cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၁၃မြို့နယ်အတွက် တစ်ပတ်စာမိုးလေဝသခန့်မှန်းချက်နှင့် စိုက်ပျိုးရေးအကြံပြုချက် ( နိုဝင်ဘဘာလ ၂၃ရက်နေ့မှ ၂၉ရက်နေ့အထိ)

. ရာသီဥတု သတင်းများ
နေသာတဲ့ ရက်တွေမှာ သီးနှံတွေအတွက်ပြင်ဆင်ကြရအောင်ဗျို့
  • ဟင်္သာတမြို့နယ်၊

    နိုဝင်ဘာ ၂၃,၂၈, ၂၉ ရက်နေ့တွေမှာမိုးရွာသွန်းနိုင်ပါတယ်.ရွာရန်ရာနှုန်း ၆၅ ရာခိုင်နှုန်းထိရှိပါတယ်။ ကျန်ရက်များဖြစ်တဲ့ ၂၄,၂၅,၂၆,၂၇ ရက်နေ့မှာ တော့ ‌ရာသီဥတုသာယာပြီး နေပူနေမှာဖြစ်ပါတယ်။

    ဇလွန်မြို့နယ် ၊ လပွတ္တာမြို့နယ် ၊

    နိုဝင်ဘာ ၂၅, ၂၈, ၂၉ ရက်နေ့တွေမှာမိုးရွာသွန်းနိုင်ပြီး မိုးရွာရန်ရွာနှုန်း ၆၅ ရာခိုင်နှုန်းထိရှိနိုင်ပါတယ် ။ ကျန် ၂၃,၂၄,၂၆,၂၇ ရက်တွေမှာတော့ နေသာနေမှာဖြစ်ပါတယ်။

    ဓနုဖြူမြို့နယ် ၊

    နိုဝင်ဘာ ၂၈, ၂၉ ရက်နေ့တွေမှာမိုးရွာသွန်းနိုင်ပါတယ်.ရွာရန်ရာနှုန်း ၆၅ ရာခိုင်နှုန်းထိရှိပါတယ်။ ကျန်ရက်များဖြစ်တဲ့ ၂၃၊ ၂၄,၂၅,၂၆,၂၇ ရက်နေ့မှာ တော့ ‌ရာသီဥတုသာယာပြီး နေပူနေမှာဖြစ်ပါတယ်။

    ညောင်တုန်းမြို့နယ်၊

    နိုဝင်ဘာ ၂၃၊၂၉ရက်နေ့တွေမှာအနည်းငယ် တိမ်ထူထပ်ရာကနေမိုးများ ရွာသွန်းနိုင်ပြီး မိုးရွာရန်ရွာနှုန်း ၄၀ရာခိုင်နှုန်းထိ ရှိပါတယ်။ ကျန်ရက်တွေမှာတော့ရာသီဥတုကြည်လင်အေးမြနေမှာဖြစ်ပါတယ်။

    ပန်းတနော် မြို့နယ် ၊

    နိုဝင်ဘာ၂၆၊၂၇ရက်နေ့တွေမှာမိုးများရွာသွန်းနိုင်ပြီး ရွာရန်ရွာနှုန်း ၄၀ထိရှိပါတယ် ။ ကျန်ရက်တွေမှာတော့ နေသာနေမှာဖြစ်ပါတယ်။

    မြောင်းမြမြို့နယ် ၊

    နို ဝင်ဘာ ၂၄, ၂၇ရက်နေ့တွေမှာမိုးရွာသွန်းနိုင်ပြီးကျန်ရက်များမှာတော့ နေသာနေမှာ‌ဖြစ်ပါတယ်။

    ဝါးခယ်မ မြို့နယ် ၊

    နိုဝင်ဘာ ၂၄, ၂၈, ၂၉ ရက်နေ့တွေမှာမိုးရွာသွန်းနိုင်ပြီး မိုးရွာရန်ရွာနှုန်း ၆၅ ရာခိုင်နှုန်းထိရှိနိုင်ပါတယ် ။ ကျန် ၂၃,၂၅,၂၆,၂၇ ရက်တွေမှာတော့ နေသာနေမှာဖြစ်ပါတယ်။

    ကျုံပျော်မြို့နယ်၊

    နိုဝင်ဘာ ၂၃, ၂၄, ၂၈ ရက်နေ့တွေမှာမိုးရွာသွန်းနိုင်ပြီး မိုးရွာရန်ရွာနှုန်း ၆၅ ရာခိုင်နှုန်းထိရှိနိုင်ပါတယ် ။ ကျန် ၂၅,၂၆,၂၇ ရက်တွေမှာတော့ နေသာနေမှာဖြစ်ပါတယ်။

    ပုသိမ်မြို့နယ်၊ဖျာပုံမြို့နယ်၊ကျိုက်လတ်မြို့နယ်

    နိုဝင်ဘာ ၂၃, ၂၄, ၂၅,၂၈ ရက်နေ့တွေမှာမိုးရွာသွန်းနိုင်ပြီး မိုးရွာရန်ရွာနှုန်း ၆၅ ရာခိုင်နှုန်းထိရှိနိုင်ပါတယ် ။ ကျန် ၂၆,၂၇ ရက်တွေမှာတော့ နေသာနေမှာဖြစ်ပါတယ်။

    မအူပင်မြို့နယ်

    မအူပင် မြို့နယ်မှာတော့ နိုဝင်ဘာ ၂၆ ရက်နေ့မှာ တိမ်ထူထပ်ပြီး တစ်ပတ်လုံးရာသီ ဥတုသာယာနေမှာဖြစ်ပါတယ် ။

    တစ်ပတ်စာရာသီဥတုအကြံပြုချက်

    ဒီတစ်ပတ်မှာတော့ မိုးရွာနိုင်တဲ့ရက်တွေလည်းရှိပြီး ရာသီဥတုသာယာတဲ့ နေ့များလည်းပါဝင်တာကြောင့် တောင်သူဦးကြီးများအနေနဲ့ မိမိတို့ သီးနှံများအားခူးဆွတ်ခြင်း၊ ရိတ်သိမ်းခြင်းများပြုလုပ်ထားနိုင်သလို မိုးရွာနိုင်တဲ့ နေ့တွေအတွက်လည်းကြိုတင်ကာကွယ်မှုများပြုလုပ်ဖို့အကြံပေးလိုက်ပါရစေခင်ဗျာ။

    မိုးလေးဝသခန့်မှန်းချက်များကိုတော့ CIAT မှကောက်နုတ်ဖော်ပြထားပါသည်။


likes5comments0
views109views11045