cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

စားအုန်းဆီကို အနံ့ထည့်ပြီး ရောဆီ၊ စပ်ဆီအဖြစ်ရောင်းချခြင်းမလုပ်ရန်နှင့် ရည်ညွှန်းစျေးအပေါ် ၂ ရာခိုင်နူန်းနှင့်အထွေထွေစရိတ်ပေါင်းပြီးသာရောင်းချရန် သတိပေး

. ဈေးကွက်
အကယ်၍ စားအုန်းဆီကို ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
  • စားသုံးဆီများ ကို ရည်ညွှန်းဈေးဖြင့် ဝယ်ယူထားပြီး မရိုးသားသော ရည်ရွယ်ချက်ဖြင့် သယ်ယူခြင်း၊ သိုလှောင်ခြင်းနှင့်ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများမပြုလုပ်ရန် အပါအဝင် စားအုန်းဆီများအား အနံ့ထည့်သွင်းပြီး ရောဆီ၊ စပ်ဆီအဖြစ် ဈေးတင်ရောင်းချခြင်းများလည်း မပြု လုပ်ရန်စားသုံးဆီဈေးနှုန်းတည်ငြိမ်ေစရေးလုပ်ငန်းအဖွဲ့ မှ သတိပေးပြောဆိုထားသည်။


    ယင်းအပြင် စားသုံးဆီတင်သွင်းခွင့်ရရှိသည့်ကုမ္ပဏီများမှတစ်ဆင့် ဝယ်ယူဖြန့်ဖြူးရောင်းချလျှက်ရှိသော စားသုံးဆီများကို သတ်မှတ်ရည်ညွှန်းဈေးနှုန်းအပေါ် အသားတင်အမြတ် ၂ % နှင့်အထွေထွေကုန်ကျစရိတ် ပေါင်း၍သာရောင်းချရန် လည်း သတိပေးထားသည်။


    အကယ်၍ စားအုန်းဆီကို ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


    သို့သော်လက်ရှိတွင် စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းသည် နိုဝင်ဘာလ ၂၀ ရက်တွင် တစ်ပိဿာကို ၄၉၉၀ ကျပ်အထိ ဖြစ်လာပြီး ပြင်ပစျေးကွက်တွင် စားအုန်းဆီ တစ်ပိဿာကို ၈၀၀၀ ကျပ်မှစတင်ရောင်းချမှုရှိနေ ကြောင်းသိရသည်။


    ” အရင် သီတင်းကျွတ် မတိုင်ခင်က ၆၀၀၀ ဝယ်ရတယ်၊အခုအခါကျော်တော့ ၈၀၀၀ ဖြစ်သွားတယ်။ နှမ်းရော ၊ပဲရောကတော့ ၁၄၀၀ ရောင်းကြတယ် မစားနိုင်ပါဘူး၊ စားအုန်းဆီ ပဲ စားနိုင်တယ် ၊ ၆၀၀၀ နဲ့ တစ်ခါလားပဲ ဝယ်လိူ့ရဘူးတယ်၊အရင်ကဆို ၁၂၀၀၀ ထိဝယ်ရဖူးတယ် ” ဟု စားသုံးသူ ပြည်သူတစ်ဦးဖြစ်သူ မဆွေဆွေမှပြောသည်။


    စားအုန်းဆီများ တင်သွင်းရာတွင် ကျသင့်ငွေ၏ နိုင်ငံခြားငွေအမေရိကန်ဒေါ်လာ ၅၀ရာခိုင်နှုန်းကို ဗဟိုဘဏ်မှ ၂၁၀၀ ကျပ်ဖြင့် ရောင်းချပေးသလို ကျန်သည့် ၅၀ရာခိုင် နှုန်း ကိုလည်း တစ်ဒေါ်လာ ၂၉၂၀ ကျပ်ဖြင့် ရောင်းချပေးထားသော်လည်း ပြင်ပစျေးကွက်တွင် စားအုန်းဆီစျေး မြင့်တက်နေသဖြင့် နိုင်ငံတော်၏ အထောက်အပံ့များ အရာမထင်သလိုဖြစ်နေရကြောင်း ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန (MIFER) ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင် မှ ပြောဆိုထားသည်။


