cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မကွေးတိုင်းဒေသကြီးအတွက် မိုးလေဝသနှင့်မွေးမြူ‌ရေးအကြံပြုချက်

. ရာသီဥတု သတင်းများ
စလင်းမြို့တွင် ၂၄ ရက်နေ့၌ မိုးရွာနိုင်ခြေရှိပါတယ်။ စေတုတ္တရာမြို့မှာ ၂၅၊ ၂၆ ရက်တို့မှာ ၇၀ ရာခိုင်နှုန်းနီးပါးရှိသဖြင့် တိမ်အသင့်အတင့် ရှိနိုင်ပါတယ်။
  • ၁။ ပွင့်ဖြူမြို့နယ် 

    ယနေ့မိုးရွာရန် ၁၅ ရာခိုင်နှုန်းသာ ရှိပြီး မနက်ဖြန်မှာ ၆၅ ရာခိုင်နှုန်း ရှိပါတယ်။ နိုဝင်ဘာ ၂၄ နှင့် ၂၇ ရက်တို့မှာ ၁၀ ရာခိုင်နှုန်းအောက်သာ ရှိပါတယ်။ နိုဝင်ဘာ ၂၅ ရက်မှာ ၄၀ ရာခိုင်နှုန်း၊ ၂၆ ရက်နေ့မှာ ၅၅ ရာခိုင်နှုန်း ရှိပါတယ်။   

    ၂။ စလင်းမြို့နယ် 

    ယနေ့ မိုးရွာရန် ၂၂ ရာခိုင်နှုန်းသာရှိပြီး နိုဝင်ဘာ ၂၃၊ ၂၇ ရက်တို့မှာ ၁၀ ရာခိုင်နှုန်းအောက် ရှိပါတယ်။ နိုဝင်ဘာ ၂၄ ရက်နေ့မှာ ၈၀ ရာခိုင်နှုန်း ရှိသဖြင့် မိုးရွာနိုင်ပြီး ၂၅၊ ၂၆ ရက်တို့မှာ ၅၅ ရာခိုင်နှုန်း ရှိပါတယ်။

    ၃။ စေတုတ္တရာမြို့နယ် 

    ယနေ့နဲ့ မနက်ဖြန်မှာ မိုးရွာရန် ၄၀ ရာခိုင်နှုန်း ရှိပါတယ်။ နိုဝင်ဘာ ၂၄ ရက်နေ့မှာ ၅၅ ရာခိုင်နှုန်းနှင့် ၂၅၊ ၂၆ ရက်တို့မှာ ၇၀ ရာခိုင်နှုန်းနီးပါးရှိသဖြင့် တိမ်အသင့်အတင့် ရှိနိုင်ပါတယ်။ ၂၇ ရက်နေ့မှာတော့ နေပြင်းပါမယ်။ 

    ၄။ မင်းဘူးမြို့နယ် 

    ယနေ့ မိုးရွာရန် ၁၅ ရာခိုင်နှုန်းသာ ရှိပြီး မနက်ဖြန်မှာ ၇၀ ရာခိုင်နှုန်းနီးပါး ရှိပါတယ်။ ၂၄၊ ၂၇ ရက်တို့မှာ ၁၀ ရာခိုင်နှုန်းအောက်သာ ရှိပါတယ်။ ၂၅ ရက်နေ့မှာ ၄၀ ရာခိုင်နှုန်း၊ ၂၆ ရက်နေ့မှာ ၅၅ ရာခိုင်နှုန်း ရှိပါတယ်။  

     

    ငါးကန်များအတွက်အကြံပြုချက 

    ရာသီအပြောင်းအလဲတွင် ဖြစ်တတ်သော ငါးရောဂါများကာကွယ်ကုသရန်

    ရေသန်းကူးစက်မှု ကာကွယ်ကုသရန်

    ရေသန်းပေါများသော ကန်များတွင် ဝါးခြမ်းပြားများကို ချပေးခြင်းဖြင့် ရေသန်းများ ဝါးခြမ်းတွင် ကပ်စေပါသည်။ အဆိုပါ ဝါးခြမ်းများကို ဆယ်ယူနေလှန်းပြီး ကန်အတွင်းသို့ ပြန်လည်ချပေးပါ။ ရေသန်းများ စတင်တွေ့ရှိသည်နှင့် ကာကွယ်ခြင်းလုပ်ငန်းကို ချက်ချင်းဆောင်ရွက်ပါ။ (သို့မဟုတ်)ပါက ကူးစက်မှု မြန်ဆန်ပြီး ဆိုးကျိုးဖြစ်ပွားမှုကို တိုးပွားစေပါသည်။

    လာနီးရေးကပ်ပါးရောဂါ ကာကွယ်ကုသရန်

    ရောဂါဖြစ်နေသော ငါးကို ပိုတက်စီယမ်ပါမင်းဂနိတ်ဖျော် ရည်5 ppm (၅မီလီဂရမ်/လီတာ)တွင် ငါးကိုစိမ်ထားခြင်း (သို့မဟုတ်) ဆားဖျော်ရည် ၃-၅ ရာခိုင်နှုန်းတွင် ၁ မိနစ်ခန့် စိမ်ထားခြင်းတို့ကို ဆောင်ရွက်နိုင်ပါသည်။

    ငါးပါးဟက် တွယ်ကပ်ပါးရောဂါ (ဒက်တိုင်လိုဂိုင်းရပ်ပိုး) ကာကွယ်ကုသရန်

    ကန်ထဲသို့ ဖော်မလင် 25ppm(၂၀မီလီဂရမ်/လီတာ) ထည့်ပေးပါ။ ရောဂါဖြစ်သော ငါးကို ဖော်မလင် 25ppm(၂၀မီလီဂရမ်/လီတာ)တွင် စိမ်ပေးပါ။ (သို့မဟုတ်) အိမ်သုံးဆား ၂-၃ရာခိုင်နှုန်း ဖျော်ရည်တွင် ငါးကို (၅-၁၀) မိနစ်အကြာ စိမ်ထားပေးပါ။

    ငါးအရေပြား စွဲကပ်သော ကပ်ပါးပိုး (ဂိုင်ရိုဒက်တိုင်းလပ်) ကာကွယ်ကုသရန်

    ကန်အတွင်းသို့ ပိုတက်စီယမ်ပါမင်းဂနိတ် 2PPM ဖျော်ရည်အား ၂ကြိမ် ဆက်တိုက်ပက်ပေးပါ။ ရောဂါဖြစ်သော ငါးကို ဖော်မလင် 25PPMတွင်စိမ်ပေးပါ။

    Weather Source: CIAT

    photo crd

     


  • article
likes4comments0
views296views1238