cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဂျပန်က မြန်မာနိုင်ငံက ဆားကြမ်းတွေ တန်ချီဝယ်ယူရန်ကမ်းလှမ်းနေတယ်လို့ဆို

. ဈေးကွက်
မြန်မာ့ဆားကြမ်းတွေကို ဂျပန်နဲ့တောင်ကိုရီးယားနိုင်ငံတွေက ဝယ်ယူဖို့ဈေးကွက်ကမ်းလှမ်းချက်တွေကို ပြီးခဲ့တဲ့နှစ်နဲ့ယခုနှစ်မှစကာ ပြုလုပ်လာတာလည်းဖြစ်ပါတယ်။
  • ဂျပန်နိုင်ငံကနေ မြန်မာ့ဆားကြမ်းတွေ တန်ချီဝယ်ယူရန် ကမ်းလှမ်းမှုတွေရှိနေသလို မြန်မာဘက်ကဆားကြမ်းနမူနာ တွေကိုပြီးခဲ့တဲ့ နှစ်လအတွင်း ဂျပန်ကိုတင်ပို့တာတွေရှိနေကြောင်း မွန်ပြည်နယ်က ဆားလုပ်ငန်းရှင်တွေထံကသိရပါတယ်။

    " ဂျပန်ကို ဒီနှစ်ဧပြီကစပြီးဆားကြမ်း နမူနာတွေ ကွန်တိန်နာ၁ပုံးတင်ပို့ထားတယ်။ ၈လပိုင်းလောက်ထဲကစပို့နေတာ ။ဂျပန် ကုန်သည်ကိုယ်စားလှယ်တွေကအခုလာမယ့်ပွင့်လင်းရာသီမှာ ကွန်တိန်နာပုံး၃၀ဆားကြမ်းတန်ချိန်၆၀၀လောက် ဖယ်ခိုင်းထားတယ်။ နောက်ပိုင်းဆက်ဝယ်မဝယ်ကတော့ မြန်မာဘက်ကပို့တဲ့ဆားနမူနာကွာလတီပေါ် စရိတ်တွေဘာတွေ တွက်ချက်ပြီး ဆုံးဖြတ်မှာပါ"လို့ သံဖြူဇရပ်မြို့ကဆားကြမ်းလုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။

    မြန်မာ့ဆားကြမ်းတွေကို ဂျပန်နဲ့တောင်ကိုရီးယားနိုင်ငံတွေက ဝယ်ယူဖို့ဈေးကွက်ကမ်းလှမ်းချက်တွေကို ပြီးခဲ့တဲ့နှစ်နဲ့ယခုနှစ်မှစကာ ပြုလုပ်လာတာလည်းဖြစ်ပါတယ်။

    မြန်မာနိုင်ငံမှာ ဆားကွင်းတွေနဲ့ဆားချက်လုပ်ငန်းတွေကို ဧရာဝတီတိုင်း ၊ မွန်ပြည်နယ်၊ရခိုင်ပြည်နယ်တွေမှာ အများဆုံးလုပ်ကိုင် ထုတ်လုပ်ကြတာဖြစ်ပြီး မွန်ပြည်နယ်ဟာ မြန်မာနိုင်ငံမှာ ဒုတိယအများဆုံးဆားထွက်ရှိတဲ့ဒေသဖြစ်ပြီး နှစ်စဉ် ဆားကွင်းဧကပေါင်း ၄၅၀၀ကျော်ကနေ ဆားတန်ချိန်၅၀၀၀၀ကျော်ထွက်ရှိကာ ဒီဇင်ဘာလမှာ ဆားသစ်ပုံမှန်ထွက်ရှိကြောင်းသိရပါတယ်။

    လက်ရှိမှာ ဆားဈေးတွေအနေနဲ့ရန်ကုန်က လက်လီဈေးကွက်အတွင်းတစ်ပိဿာကို ၁၅၀၀ကျပ် ခန့်ပေါက်ဈေးရှိနေရာ လက်ကားဈေးမှာ တစ်ပိဿာကို ၉၀၀ကျပ်နှုန်းဈေးတွေဖြစ်ပေါ်နေပြီးဆားထွက်ရာဒေသတွေဖြစ်တဲ့မွန်ပြည်နယ်နဲ့ဧရာဝတီတိုင်းတွေမှာတော့ ဆားတစ်ပိဿာကို၇၀၀ကျပ်မှ၈၀၀ကျပ်အထိ ဈေးကွက်ဖြစ်ပေါ်နေကြောင်းသိရှိရပါတယ်။

    MyanmaPlatform မှကူးယူဖော်ပြပါသည်။

    -----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - https://htwettoe.com/download


  • article
likes6comments0
views95views1576