cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

အီးအမ်( Effective Microorganisms) အကြောင်း သိကောင်းစရာ

. အပင်အာဟာရ
**ပင်မအီးအမ် (၁) ဆကို အီးအမ်ပြင်း အဆ (၂၀) ပွားယူနိုင်ပါသည်။**
**အီးအမ်အပြင်း (၁) ဆကို အသင့်သုံးအီးအမ် အဆ(၁၀၀) ပွားယူနိုင်ပါသည်။**
  • အီးအမ်အမျိုးအစားများ

    (၁) ပင်မအီးအမ် (Original EM, OEM)

    (၂) အီးအမ်ပြင်း (EM Concentrate, CEM)

    (၃) အသင့်သုံးအီးအမ် (Instant EM)

    (၄) အီးအမ်-၅ (EM-5)

    (၅) အီးအမ် အက်ဖ်ပီအီး (Fermented Plant Extract) (EM-FPE)

    **ပင်မအီးအမ် (၁) ဆကို အီးအမ်ပြင်း အဆ (၂၀) ပွားယူနိုင်ပါသည်။**

    **အီးအမ်အပြင်း (၁) ဆကို အသင့်သုံးအီးအမ် အဆ(၁၀၀) ပွားယူနိုင်ပါသည်။**

    စျေးကွက်တွင် ရောင်းချသော အီးအမ်မှာ အီးအမ်အပြင်းဖြစ်ပါသည်။ စိုက်ခင်းထဲသို့ တိုက်ရိုက်ထည့်လိုလျှင် အသင့်သုံးအီးအမ်ကို သုံးပါသည်။ အီးအမ်ကို အာဟာရများဖြင့် ပေါင်းစပ်၍ တန်ဖိုးမြင့်ပစ္စည်းများ ထုတ်လုပ်လိုလျှင် အီးအမ်အပြင်း သုံးပါသည်။

    ----------------------

    (၁) ပင်မအီးအမ်

    ပင်မအီးအမ်၏ ဖျော်ရည်မှာ ဝါညိုရောင်ရှိပြီး နှစ်သက်ဖွယ်အနံ့နှင့် ချိုချဉ်သော အရသာဖြစ်ပါသည်။ ပင်မအီးအမ်သည် တစ်နှစ်ကြာသည်အထိ အာနိသင် ရှိပါသည်။

    (၂) အီးအမ်အပြင်း

    အီးအမ်အပြင်းသည် (၆) လကြာသည်အထိ အာနိသင်ရှိသည်။ စီးပွားဖြစ် ရောင်းချနေ‌သော အီးအမ်မှာ အီးအမ်အပြင်း ဖြစ်ပါသည်။

    ------------------------

    အီးအမ်အပြင်း (EM Concentrate, CEM)

    ပင်မအီးအမ် (Original EM, OEM) အား အီးအမ်ဖျော်ရည်ပြင်း အဖြစ် ရရှိလာစေရန် ထုထည်အချိုးအားဖြင့် အောက်ပါအတိုင်း ဖျော်စပ်ရန် လိုအပ်ပါသည်။

    ပင်မအီးအမ် - ၅ ဆ

    တင်လဲရည် - ၅ ဆ

    ရေ - ၉၀ ဆ

    ရောစပ်ပြီး ရရှိလာသည့် ဖျော်ရည်အား သန့်ရှင်းသော ပလပ်စတစ်ပုံး/ပုလင်းထဲတွင် အပြည့်(ကွက်လပ်မရှိစေရ) ထည့်ပြီး လေလုံအောင်ပိတ်ပါ။ နေရောင်ခြည် တိုက်ရိုက်မရနိုင်သော အရိပ်၊ အေးသော နေရာတွင် ထားပါ။ တစ်ရက်လျှင် တစ်ကြိမ်ခန့် သမအောင် လှုပ်ပေးပါ။ ဓာတ်ငွေ့များ ထွက်လာပါက အဖုံးကို ခေတ္တဖွင့်ထားပေးပြီး လေလုံအောင် ပြန်ပိတ်ပါ။ (၃၀) ရက်ခန့်ကြာလျှင် သုံးစွဲရန် အသင့်ဖြစ်ပါသည်။ အီးအမ်အပြင်းအား (၆)လအတွင်း အသုံးပြုရပါမည်။

    -----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


  • article
  • article
likes10comments0
views242views2084