    ထို့ကြောင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အမြတ်ကိုလွန်ကဲစွာဦးစားပေးလွန်းသည့် လုပ်ငန်းရှင်များ မဖြစ်စေဘဲ ရသင့်ရထိုက်သည့် အမြတ်ကိုပဲ ဆောင်ရွက်ရန် ၊ သမာသမတ်ကျပြီးစီးပွားရေးကျင့်ဝတ်ကို လိုက်နာသည့် စီးပွားရေးအသိုက်အဝန်းဖြစ်ရန် လိုအပ်ကြောင်း ပြောဆိုထားသည်။


    “ကမ္ဘာ့စျေးကျလည်း မြန်မာနိုင်ငံ မှာ ကျသွားတာမတွေ့ရဘူး။စီးပွားရေး လုပ်ငန်းတွေ ရသင့်ရထိုက်တဲ့အမြတ်ကိုပဲဆောင်ရွက်ဖို့လိုတယ်။အမြတ်ကို ၁၀ % ထားမှာလား ၊အမြတ် ၂၀ % ထားမှာလား ၊၂၅ % ထားမှာလား၊ ၂ဆ မြတ်ချင်တာကတော့ မဖြစ်သင့်တဲ့အနေအထားပေါ့ ၊အစိုးရပံ့ပိုးတဲ့ နူန်းနဲ့လည်းလဲနေရတယ်၊ ဒါကိုသယ်ယူပို့ဆောင်ရေးစရိတ် တက်လို့ ၊ ထုတ်လုပ်မှုကုန်ကျစရိတ်တွေ တက်လို့ဆိုပြီး ဈေး တက် ရောင်းတာက နိုင်ငံတော်ရဲ့ စေတနာနဲ့ ပံ့ပိုးပေးထားတဲ့ ဆောင်ရွက်မှုတွေက အရာမထင်တဲ့ ပုံစံမျိုးပေါက်နေတဲ့ အနေအထား ဖြစ်ပါတယ် ” ဟုဝန်ကြီးမှပြောဆိုခြင်းဖြစ် သည်။


    လက်ရှိတွင် စားအုန်းဆီကို ဆီဆိုင်အများစုတွင် ရောင်းချခြင်းမရှိတော့ဘဲ နှမ်းဆီ၊ပဲဆီ၊ပဲနှမ်းရောဆိုပြီးသာ ရောင်းချမှုများလာကြောင်းသဖြင့် စားသုံးသူများ အခက်အခဲဖြစ်နေရဟုသိရသည်။


    စားအုန်းဆီ စျေးနူန်းသည် ၂၀၂၁ ခုနှစ် မတိုင်မီက တစ်ပိသာကို ၁၈၀၀ ကျပ်မှ ၂၅၀၀ ကျပ်အထိသာရှိခဲ့ပြီး ၂၀၂၁ နောက်ပိုင်းတွင် စားအုန်းဆီ စျေးသည် တဖြေးဖြေးမြင့်တက်လာခဲ့ရာ လက်ရှိတွင် ၈၀၀၀၀ ကျပ်အထိ အမြက့် စျေးတန်း၌ရှိနေသေး သည်။


    မြန်မာနိုင်ငံတွင် ပဲ ဆီ၊နှမ်းဆီများ ထွက်ရှိသော်လည်း ယင်းပမာဏသည် ပြည်တွင်းစာသုံးမှုအတွက် လုံလောက်မှုမရှိသည့်အတွက် ပြည်ပမှ စားအုန်းဆီ တန်ချိန် ၉ သိန်းဝန်းကျင်ကို နှစ်စဥ် တင်သွင်းနေရဆဲဖြစ်သည်။


    Chit Khon Cho (AMIA)

    -----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - https://htwettoe.com/download


  • article
likes9comments0
views126views1608