cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ပြည်တွင်းဈေးကွက် အရောင်းအဝယ်အေးခြင်းကြောင့် မြေပဲစိုက်တောင်သူများ အရှုံးပေါ်နေဟုဆို

. ဈေးကွက်
မြေပဲအသစ်ပေါ်သည့် ရာသီမှာ ပြည်တွင်းဈေးကွက်တွင် အရောင်းအဝယ် အေးပြီး ဈေးနူန်းကျဆင်းနေတာ ကြောင့် အရှုံးနှင့် ရင်ဆိုင်နေရတယ်လို့ မြေပဲစိုက်တောင်သူတွေကပြောပါတယ်။
  • မြေပဲဆံဈေးနူန်းသည် ပြည်တွင်း ကုန်စည်ဒိုင်ဈေးကွက်မှာ မြေပဲဆံတစ်ပိဿာကို ၅၃၀၀ ကနေ ၅၆၀၀ ၊ ၆၀၀၀ လောက်အထိ ဈေးတန်းရှိနေပေမယ့် တောင်သူတွေအမှန်တကယ်ရောင်းချနေ ရတဲ့ဈေးနူန်းတွေ ကတော့ တစ်ပိဿာကို ၅၂၀၀ ကျပ်တပတ်လည်မှာပဲရရှိနေတယ်လို့သိရပါတယ်။ 

    မြေပဲစိုက်ပျိုးစရိတ်ကုန်ကျမှုက မြေပဲမျိုးကုန်ကျမှု ၊စိုက်ပျိုးရေးဆေးသုံးစွဲမှု၊အလုပ်သမားငှားရမ်းခ စတဲ့အထွေ ထွေ ကုန်ကျစရိတ်အပါ တစ်ဧကကို ၆ သိန်းကနေ ၈ သိန်းလောက်အထိတာကြောင့် လက်ရှိဖြစ်နေတဲ့ မြေပဲ ဈေးနဲ့ဆိုရင် တစ်ဧကကို မြေပဲအတောင့်တင်း ၃၀ ထွက်ပါက အရှုံးပေါ်ပြီး တင်း ၄၀ ထွက်မှ အရင်းရရုံရှိ ကြောင်း၊ တင်း၆၀ ထွက်မှသာ အကျိုးအမြတ်ရရှိနိုင်မှာဖြစ်တယ်လို့သိရပါတယ်။ 

    " ဈေးကျလို့ကို ရှုံးတာပါ၊ မြေပဲက အထွက်နူန်းပုံမှန်က ၂၀ ကနေ ၃၀ လောက်ပါပဲ၊ဒီအထွက်နူန်း ဒီဈေးတန်းက ဘယ်လိုမှမကိုက်ဘူး၊ရှုံးတယ်။ရှုံးပေမယ့်လည်း လှောင်မထားနိုင်တော့ ရတဲ့ဈေးနဲ့လိုက်စပ်ပြီးရောင်းရတယ်၊ မြေဩဇာတွေအကြွေးနဲ့ယူလုပ်ထားရတာတွေ ၊သူများကိုပေးစရာရှိတာတွေ၊အလုပ်သမားခတွေ အကုန်လုံးက ပေးရမှာဆိုတော့ရောင်းရတာပဲ။ပဲအတောင့်များများလှောင်ဖို့ကျလည်း နေရာကမရှိ " လို့ မကွေးမြို့က မြေပဲ စိုက်တောင်သူကိုထွန်းဇော်လင်း ကပြောပါတယ်။ 

    တရုတ် နယ်စပ်ကုန်သွယ်ရေး ရပ်တန့်သွားတဲ့အတွက်ကြောင့် တရုတ်ကို မြေပဲဆံ တင်ပို့နိုင်ခြင်းမရှိသဖြင့် ပြည်တွင်း ဝယ်လက်ကုန်သည်တွေ၊ စက်ပိုင်တွေက မြေပဲကို ဈေးချပြီး ဝယ်ယူနေကြတာဖြစ်တယ်လို့ တောင် သူတွေက ပြောပါတယ်။ 

    မြေပဲဈေးကွက်မှာ အနီလုံးဆံက တရုတ်ကိုအဓိကတင်ပို့ရတာဖြစ်ပြီး လက်ရှိမှာ တင်ပို့လုံးလုံးရပ်နေတာကြောင့် အဝယ်အေးနေပါတယ်။တရုတ်ကအဝယ်လိုက်ချိန်မှာဆိုရင် အနီလုံးဆံက ဈေးတန်းအမြင့်ဆုံးဖြစ်တယ်လို့်သိ ရ ပါတယ်။ မြေပဲဈေးကျနေတာကြောင့် မြေပဲဆံနဲ့အတောင့်တွေကိုတော့ လှောင်သမားတွေ၊ကုန်သည်တွေက ဝယ်ယူမှုများနေတယ်လို့သိရပါတယ်။ 

    " အခုဈေးတွေကကျနေတယ်၊ အခုအရောင်းအဝယ်အေးနေတဲ့ အနီလုံးဆံလို့ခေါ်တဲ့ တွယ်တာနီ က အရင်က ဆိုရင် သူကအမြင့်ဆုံးပဲ ၊တရုတ်ဝယ်လက်ပွင့်ရင်ဈေးကခုန်တက်မှာပဲ။ခုတော့ ကျနော်တို့ တောင်သူတွေအရှုံး ပေါ်တာပေါ့။အထွက်နူန်း ၃၀ ဆိုတာမဆိုးတဲ့နူန်းပါ၊ဈေးကကျနေလို့ရှုံးတာ၊ ဈေးကကျနေတော့ ဝယ်လှောင်ကြ တာပေါ့။ဘယ်လိုပဲဖြစ်ဖြစ်သူတို့တွေမြတ်ကိုမြတ်မှာပါ ၊လှောင်နိုင်သူမြတ်မှာပဲ " လို့ ကျောက်ပန်းတောင်း မြေပဲ စိုက်တောင်သူ ဦးမြင့်ကပြောပါတယ်။ 

    လက်ရှိမှာ မြေပဲဈေးက မကွေး၊အောင်လံ ၊ပခုက္ကူ၊ မန္တလေး ဈေးကွက်မှာ မြေပဲ အနီလုံးဆံ ၊ အဖြူလုံးဆံ ၊ ဆီ ဆံ အားလုံးက တစ်ပိဿာကို ၅၃၀၀ မှ ၆၀၀၀ အထိရှိနေပါတယ်။မြေပဲမျိုးအဖြစ်ဝယ်ယူမှုမှာ တစ်ပိဿာကို ၆၀၀၀ အရောင်းအဝယ် ရှိနေတာဖြစ်ပါတယ်။ 

    မြေပဲကို စိုက်ပျိုးတဲ့အဓိကဒေသတွေကတော့မကွေးတိုင်း၊မန္တလေးတိုင်း၊စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း ၊ ရှမ်းပြည် နယ်မှာ စိုက်ပျိုးမှုရှိတယ်လို့သိရပါတယ်။

    Chit Khon Cho (AMIA)

    ----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးသတင်းနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပါ - https://htwettoe.com/download


  • article
likes4comments0
views134views1647