မကွေးတိုင်းဒေသကြီးအတွက် မိုးလေဝသနှင့်မွေးမြူရေးအကြံပြုချက်
၁။ ပွင့်ဖြူမြို့နယ်၊ မင်းဘူးမြို့နယ်
ယနေ့မှ ဒီဇင်ဘာ ၂ ရက်နေ့အထိ မိုးရွာရန် ၁၀ ရာခိုင်နှုန်းအောက်သာ ရှိပြီး ဒီဇင်ဘာ ၃၊ ၄ ရက်တို့မှာ ၂၀ ရာခိုင်နှုန်းဝန်းကျင်ရှိသဖြင့် နေပြင်းနိုင်ပါတယ်။
၂။စလင်းမြို့နယ်
ယနေ့မှ ဒီဇင်ဘာ ၄ ရက်နေ့အထိ မိုးရွာရန် ၁၀ရာခိုင်နှုန်းသာရှိပြီး ၃ရက်နေ့မှာတော့ ၇၀ ရာခိုင်နှုန်း ရှိသဖြင့်
တိမ်အသင့်အတင့် ရှိနိုင်ပါတယ်။
၃။စေတုတ္တရာမြို့နယ်
ယနေ့မှ ဒီဇင်ဘာ ၄ ရက်နေ့အထိ မိုးရွာရန် ၂၀ ရာခိုင်နှုန်းအောက်သာ ရှိပြီး ၃ရက်နေ့မှာတော့ ၇၀ ရာခိုင်နှုန်း ရှိသဖြင့်
တိမ်အသင့်အတင့် ရှိနိုင်ပါတယ်။
ငါးကန်များအတွက်အကြံပြုချက်
🐟 ငါးကန်များတွင် အောက်ခြေ၌ အောက်ဆီဂျင်ပြတ်လပ်ခြင်းကြောင့် ငါးများ ရေပေါ် ပေါလောပေါ်လာပြီး သေတာမျိုးဖြစ်တတ်ပါသည်။
🐟 ည ၁၂ နာရီနောက်ပိုင်းတွင် အောက်ခြေကို လှုပ်ရှားပေးပါ။
🐟အောက်မှ ရေများကို စုပ်ယူပြီး အပေါ်ကို ရေပန်းချပေးပါ။
🐟နေ့ခင်းဘက်(နေပူတဲ့နေ့)တွေမှာ ကန်အောက်ခြေကို အနယ်များ ထသည်အထိ မွှေပေးပါ။
Weather Source: CIAT