖျန်းအားဆေးအနေနဲ့ အသုံးများကြပါတယ်။ 

    သတိထားရမှာက အဆများရင် လောင်တတ်တာကြောင့် ညွှန်းပြချက်အတိုင်းသာ အသုံးပြုသင့်ပါတယ်။ 

    နိဂျုံးချုပ်အားဖြင့် 

    ငါးအပိုင်းအစများကို စိုက်ပျိုးမြေမှာ မြေသြဇာအဖြစ် အသုံးပြုခြင်းက အဖိုးတန်လှပါတယ်။ ဒါကြောင့် ငါးအပိုင်းအစတွေကို အလဟသတ် စွန့်ပစ်မယ့်အစား စိုက်ပျိုးရေးမှာ အကျိုးရှိရှိ အသုံးပြုနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။ ငါးအပိုင်းအစတွေအစား စျေးကွက်ထဲမှာ ငါးကနေ ထုတ်လုပ်ထားတဲ့ မြေသြဇာ၊ ရွက်ဖျန်းအားဆေးတွေ ရှိသဖြင့် အသင့် ဝယ်သုံးနိုင်တာတွေလည်း ရှိကြပါတယ်။ ဖော်ပြပါ နည်း ၄ နည်းမှာ အားသာချက်၊ အားနည်းချက်တွေ ရှိသဖြင့် မိမိဒေသ၊ အခြေအနေနဲ့ လိုက်လျောညီထွေ ရှိတဲ့ နည်းကို အသုံးပြုနိုင်ပါတယ်။ 

    ရေးသားသူ 

    နွယ်အေး 

    Reference: 

    https://sharingideas.me/four-effective-ways-to-utilize-fish-scraps-for-natural-garden-fertilization/?fbclid=IwAR0_kq1oETehy75G4anC7x50WvQ5acGGmyBsjqsOgW5w6aRcdQJo62m5Flk 

    ------


  • article
likes12comments0
views223views2569