cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ကြက်သွန်နီအသစ်များ ပေါ်နေပြီဖြစ်၍ ကြက်သွန်ဈေးကွက် အငြိမ်ပိုင်းတွင် ရှိနေ

. ဈေးကွက်
ပြည်တွင်းစားသုံး သူဈေးကွက်ကိုဘဲ အဓိကထား ရောင်းနေရတော့ ဈေးတန်းက အငြိမ်ပိုင်းဘဲသွားမယ်လို့ ခန့်မှန်းပါ တယ်´´ ဟု
  • ပြည်တွင်းစားသုံးသူဈေးကွက် တွင် ကြက်သွန်နီများ ပေါ်နေ ပြီဖြစ်ပြီး ပြည်ပဝယ်ယူမှုမရှိ သဖြင့် ကြက်သွန်နီ ဈေးကွက်မှာ အငြိမ်ပိုင်းတွင် ရှိနေကြောင်း မန္တလေးကြက်သွန်နီပွဲရုံများမှ သိရသည်။

    လက်ရှိတွင် မြစ်သားနှင့် ကျောက်ဆည်မှ ကြက်သွန်နီ အသစ်များ မန္တလေးဈေးကွက်သို့ ဝင်ရောက်လျက်ရှိပြီး အမျိုး အစားပေါ်မူတည်၍ ဈေးနှုန်း ကွဲပြားသည်ဟု ဆိုသည်။

    ``အသစ်တွေပေါ်တာရယ်၊ ပြည်ပလိုင်းက အဝယ်မရှိတာ ရယ်ကြောင့် ဈေးကတော့ ငြိမ် နေတယ်။ ကြက်သွန်နီအဟောင်း ကလည်း မရှိသလောက်နည်း သွားသလို အညှောင့်တွေပေါက် နေတော့ ဈေးတန်းမဝင်တော့ဘူး။ အသစ်ပဲ အရောင်းအဝယ်လုပ် နေကြတယ်´´ဟု မန္တလေး၊ ၂၉ လမ်း၊ ကြက်သွန်ပွဲရုံတစ်ခုမှ ပြော သည်။

    လက်ရှိမန္တလေးဈေးကွက် တွင် ကြက်သွန်နီတစ်ပိဿာ လက်ကားဈေးများမှာ အဟောင်း မှာ ငွေကျပ် ၂၅၀၀-၃၀၀၀ ဝန်း ကျင်ရှိပြီး အသစ်များမှာ ငွေကျပ် ၂၀၀၀-၂၅၀၀ ဝန်းကျင်ရှိကြောင်း သိရပြီး မြစ်သားနှင့် ကျောက် ဆည်၊မုံရွာနယ်များမှ ကြက်သွန်နီ များဖြစ်ကြောင်း သိရသည်။

    ဆက်လက်ပြောကြားသည် မှာ `` ကြက်သွန်နီအသစ်တွေက မရင့်သေးဘဲ တူးပြီးဈေးကွက်တင် တာတွေ ရှိတယ်။အဲဒါတွေက ဈေးသိပ်မရဘူး။ ပြည်တွင်းစားသုံး သူဈေးကွက်ကိုဘဲ အဓိကထား ရောင်းနေရတော့ ဈေးတန်းက အငြိမ်ပိုင်းဘဲသွားမယ်လို့ ခန့်မှန်းပါ တယ်´´ ဟု ၎င်းက ပြောသည်။

    ရွှေမန်း

    မကွေးဂျာနယ်မှကူးယူဖော်ပြပါသည်။

    ----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - https://htwettoe.com/download


  • article
likes8comments0
views83views2429