ငါးကန်ထဲတွင်ရှိ သဘာဝအစားအစာကို လက်ကို အသုံးပြုပြီး သုံးသပ်ခြင်း✅
. ငါးမွေးမြူရေးလမ်းညွှန်ချက်များ
ငါးကန်၏ ရေလွှာအလိုက် ငါးများအတွက် သဘာဝအစာများကွဲပြားနိုင်သည်။
လက်ကို ကန်ရေပြင်ထဲသို့ ဒေါင်လိုက် အနေအထားဖြင့် တစ်ထောင်ဆစ်မြှုပ်သည်အထိ စိုက်ထည့်ထားပြီး လက်ဖဝါးကို ဖြန့်ကြည့်ပါ။ လက်ဖဝါးကို ရေပြင်ပေါ်မှ မမြင်ရပါက ရေသြဇာ ပြည့်ဝနေပြီဟု မှတ်ယူရမည်။ အကယ်၍ လက်ဖဝါးကို မြင်ရပါက ကန်ရေသြဇာ နည်းနေပြီ ဖြစ်ကြောင်း သတ်မှတ်ရပါမည်။ ယင်းကဲ့သို့ဖြစ်ပါက မြေသြဇာကို ငါးကန်ထဲသို့ ထည့်ပေးသင့်ပါသည်။
ငါးကန်၏ ရေလွှာအလိုက် ငါးများအတွက် သဘာဝအစာများ
ရေကန်ရှိ ရေလွှာ အမျိုးမျိုးတွင် နေထိုင်သော ငါးများသည် ကွဲပြားခြားနားသည့် သဘာဝအစားအစာ အမျိုးမျိုးကို အောက်ပါဇယားအတိုင်း လိုအပ်ပါသည်။
Source: WorldFish


