cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

လေဖိအားနည်းလေဝဲ သည် ပိုမိုအားကောင်းလာကာမုန်တိုင်းငယ်အဆင့်ကိုရောက်ရှိလာ

. ရာသီဥတု သတင်းများ
ရိတ်သိမ်းအခြောက်လှမ်းနေကြသူများ ဒီဇင်ဘာလ ၂ရက်နေ့မတိုင်မှိ ရိတ်သိမ်းအခြောက်လှမ်းပြီးအမိုးအကာအောက်ရောက်ရှိအောင်လုပ်ကိုင်ဆောင်ရွက်ထားကြပါလို့အကြံပြုလိုက်ပါတယ်
  • pre-cycloe Michaung 🐊

    ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်နေသောလေဖိအားနည်းလေဝဲ 95Bသည် ပိုမိုအားကောင်းလာကာ Depression မုန်တိုင်းငယ်အဆင့်ကိုရောက်ရှိလာပါတယ်

    မုန်တိုင်းအမည်တော့မတတ်နိုင်သေးပါဘူးဆက်လက်အားကောင်းလာနိုင်ပြီး နောက်၄၈နာရီအတွင်း Deep Depression အဆင့်ကို့ရောက်ရှိနိုင်ကာ 02/12/2023 ရက်နေ့တွင် Tropical storm မုန်တိုင်းအမည်တတ်နိုင်တဲ့မုန်တိုင်းအဆင့်ကိုရောက်ရှိလာမှာဖြစ်ပါတယ် မုန်တိုင်းအမည်ကတော့ ကြိုတင်ပြောထားတဲ့အတိုင်း မြန်မာအမည်ပေး မိချောင်း Michaung မုန်တိုင်းဟုအမည်တွင်ပါလိမ့်မယ်

    မြန်မာနိုင်ငံမှာတော့ ယနေ့မှစပြီး ဒီဇင်ဘာလ ၂ရက်နေ့အထိ မုန်တိုင်းလေစီးသက်ရောက်မှုမရှိနိုင်သဖြင့် မိုးရွာသွန်းနိုင်တဲ့အလားအလာမရှိပဲ ရာသီဥတုကြည်လင်သာယာနေပါလိမ့်မယ် ဒီဇင်ဘာလ ၃ရက်နေ့မှစတင်ပြီး လေစီးသက်ရောက်ပြီးမိုးရွာနိုင်တဲ့အလားအလာရှိနေသဖြင့်ရိတ်သိမ်းအခြောက်လှမ်းနေကြသူများ ဒီဇင်ဘာလ ၂ရက်နေ့မှာ အမိုးအကာအောက်ရောက်အောင်စီစဥ်ဆောင်ရွက်ကြပါလို့အကြံပြုလိုက်ပါတယ်

    issued time

    29/11/2023 5:43am(MMT)


    ကြိုတင်ခန့်မှန်းပေးထားတဲ့အတိုင်း ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းမှာလေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်လာပါတယ် #JTWC mame 95B လို့အမည်ရပါတယ် နောက်နှစ်ရက်အတွင်းအားအလွန်ကောင်းလာနိုင်ကာ 02/12/2023 ရက်နေ့တွင် tropical storm မုန်တိုင်း အမည် မိချောင်း Michaung cycloe အဆင့်ကိုရောက်ရှိသွားနိုင်ပါ မိုးလေဝသအထူးခန့်မှန်းချက်များကို အချိန်နှင့်တပြေးညီခန့်မှန်းပေးနေပါတယ်

    Invest 95B

    As of 03:18 MMT) November, 28, 2023:

    Location: 4.4°N 93.9°E

    Maximum Winds: 20 kt Gusts: N/A

    Minimum Central Pressure: 1007 mb


    ၂၄နာရီအတွင်း

    မြန်မာနိုင်ငံ ကိုကိုးကျွန်းစု

    အန်ဒမန်ကျွန်းနီကိုဗာကျွန်းတွေမှာမိုးကြီးလေထန်နိုင်ပါတယ် တစ်နာရီလေတိုက်ခတ်နှုန်း ၃၂မိုင် မှ လေပြင်းတိုက်ချိန် ၃၆မိုင်အထိတိုက်ခတ်နိုင်ပါတယ်

    issued time

    28/11/2023 10:36am(MMT)


    ဖျက်မိုးသတိ

    ၂၀၂၃ ဒီဇင်ဘာလ ၃ရက်နေ့နှင့် ၄ရက်နေ့များတွင်

    ရခိုင်ပြည်နယ်တောင်ပိုင်း ပဲခူးတိုင်းမြောက်ပိုင်း မကွေးတိုင်း နေပြည်တော် ကယားပြည်နယ် ရှမ်းပြည်နယ်အရှေ့ပိုင်း ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် မန္တလေးတိုင်းဒေသကြီးတွေမှာ မိုးရွာနိုင်ပြီး ရှမ်းပြည်နယ်တောင်ပိုင်းမိုးကြီးနိုင်ပါတယ်

    issued time

    28/11/2023 7:36am(MMT)

    Su Su San မင်း ဂွတ်သီး


    မိချောင်းမုန်တိုင်းမိုးသတိ

    ၂၀၂၃ ဒီဇင်ဘာလ ၂ရက်နေ့မှ ၅ရက်နေ့အတွင်း မိချောင်းမုန်တိုင်း အားအရှိန်ကောင်းနိုင်ပြီးအထက်လေစီးကြောင်းများမှ မုန်တိုင်းညာဖက်ရှိ မြန်မာနိုင်ငံ ဧရာဝတီတိုင်း ရန်ကုန်တိုင်း ပဲခူးတိုင်း ရခိုင်ပြည်နယ် မကွေးတိုင်း မန္တလေးတိုင်း နေပြည်တော် ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်ဒေသတွေမှာမိုးရွာနိုင်ပါတယ်

    ရိတ်သိမ်းအခြောက်လှမ်းနေကြသူများ ဒီဇင်ဘာလ ၂ရက်နေ့မတိုင်မှိ ရိတ်သိမ်းအခြောက်လှမ်းပြီးအမိုးအကာအောက်ရောက်ရှိအောင်လုပ်ကိုင်ဆောင်ရွက်ထားကြပါလို့အကြံပြုလိုက်ပါတယ်

    27/11/2023 4:57pm(MMT)


    Su Su San မင်း ဂွတ် သီး

    𝘾𝙡𝙞𝙢𝙖𝙩𝙤𝙡𝙤𝙜𝙞𝙨𝙩

    𝘼𝙙𝙫𝙖𝙣𝙘𝙚𝙙 𝙒𝙚𝙖𝙩𝙝𝙚𝙧 𝙁𝙤𝙧𝙚𝙘𝙖𝙨𝙩𝙚𝙧

    &

    𝐌𝐞𝐭𝐞𝐨𝐫𝐨𝐥𝐨𝐠𝐢𝐜𝐚𝐥 𝐈𝐧𝐭𝐞𝐥𝐥𝐢𝐠𝐞𝐧𝐜𝐞 𝐎𝐟𝐟𝐢𝐜𝐞𝐫


    မိုးလေဝသခန့်မှန်းချက်များ၊ မိုးလေဝသသတင်းများ၊ မိုးလေဝသဆိုင်ရာ စိုက်ပျိုးရေးအကြံပြုချက်များနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို Like, Share နှင့် Download လုပ်ထားပါ -https://htwettoe.com/download



  • article
likes12comments1
views156views1441