cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

တောင်ကြီးမှာ ခေတ်မီ အသေးစားမွေးမြူရေးဇုန် အကောင်အထည်ဖော်လျက်ရှိ

. သတင်းစုံ
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှာ ဒေသတွင်း မွေးမြူရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးအတွက် မွေးမြူရေး ကျင့်စဉ်များနဲ့အညီ ခေတ်မီအသေးစားမွေးမြူရေးဇုန်ကိုအကောင်အထည်ဖော်လျက်ရှိတယ်လို့ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက သိရပါတယ်။
  • အဆိုပါမွေးမြူရေးဇုန်ကို တောင်ကြီးမြို့ရှိ ကျောက်နီစိုက်ပျိုးရေးဦးစီးဌာနရဲ့ ရာသီသီးနှံစိုက်ကွင်းအတွင်း မြေဧက ၆၅၉ ဧက ပေါ်မှာ ယခုနှစ် နိုဝင်ဘာလဆန်းပိုင်းက စတင်အကောင်အထည်ဖော် ဆောင်ရွက်နေတာလို့ သိရပါတယ်။ 

    ၎င်းမွေးမြူရေးဇုန်အတွင်း မွေးမြူရေးလုပ်ငန်းရှင် ၁၁ ဦးက နို့စားနွားအကောင်ရေ ၄၈၀ ကျော်၊ အသားစားနွား အကောင်ရေ ၂၀၀၀ ကျော် ၊ ဒေသနွားအကောင် ရေ ၁၀၀၀ ဝန်းကျင် ခန့်စတဲ့ နွားအကောင်ရေ ၄၀၀၀ ကို မွေးမြူ အကောင်အထည်ဖော်ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ 

    အဆိုပါဇုန်ကို အပိုင်း ၂ ပိုင်းခွဲ၍ ဆောင်ရွက်သွားမှာဖြစ်ပြီး ပထမအပိုင်းတွင် တိရိစ္ဆာန်အစာ ပင် စိုက်ပျိုးမှုကို စနစ်တကျ မြေနေရာချထား၍ တစ်နှစ်အတွင်း တိရိစ္ဆာန်အစာပင် စားကျက်မြက်များကို စိုက်ပျိုး အကောင် အထည်ဖော်ခြင်း၊ ဒုတိယအပိုင်းအနေဖြင့် မွေးမြူရေးရုံများထည့်သွင်းတည်ဆောက်ခြင်း၊ မွေးမြူမည့်တိရိစ္ဆာန် ကောင်များ ကို စနစ်တကျသတ်မှတ်ချက်များနဲ့အညီ ထည့်သွင်းပြီးမွေးမြူခြင်းများကို ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်း‌ တောင်ကြီးမြို့မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ဆိုထားတာပါ။ 

    “ခေတ်မီမွေးမြူရေးဇုန်အတွင်း နို့စားနွား၊ အသားစားနွားတွေမွေးမြူထုတ်လုပ်နိုင်ဖို့အတွက်ကိုလည်း မြေနေရာက ဧက ၄၉၉ ဒသမ ၈၆ တိတိကို စီမံချထားပေးခဲ့ပြီးဖြစ်ပါတယ်။ ဒီအသေးစားမွေးမြူရေးဇုန်ကို စတင်ပြီးတော့ ၂ နှစ်အတွင်း မွေးမြူရေးလုပ်ငန်းရှင် ၁၁ ဦးက သတ်မှတ်ထားတဲ့ နို့စားနွား၊ အသားစားနွား၊ ဒေသနွား စတဲ့ အကောင်ရေ ၄၀၀၀ တိတိကိုမွေးမြူထုတ်လုပ်သွားရမှာ ဖြစ်ပါတယ်” လို့ တောင်ကြီးမြို့မွေးမြူ ရေးနှင့် ကုသရေးဦးစီးဌာန တာဝန်ရှိသူက ပြောပါတယ်။ 

    လက်ရှိအကောင်အထည်ဖော်နေတဲ့ မွေးမြူရေးဇုန်ဟာ စနစ်တကျ မွေးမြူရေးဇုန်ဖြစ်တဲ့အတွက် ဒေသတွင်းမှာ လွှတ်/ကျောင်း မွေးမြူရေးလုပ်ငန်းစနစ်ကို အားမပေးဘဲ ကိုယ်တိုင် စားကျက်စိုက်ပျိုးခြင်း ၊ ရိတ်သိမ်းကျွေး မွေးခြင်းစနစ်ကို ဆောင်ရွက်မှာဖြစ်တာကြောင့် မွေးမြူရေးစနစ်များလည်းပြောင်းလဲသွားရန် ရည်ရွယ်တယ်လို့ လည်းသိရပါတယ်။ 

    MyanmarFutureNews မှကူးယူဖော်ပြပါသည်။

    ------

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - https://htwettoe.com/download


  • article
likes4comments0
views106views999