ကြက်သွန်ဖြူစိုက်ပျိုးနည်း
- ကြက်သွန်ဖြူမျိုးများ - ရှမ်းမျိုး(အခွံဖြူ) - ဥအရွယ်အစားမှာတရုတ်မျိုးထက်အနည်းငယ်အမွှာသေးပြီးအခွံအဖြူရောင်မျိုးဖြစ်ပါသည်။ - ရှမ်းမျိုး(အခွံနီ) - ကြက်သွန်ဖြူဥအရွယ်သေးပြီးအမွှာသေးသည်။ - တရုတ်မျိုး - ကြက်သွန်ဖြူအရွယ်အစားကြီးပြီးအမွှာကြီးပါသည်။ - မြေအမျိုးအစား - မြေအချဉ်အငံဓါတ်(၅.၅)မှ(၆.၀)ရှိသောမြေမျိုးကိုကြိုက်နှစ်သက်သည်။မြေအချဉ်အငံဓါတ်မြင့်မားသောမြေမျိုးကိုကြိုက်နှစ်သက်မှုမရှိပါ။ - ရာသီဥတု - အပူအအေးသင့်တော်သောရာသီဥတုကို ကြိုက်နှစ်သက်သည်။ နေ့တာရှည်ခြင်းသည် ဥဖြစ်ပေါ်မှု အားပေးသည်။ အပင်ကြီးထွားဖွံ့ဖြိုးမှုအတွက် အသင့်တော်ဆုံးအပူချိန် (၁၈°‒၂၀°)စင်တီဂရိတ်တွင်ဖြစ်ထွန်းပြီးဥမှအညှောင့်ပေါက်ရန်အတွက်မြေတွင်းအပူချိန်(၂၂°‒၂၃°)စင်တီဂရိတ်လိုအပ်ပါသည်။(၂၇°)စင်တီဂရိတ်ထက်မြင့်ပါကအပင်ကြီးထွားမှုညံ့စေပါသည်။ကြက်သွန်ဥဖြစ်ပေါ်ရန်အပူချိန်(၅°‒၁၀°)စင်တီဂရိတ်တွင်အ နည်းဆုံး(၁-၂)လရှိရန်လိုအပ်ပါသည်။ - မျိုးနှုန်း - တစ်ဧကလျှင်ကြက်သွန်ဖြူဥပိဿာချိန်(၂၅၀‒၃၀၀)ခန့်လိုအပ်သည်။မျိုးဥအားအမွှာကြီးပြီးရောဂါကင်းသောမျိုးများကိုအသုံးပြုပါ။ - မြေသြဇာနှုန်းထား - တစ်ဧကနှုန်းသဘာဝမြေသြဇာ(၁၀-၂၀)တန် - ယူရီးယား (၅၀)ကီလိုဝင် (၂)အိတ် - တီစူပါ (၅၀)ကီလိုဝင် (၂)အိတ် - ပိုတက်ရှ် (၅၀)ကီလိုဝင် (၁)အိတ် - စိုက်ပျိုးချိန် - အများအားဖြင့်(အောက်တိုဘာ‒နိုဝင်ဘာ)လတွင်စိုက်ပျိုး၍(ဖေဖော်ဝါရီ‒မတ်)လတွင်တူးဖော်ကြသည်။ - မြေပြုပြင်ခြင်း - ထယ်ရေးနက်နက်နှင့်ထွန်ရေးညက်အောင်ထွန်ပြီးကြမ်းတုံးရိုက်၍ဘောင်ဖော်စိုက်ပျိုးလေ့ရှိပါသည်။မြေခံအဖြစ်ယူရီးယား(၁)အိတ်၊တီစူပါ(၂)အိတ်၊ပိုတက်ရှ်(၁)အိတ်ထည့်ပေးပြီးကျန်ယူရီးယား(၁)အိတ်ကိုကြားပေါင်းလိုက်ချိန်နှင့်ဥစတင်ဆင်းချိန်တွင်ထည့်ပေးပါ။ - စိုက်ပျိုးခြင်း - ဘောင်အမြင့်(၈)လက်မ၊အကျယ်(၃)ပေခန့်ထား၍ဘောင်ဖော်ပြီးတစ်တန်းနှင့်တစ်တန်း(၄)လက်မခွာ၍တစ်ပင်နှင့်တစ်ပင်(၂)လက်မခြား၍စိုက်ပျိုးပါသည်။စိုက်ပြီးဘောင်အမြင့်နှင့်အညီရေပေးသွင်းရပါသည်။ - အပင်ပြုစုခြင်း - ပေါင်းနှိမ်နင်းရေးလုပ်ငန်းသည်အထူးအရေးကြီးပါသည်။လက်ဖြင့်ပေါင်းနှိမ်နင်းလေ့ရှိပြီးစိုက်ပြီးတစ်ပတ်တစ်ကြိမ်ပေါင်းနှိမ်နင်းပေးရပါမည်။အပင်(၂)လသားအထိပေါင်းနှိမ်နင်းခြင်းကိုဂရုပြုဆောင်ရွက်ပေးရပါမည်။မြေအလွန်ကြပ်နေပါကနွားချေး၊မြေဆွေးထပ်မံထည့်ပေးရမည်။ကြက်သွန်ဖူးများကိုအပတ်စဉ်ချိုးပေးပါ။ - ရေသွင်းခြင်း - သာမန်အားဖြင့်တစ်ပတ်လျှင်တစ်ကြိမ်ရေပေးသွင်းရမည်။ရာသီဥတုပူပြင်းပါက(၄‒၅)ရက်တစ်ကြိမ်ရေပေးသွင်းရမည်။ရေသွင်းချိန်(၈)ကြိမ်မှ(၁၀)ကြိမ်ထိလိုအပ်ပါသည်။အပင်(၂)လသားအမြင့်(၁)ပေခွဲခန့်ရှိချိန်တွင်ရေသွင်းခြင်းကိုရပ်လိုက်ရပါမည်။ - ပိုးမွှားရောဂါကာကွယ်နှိမ်နှင်းခြင်း - (က)သရစ်ပိုး - ပင်လုံးပြန့်အာနိသင်ရှိသောပိုးသတ်ဆေးတစ်မျိုးမျိုးဖြင့်ကာကွယ်ပက်ဖျန်းပါ။ပိုးကျရောက်ပါကထိသေအာနိသင်ရှိသောပိုးသတ်ဆေးတစ်မျိုးမျိုးကိုဆေးဘူးတွင်ပါရှိသောအညွှန်းအတိုင်းသုံးစွဲပါ။ - (ခ)ပျပိုး - ပင်လုံးပြန့်အာနိသင်ရှိသောပိုးသတ်ဆေးတစ်မျိုးမျိုးဖြင့်ပက်ဖျန်းကာကွယ်ပါ။ - (ဂ)တောက်တဲ့မြီးရောဂါ - ရောဂါကင်းသောမျိုးကိုရွေးချယ်စိုက်ပျိုးပါ။မျိုးစေ့(၁)ကီလိုဂရမ်တွင်သိုင်ရမ်(Thiram)(၄)ဂရမ်နှုန်းဖြင့်ဆေးစီရင်ပါ။စိုက်ခင်းကိုရေသွင်းရေထုတ်ကောင်းအောင်ပြုလုပ်ပါ။ - ရိတ်သိမ်းခြင်း - အပင်သက်တမ်းမှာ(၁၃၅‒၁၅၀)ရက်ရှိပါသည်။ပင်စည်နှင့်အရွက်(၁၅‒၂၅)ရာခိုင်နှုန်းခန့်ဝါလာလျှင်(သို့)ခြောက်လာလျှင်အပင်ကိုလက်ဖြင့်ဆွဲနုတ်၍သိမ်းယူနိုင်သည်။မျိုးအတွက်ထားပါကအပင်လိုက်လက် တစ်ဆုပ်စာခန့်စီး၍ဝါးတန်းပေါ်တွင်အခြောက်ခံထားပါ။နုတ်ယူပြီးသောအပင်များကိုအမြိတ်များဖြတ်တောက်၍နေ(၂)ရက်ခန့်လှန်းထားနိုင်ပါသည်။ - အထွက်နှုန်း - တစ်ဧကပိဿာချိန်(၁၅၀၀)မှ(၃၀၀၀)ထိထွက်နိုင်သည်။နုတ်ယူပြီးသောကြက်သွန်ပင်များကိုအစည်းလေးများပြုလုပ်၍ ခြောက်သွေ့သန့်စင်သောအခန်းတွင်လေသလပ်ခံ၍ သိမ်းဆည်းထားရပါမည်။စျေးကွက်သို့တင်ပို့ရောင်းချချိန်ရောက်မှအမြိတ်များကိုဖြတ်၍ရောင်းချရပါမည်။ - ကြက်သွန်ဖြူအထွက်နှုန်းတိုးစေရန် ဆောင်ရွက်ရမည့် အချက်များ - ၁။ရေမြေဒေသအလိုက်ကိုက်ညီမှုရှိသောမျိုးကို ရွေးချယ်စိုက်ပျိုးပါ။ - ၂။မြေအချဉ်အငံဓါတ်(၅.၅မှ၆.၀)ရှိသောမြေတွင်ထယ်ရေးနက်နက်၊ညက်ညက်ထွန်၍ရေသွင်းရေထုတ်မြောင်းများစနစ်တကျဖော်ပြီးဆောင်ရွက်ပါ။ - ၃။ရောဂါကင်းသောမျိုး၊အမွှာကြီးသောမျိုးများရွေးချယ်ပြီးတစ်ဧကလျှင်မျိုးနှုန်း(၂၅၀-၃၀၀)ပိဿာအသုံးပြုပါ။ - ၄။ပင်ကြား၊တန်ကြား(၂×၄)လက်မ(သို့)(၄×၄)လက်မအကွာအဝေးဖြင့်တစ်ဧကလျှင်(၂၅၀၀၀၀ - ၂၇၀၀၀၀)ဝင်ဆံ့အောင်စိုက်ပျိုးပါ။ - ၅။တစ်ဧကလျှင်သဘာဝမြေသြဇာ(၁၀)တန်ယူရီးယား(၂)အိတ်၊တီစူပါ(၂)အိတ်၊ပိုတက်(၁) အိတ်နှုန်းထည့်ပါ။ - ၆။စိုက်ပြီး(၁)လအကြာတွင်ကြားပေါင်းလိုက်ပေးပါ။သီးနှံတစ်ရာသီလျှင် ကြားပေါင်း(၃)ကြိမ် လိုက်ပေးပါ။ - ၇။စိုက်ခင်း၌အစိုဓါတ်လုံလောက်မှုရှိစေရန်အမြဲဂရုပြုပါ။ - ၈။ပန်းမပွင့်မီကြက်သွန်ဖူးများကိုမဖြစ်မနေချိုးပေးပါ။ - ၉။ပိုးမွှားရောဂါကျရောက်ပါကသင့်တော်သောပိုးသတ်ဆေး၊မှိုသတ်ဆေးများကိုအညွှန်းပါအတိုင်းပက်ဖျန်းကာကွယ်နိုင်ပါသည်။ - ၁၀။အပင်သက်တမ်း(၄)လမှ(၅)လအကြာကြက်သွန်ဖြူပင်စည်နှင့်အရွက်(၁၅-၂၅) ရာခိုင်နှုန်းဝါလာလျှင်ရိတ်သိမ်းပါ။ - ၁၁။ကြက်သွန်ဖြူဥများနှုတ်သိမ်းရာတွင်မြေကြီးထဲ၌ ဥများမကျန်ခဲ့စေရန်သတိပြုပါ။ - စိုက်ပျိုးရေးဦးစီးဌာန - စိုက်ပျိုးရေးဆိုင်ရာနည်းပညာများ 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
