cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မြန်မာ့ပြောင်းဆန် ဖိလစ်ပိုင် အများဆုံးဝယ်ယူ

. ဈေးကွက်
တရုတ် နိုင်ငံ၏ ပြောင်းဈေးပေးနှုန်း နည်းပါးခြင်းနှင့် တင်ပို့မှုကုန်ကျ စရိတ်ကြီးမြင့်ခြင်းကြောင့် ပြောင်း ကုန်သည်အချို့က နယ်စပ်ကုန် သွယ်မှုမှ တင်ပို့မှု ရပ်နားထား ခြင်းတွေလည်း ရှိသည်။
  • ဖိလစ်ပိုင်နိုင်ငံက အမေရိ ကန် ဒေါ်လာ ၂ ဒသမ ၃၄၈ သန်း တန်ဖိုးရှိသည့် မြန်မာ့ ပြောင်းဆန်တွေ ဝယ်ယူခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၏ စာရင်းတွေ မှာ ဖော်ပြထားသည်။

    ပြောင်းတန်ချိန် ၈၉၀၀ကျော် ပမာဏရှိသည့် ပြောင်းဆန်တွေကို အောက်တိုဘာတစ်လတည်းမှာ ဝယ်ယူခဲ့တာလည်း ဖြစ်သည်။

    ထိုင်းနိုင်ငံ၏ မြန်မာ့ပြောင်း ဆန်အပေါ် အခွန်ကင်းလွတ်ခွင့် ပြန်လည်ရုပ်သိမ်းလိုက်ပြီးနောက် ဘိန်းအစားထိုးသီးနှံအဖြစ် တင်ပို့ ခွင့်ရထားသည့် တရုတ်ဈေးကွက် အပြင် ယခုအခါ ပင်လယ်ရေ ကြောင်းကနေ ဖိလစ်ပိုင်ဈေးကွက် ပါ တင်ပို့ထားနိုင်ခြင်းလည်း ဖြစ်သည်။

    အောက်တိုဘာလမှာ တရုတ် ကို ပြောင်းတန်ချိန် ၅၉၂၀ နှင့် ထိုင်းကို ပြောင်း တန်ချိန် ၉၆ တန်တင်ပို့ခဲ့ပြီး ဒေါ်လာ ၁ ဒသမ ၆ သန်းကျော်သာ ရရှိထားသည်။

    ``ရှမ်းပြည်နယ်မြောက်ပိုင်း မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ကြောင့် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတွေ ရပ်တန့်နေလို့ တရုတ်နိုင်ငံသို့ ပြောင်းတင်ပို့ဖို့ အခက်အခဲရှိပါတယ်။´´ဟု ပြောင်း ကုန်သည်တစ်ဦးက ပြောသည်။

    တစ်ဖက်မှာလည်း တရုတ် နိုင်ငံ၏ ပြောင်းဈေးပေးနှုန်း နည်းပါးခြင်းနှင့် တင်ပို့မှုကုန်ကျ စရိတ်ကြီးမြင့်ခြင်းကြောင့် ပြောင်း ကုန်သည်အချို့က နယ်စပ်ကုန် သွယ်မှုမှ တင်ပို့မှု ရပ်နားထား ခြင်းတွေလည်း ရှိသည်။

    မြန်မာ့ပြောင်း ပြည်ပတင်ပို့မှု ကိုကြည့်ရင် ထိုင်းနဲ့ တရုတ် နိုင်ငံကို နယ်စပ်လမ်းကြောင်းတွေ ကနေ တင်ပို့ပြီး အိန္ဒိယ၊ ဖိလစ် ပိုင်၊ ဗီယက်နမ်၊ ဘင်္ဂလားဒေ့ရှ် နဲ့ အာဖရိကဈေးကွက်ကိုတော့ ပင်လယ်ရေကြောင်းကနေ တင်ပို့ ရောင်းချလျက်ရှိသည်။

    မြန်မာနိုင်ငံတွင် ပြောင်း စိုက်ပျိုးမှုကို ရှမ်းပြည်နယ် တောင် ပိုင်း၊ မြောက်ပိုင်းနှင့် စစ်ကိုင်း၊ မန္တလေး၊ ဧရာ၀တီတို့တွင် အများ ဆုံးစိုက်ပျိုးပြီး ပြောင်းပေါ်ချိန် လည်း မတူညီသဖြင့် မြန်မာနိုင်ငံ ၏ ပြောင်းဈေးကွက်မှာ တစ်နှစ် ပတ်လုံး လည်ပတ်လျက်ရှိသည်။

    ပြည်ပသို့ ပြောင်းတင်ပို့မှုမှာ စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ၊ ဇန်နဝါရီ လကုန်အထိ ထိုင်းနိုင်ငံသို့ တင်ပို့ နိုင်ခြင်းမရှိဘဲ အခြားနိုင်ငံများ သို့သာ တင်ပို့လျက်ရှိကြောင်း သိရသည်။

    ရွှေမန်း

    မကွေးဂျာနယ်မှ ကူးယူဖော်ပြပါသည်။

    ----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - https://htwettoe.com/download


  • article
likes6comments0
views103views1364