cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

စပါး ရိတ်သိမ်းချိန်လွန် နည်းပညာ ( Rice Post Harvest Technology )

. ရိတ်သိမ်းချိန်လွန် နည်းပညာ
ရိတ်သိမ်းချိန်လွန် လုပ်ငန်းစဉ်များ စနစ်တကျ မဆောင်ရွက်နိုင်ပါက စပါး အရေအတွက်ရော၊ အရည်အသွေးပါ ပျက်စီးဆုံးရှုံးနိုင်သည်။
  • article
  • စပါး ရိတ်သိမ်းချိန်လွန် နည်းပညာ ( Rice Post Harvest Technology ) 

    ============ 🌱 ============ 

    ရိတ်သိမ်းချိန် လွန် နည်းပညာဆိုသည်မှာ - 

    - ကောက် ရိတ်သိမ်းခြင်း 

    - ကွင်းအတွင်းလှန်းခြင်း 

    - တလင်းနယ်/ချွေလှေ့ခြင်း 

    - သန့်စင်ခြင်း 

    - အခြောက်ခံခြင်း 

    - သန့်စင် သိုလှောင်ခြင်း 

    - ကြိတ်ခွဲခြင်း 

    - ဈေးကွက်သို့တင်ပို့ခြင်း စသည့် လုပ်ငန်းစဉ်အဆင့်ဆင့် ကိုခေါ်ပါသည် ။ 

    ============ 🌱 ============ 

    ဘယ်လိုနေရာတွေမှာဆုံးရှုံးနေသလဲ 

    ရိတ်သိမ်းချိန်လွန် လုပ်ငန်းစဉ်များ စနစ်တကျ မဆောင်ရွက်နိုင်ပါက စပါး အရေအတွက်ရော၊ အရည်အသွေးပါ ပျက်စီးဆုံးရှုံးနိုင်သည်။ 

    - တောင်သူလယ်သမားများအပိုင်း( ကောက်ရိတ်ခြင်း၊ အခြောက်ခံခြင်း၊နေလှမ်းခြင်း၊ ချွေလှေ့ခြင်း ) တွင် ၁၀% ခန့် နှင့် 

    - ဆန်စက်၊ ဆန်ကုန်သည်များ အပိုင်း( သိုလှောင် ခြင်းနှင့် ကြိတ်ခွဲခြင်း ) တွင် ၂၅% ခန့် ဆုံးရှုံးနေသည်။ 

    ဆုံးရှုံးမှုတွေ နည်းအောင်- 

    အချိန်မီ ရိတ်ပါ ၊ စပါးနှံရှိ စပါးစေ့ ၈၀-၈၅% ခန့် ကောက်ရိုးအရောင်ပြောင်းလာချိန်တွင် ရိတ်ပါ။ 

    ရိတ်သိမ်းချိန် စောလွန်းလျင်သော်လည်းကောင်း၊ နောက်ကျလွန်းလျင်သော်လည်းကောင်း စပါးအထွက်နှုန်းနှင့် အရည်အသွေးကျဆင်းစေနိုင်ပါသည်။ 

    ============ 🌱 ============ 


likes10comments0
views98views2454