cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

၂၀၂၃ ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးမှုအတွက် ငွေကျပ် ၁၁၄ ဘီလီယံထုတ်ချေးပေးဖို့ လျာထား

. သတင်းစုံ
တစ်နိုင်ငံလုံးရှိတောင်သူများရဲ့ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးမှုအတွက် ငွေကျပ် ၁၁၄ ဘီလီယံကိုထုတ်ချေးပေးဖို့ လျာထားတယ်လို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှသိရပါတယ်။
  • ဆောင်းသီးနှံချေးငွေတွေကိုအောက်တိုဘာလကစတင်ပြီးဒီဇင်ဘာလအထိထုတ်ချေးပေးလျက်ရှိရာလက်ရှိအချိန်ထိတောင်သူပေါင်း ၃၁၆၀၀ ကျော်ရဲ့စိုက်ဧကပေါင်း ၁၇၈,၀၀၀ ကျော်အတွက် ငွေကျပ် ၁၉ ဘီလီယံကျော်ကိုလည်းထုတ်ချေးပေးထားတယ်လို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သတင်းများအရသိရပါတယ်။

    ယခုနှစ်အတွက် ဆောင်းရာသီချေးငွေကို ဧရာဝတီတိုင်းဒေသကြီးမှ တောင်သူများကအများဆုံးရယူထားတာဖြစ်သလိုဒုတိယအများဆုံးအနေဖြင့် ပဲခူးတိုင်းဒေသကြီးနှင့် တတိယအများဆုံးအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးရှိတောင်သူများကရယူထားတာလို့ သိရပါတယ်။

    ချေးငွေထုတ်ချေးမှုကိုလည်းစပါးနှင့် အခြားသီးနှံများကိုခွဲခြားထားပြီးစပါးစိုက်ပျိုးတဲ့တောင်သူတွေကိုတော့ စပါးတစ်ဧကလျှင်ကျပ် တစ်သိန်းငါးသောင်းနှုန်းဖြင့် ထုတ်ချေးပေးနေတာဖြစ်သလိုအခြားသီးနှံများစိုက်ပျိုးမှုအတွက်ကိုတော့တစ်ဧကလျှင်ကျပ် တစ်သိန်းနှုန်းဖြင့်ထုတ်ချေးပေးနေတာလို့သိရပါတယ်။

    “မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေနဲ့ နှစ်တိုင်းနှစ်တိုင်းမှာမိုး၊ဆောင်း၊မိုးကြိုဆိုပြီးရာသီအလိုက်ချေးငွေအမျိုးအစား ၃ခုကိုထုတ်ချေးပေးနေပါတယ်။ ဘဏ္ဍာရေးနှစ်အလိုက်ထုတ်ချေးမယ့် ချေးငွေအမျိုးအစားနဲ့ ပတ်သက်ပြီးတော့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ရုံးချုပ်အနေနဲ့ရောဘဏ်ခွဲတွေကရောနှစ်တိုင်းနှစ်တိုင်းချေးငွေညွှန်ကြားစာတွေထုတ်ပြန်ပါတယ်။ အဲဒီချေးငွေညွှန်ကြားစာနဲ့အညီချေးငွေတွေကိုစိုက်ပျိုးရာသီချိန်အမှီအဆင်ပြေပြေနဲ့ထုတ်ချေးပေးလျက်ရှိနေပါတယ်” လို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ရဲ့ တာဝန်ရှိသူကပြောပါတယ်။

    အဆိုပါဘဏ်အနေနဲ့တစ်နိုင်ငံလုံးအတိုင်းအတာအရကုန်ခဲ့တဲ့ ၂၀၂၂ ခုနှစ်ဆောင်းရာသီချေးငွေကိုကျပ်ဘီလီယံ ၇၀ကျော်ကိုထုတ်ပေးနိုင်ခဲ့ပြီး ယခုနှစ်မှာတော့ ချေးငွေထုတ်ချေးပေးတဲ့ပမာဏကိုပိုမိုတိုးမြှင့်ကာကျပ် ၁၁၄ဘီလီယံအထိထုတ်ချေးပေးဖို့အတွက် လျာထားခဲ့တာဖြစ်ပါတယ်။

    MFN မှကူးယူဖော်ပြပါသည်။

    ----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - https://htwettoe.com/download


  • article
likes7comments0
views90views1175